Main menu

Background

စက်တင်ဘာတွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲကျင်းပရန် အမေရိကန်စီစဉ်

Tue, 09/03/2019 - 13:57 -- journal_editor

         ယခုသီတင်းပတ်အတွင်း  လက်ထောက်အဆင့်တာဝန်ရှိသူများ စေ့စပ်ညှိနှိုင်းရေးမှူးများ အချင်းချင်း အပြုသဘော  ဆက်သွယ်မှုများပြုလုပ်ပြီး နောက်ကုန်သွယ်မှု  ဆွေးနွေးပွဲများ ကျင်းပရန် အမေရိကန်နှင့် တရုတ် အရာရှိ များက စီစဉ်လျက်ရှိကြောင်း အိမ်ဖြူတော်စီးပွားရေးအကြံပေး လာရီကတ်ဒလိုက သြဂုတ် ၂၂ ရက်က ပြော ကြားကြောင်း  ရိုက်တာသတင်းတွင် ဖော်ပြသည်။ ဂျပန်စီးပွားရေးဝန်ကြီး တိုရှီမိစု မိုတဲဂီနှင့်  အမေရိကန် ကုန်သွယ်ေ ရး ကိုယ်စားလှယ် လိုက်ဟိုက်ဇာတို့၏ ကုန်သွယ်ရေး  ဆွေးနွေးပွဲများတွင် လည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆက်သွယ်ရေးကိစ္စများအတွက် ဆွေးနွေးမှု များမှာ ရလဒ်ကောင်းများထွက်ပေါ်နေ ကြောင်း ကတ်ဒလို ကပြောသည်။
     လက်ထောက်အဆင့် တာဝန်ရှိသူများအဆင့် ဆက်သွယ်ညှိနှိုင်းမှုများ အောင်မြင်လာသည့်အတွက် အဓိကအရေးပါသူများ အဆင့်ဆွေးနွေးပွဲများ ကိုဝါရှင်တန်ဒီစီ၌ ကျင်းပရန်စီစဉ်ထား ကြောင်း သြဂုတ် ၂၂ ရက်က ဆောင် ရွက်ခဲ့သော ညှိနှိုင်းမှုရလဒ်များကို ရည်ညွှန်း၍ ၎င်းကပြောသည်။ လက်ထောက်အဆင့် တာဝန်ရှိ သူများ တယ်လီဖုန်းကွန်ဖရင့် ဆွေးနွေး မှုများကို ထပ်မံပြုလုပ်ပြီး အချို့အရေးပါသော ကိစ္စရပ်များအတွက် အဓိက ပုဂ္ဂိုလ်များ အား ထောက်ခံတင်ပြနိုင်အောင် ဆောင်ရွက်ရန် သဘောတူထားကြောင်း ၎င်းကပြောသည်။ အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် ကုန်သွယ်ရေးအငြင်းပွားမှု များ လပေါင်းများစွာဖြစ်ပွားပြီး  အပြန်အလှန် လက်တုံ့ပြန်ခဲ့ကြသြ ဖင့် ဈေး ကွက်များကမောက်ကမဖြစ်ကာ စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးခဲ့ရသည်။

 

စံမီအောင်