Main menu

Background

တရုတ်တစ်နိုင်ငံလုံး 5G မိုဘိုင်းဖုန်းများ ရောင်းချရန် ဟွာဝေး ခြေလှမ်းပြင်

Thu, 08/22/2019 - 13:30 -- journal_editor

      ဟွာဝေး  Mate 20 X (5G)ကို တရုတ်နိုင်ငံတွင် သြဂုတ် ၁၆ ရက်၌ စတင်ရောင်းချကြောင်း ဂလိုဘယ်တိုင်းမ် သတင်းတွင်ဖော်ပြသည်။ ရောင်းချသော  မိုဘိုင်းဖုန်းမှာ တစ်ခုနှင့်တစ်ခု မတူညီသော  SA နှင့် NSA ကွန်ရက် နှစ်ခုစလုံးတွင်အသုံး ပြုနိုင်ပြီး  ထိုသို့အသုံးပြုနိုင်မည့်ဖုန်းများ အနက်   ယခုဖုန်းမှာ ပထမဆုံးထုတ်  လိုက်သော   မိုဘိုင်းဖုန်းအမျိုးအစား ဖြစ်သည်။ ဟွာဝေး၏ လှုပ်ရှားမှုသည် 5G ကွန်ရက်ကိုတစ်နိုင်ငံလုံး၌ စီးပွား ဖြစ်ရောင်း ချရန် ခြေတစ်လှမ်း ပြင် လိုက်ခြင်းဖြစ်သည်။ ဂလိုဘယ်တိုင်းမ် သတင်း ထောက်က ပေကျင်းမြို့တွင်းပိုင်းရှိ စတိုးဆိုင်နှစ်ဆိုင်ကို  သွားရောက် စုံစမ်းရာ ဖုန်းတန်ဖိုးကို  ၆၁၉၉ ယွမ် ( ၈၈၀ ဒသမ ၄၄) ဖြင့်  ရောင်းထားပြီး ဖြစ်ေ ကြာင်းနှင့် အသစ်လိုချင်သူများ အနေဖြင့်  ကြိုတင်မှာထားကာ ဆိုင်အတင်ကို စောင့်ရမည်ဖြစ်ကြောင်း ဆိုင် ဝန်ထမ်းက ရှင်းပြသည်။ ‘မနက် ၁၀ နာရီ  ဆိုင်ဖွင့်လိုက် တာနဲ့ ဆိုင်ထဲကို  လူတွေတစ်ပြုံကြီး ဝင် လာပြီးကြည့်ကြပါ တယ်’ ဟု ပေကျင်း မြို့ ချောင်ယန်းခရိုင်ရှိ  ဟွာဝေး အရောင်းဆိုင်မှ ဆိုင်ဝန်ထမ်းတစ်ဦးက သြဂုတ် ၁၆ ရက်တွင် ပြောသည်။

 

စံမီအောင်