Main menu

Background

၂၀၁၉ ခုနှစ် ကျန်ကာလများတွင် ရေနံဈေးကွက် အလားအလာ ကျဆင်းမည်ဟု အိုပက်ခန့်မှန်း

Thu, 08/22/2019 - 13:32 -- journal_editor

      ၂၀၁၉ ခုနှစ် ကျန်ကာလများတွင် ရေနံဈေးကွက် အလားအလာမှာ ကျဆင်းရန်ရှိကြောင်း အိုပက်အဖွဲ့က သြဂုတ် ၁၆ ရက်တွင်ထုတ်ပြန်သည်။ ကမ္ဘာ့စီးပွားရေးနှေး ကွေးမှုနှင့် ၂၀၂၀ ပြည့်နှစ်တွင် ပြိုင်ဘက် ထုတ်လုပ်သူ များက တိုးမြှင့်ထုတ်လုပ်သဖြင့် ဖြစ်ပေါ်လာသော စိန် ခေါ်မှုများကြောင့် ယခုကဲ့သို့ လျှော့ချခန့်မှန်းခြင်းဖြစ်ပြီး အိုပက်ဦးဆောင်သောဖြန့်ဖြူးရေးထိန်းချုပ်မှုများ လိုအပ် မည်ဖြစ်ကြောင်း သုံးသပ်သည်။  ၂၀၁၉ ခုနှစ် ကမ္ဘာ့ရေနံ ဝယ်လိုအားကို တစ်ရက် လျှင် စည် ၄၀၀၀၀ ကျဆင်းကာ စည် ၁ ဒသမ ၁ သန်းသို့ ရောက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင်မူ ဈေးကွက်ဝယ်လိုအား အနည်းငယ် မြင့်တက်လာမည်ဟု အိုပက်အဖွဲ့၏လစဉ် အစီရင်ခံစာတွင် ဖော်ပြ သည်။ အမေရိကန်-တရုတ် ကုန် သွယ်ရေးအငြင်းပွားမှုနှင့် ဘရက်ဇစ်တို့ကြောင့်ဖြစ်ပေါ် သော ဈေးကွက်ကျဆင်းမည့် အလားအလာက ဈေးနှုန်း မကျအောင်  ထိန်းထားနိုင်ရန်အတွက် ရေနံထုတ်လုပ်မှု လျှော့ချရေးမူဝါဒကို ကျင့်သုံးရန် အိုပက်အဖွဲ့နှင့် ရုရှား အပါအဝင် မဟာမိတ်တို့ကို ဖိအားပေးလျက်ရှိသည်။ အိုပက်ကဦးဆောင်သော ရေနံထုတ်လုပ်မှုလျှော့ချ ရေးကို ဆောင်ရွက်လျက်ရှိသော်လည်း  ကုန်သွယ်ရေးဘက်မှ စိုးရိမ်မှုများနှင့် စီးပွားေ ရး နှေးကွေးကျဆင်းမှုများ ကြောင့် ရေနံဈေးနှုန်းမှာ ၂၀၁၉ ခုနှစ် ဧပြီမှစ၍တစ်စည် ကို အမေရိကန်ဒေါ်လာ ၇၅ မှ ကျဆင်းလာသည်ကို တွေ့ ရသည်။

 

စံမီအောင်