Main menu

Background

အာရှအခြေခံအဆောက်အအုံ တည်ဆောက်ရေးကို အထောက်အကူပေးရန် စင်ကာပူ အသင့်ရှိ

Thu, 08/22/2019 - 13:28 -- journal_editor

      အာရှတိုက်ရှိ  လုပ်ငန်းကျွမ်းကျင်မှုများကို  စုစည်းပေးခြင်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများ၊ အစိုးရများနှင့် နိုင်ငံစုံဘဏ်များအား ပူးပေါင်းပေးခြင်းတို့ဖြင့် စင်ကာပူနိုင်ငံက ဒေသတွင်း  ဖွံ့ဖြိုးရေးအခက်အခဲများကို ဖြေရှင်းပေးပြီး အခြေခံ အဆောက်အအုံ တည်ဆောက်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဖြစ် ကြောင်း စထရိတ်တိုင်းမ်သတင်းတွင်ဖော်ပြသည်။ အခြေခံအဆောက်အအုံသည် အာရှတိုက်အောင်မြင်မှုအတွက် အချက် အချာဖြစ်ပြီး စင်ကာပူသည် အာရှအခြေခံအဆောက်အအုံ  ဖွံ့ဖြိုးရေးအတွက် ပလက်ဖောင်းတစ်ခုကို ဖန်တီးပေးနိုင်ပြီး ဒေသတွင်းရှိအလားအလာများကိုထုတ် ဖော်ပေးရန် အကူပေးနိုင်ကြောင်း စင်ကာပူဝါရင့်ဝန်ကြီး တဲအိုချီဟင်းက သြဂုတ် ၁၅ ရက်တွင်ပြောသည်။

     အာရှဖွံ့ဖြိုးရေးအတွက် စင်ကာပူက အထောက်အကူပေးနိုင်သောနယ်ပယ် သုံးခုရှိကြောင်း ပဉ္စမအကြိမ် စင်ကာပူဒေသတွင်း စီးပွားရေးဖိုရမ်တွင် အမှာစကား ပြောကြားရာ၌ ၎င်းကပြောသည်။ ပထမနယ်ပယ်မှာ စင်ကာပူ သည် အလုံးစုံပါဝင် သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကိုဆောင်ရွက်ပြီး ဒေသတွင်း အခြေခံ အဆောက်အအုံစီမံကိန်းများကို အထောက်အကူပေးရန်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။ ဒုတိယမှာ စင်ကာပူသည်  ဒေသ၏ ဘဏ္ဍာရေးနှင့် ဥပဒေရေးရာများအတွက် အချက်အချာ  ဒေသဖြစ်သည်နှင့်အညီ  ဒေသအကြောင်း ကောင်းကောင်းသိရှိ နားလည်ပြီး တီထွင်ဖန်တီးမှုရှိသော အခြေခံအဆောက်အအုံသစ်များကို တည် ဆောက်ရာတွင် အကူ အညီပေးနိုင်မည်ဖြစ်ကြောင်း အမျိုးသားလုံခြုံရေး ပေါင်းစပ် ညှိနှိုင်းမှုဝန်ကြီးလည်းဖြစ်သူ မစ္စတာတဲအိုကပြောသည်။ တတိယအနေဖြင့် သယံဇာတအရင်းအမြစ် ဖူလုံမှုရှိပြီး ရာသီဥတုပြောင်းလဲ မှုအကျိုးဆက်များကို ကြံ့ကြံ့ခံနို င်သော အခြေခံအဆောက်အအုံဆောက်လုပ်ရေး အတွက် လိုအပ်ချက်များကို ၎င်းက အလေးပေးပြောကြားခဲ့သည်။  အထူးသဖြင့် ရာသီဥတုဆိုးရွားမှု အကျိုးဆက်များကြောင့် အာရှနိုင်ငံများအပေါ်ထိခိုက်လျက် ရှိသော အခြေ အနေများကို ထည့်သွင်းစဉ်းစားရန်ဖြစ်ကြောင်း ၎င်းကအလေးပေး ပြောကြားသည်။

 

စံမီအောင်