Main menu

Background

အမေရိကန်သွင်းကုန်များကို တရုတ်နိုင်ငံ အခွန်တိုးမြှင့် ကောက်ခံမည်

Tue, 09/03/2019 - 14:02 -- journal_editor

     အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံတန်ဖိုးရှိ အမေရိကန် သွင်းကုန်များအား လက်တုံ့ပြန် အခွန်တိုးမြှင့်ကောက်ခံရန် တရုတ်နိုင်ငံကသြဂုတ် ၂၃ ရက်တွင်ဆုံးဖြတ်ကြောင်း ချန်နယ် နယူးအေရှသတင်းတွင် ဖော်ပြထားသည်။ ကမ္ဘာ့နိုင်ငံကြီး နှစ်ခု အချင်းချင်း ကာလရှည်ကြာစွာအငြင်းပွားနေရာမှ လက်တုံ့ပြန်သည့်အနေဖြင့် ရှိရင်းစွဲအခွန်နှုန်းကို ၁၀ ရာခိုင်နှုန်း ပိုဆောင်း ကာ ကောက်ခံမည်ဖြစ်သည်။ တရုတ်နိုင်ငံက နောက်ဆုံးအကြိမ် အခွန်တိုးမြှင့်ေ ကာက်ခံ ခြင်းမှာ အမေရိကန်ဒေါ်လာဘီလီယံ ၃၀၀ ဖိုးရှိ တရုတ်ကုန်ပစ္စည်းများအပေါ်တွင် အမေရိကန်က အခွန်တိုးမြှင့်ကောက်ခံပြီး နောက်ပိုင်းဆောင်ရွက်ခြင်းဖြစ်သည်။ တိုးမြှင့်ကောက်ခံမည့် ပစ္စည်းများတွင် အီလက်ထရွန် နစ်လူသုံးကုန်ပစ္စည်းများ ပါဝင် ပြီး စက်တင်ဘာ ၁ ရက်နှင့် ဒီဇင်ဘာ ၁၅ ရက် ဟူ၍ စတင်ကောက် ခံမည့်ရက်ကို အဆင့်နှစ်ဆင့်ခွဲထားသည်။
     အမေရိကန်ကလာသော ကုန်ပစ္စည်း ၅၀၇၈ မျိုးကို ထပ် ဆောင်းခွန် ၅ ရာခိုင်နှုန်း သို့မဟုတ် ၁၀ ရာခိုင် နှုန်းတိုး၍ကောက်ခံ မည်ဖြစ်ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၏ ကြေညာချက်တွင် ဖော်ပြသည်။ ထုတ်ကုန်များတွင်  ပဲပုပ်ကဲ့သို့ သော   လယ်ယာစိုက်ပျိုးရေး  ထုတ်ကုန်များ၊ ရေနံစိမ်းနှင့် လေယာဉ်ငယ်များပါဝင်သည်။တရုတ်နိုင်ငံသည် အမေရိကန်မှ လာသော ကားများနှင့် မော်တော်ကား အစိတ်အပိုင်းများအပေါ်တွင် လည်း အခွန်များပြန်လည်ပြင်ဆင်ကောက်ခံမည်ဖြစ်သည်။ တရုတ်နိုင်ငံနှင့် စေ့စပ်ညှိနှိုင်းမှုများကို အများပြည်သူ သို့ မထုတ်ပြန်ဘဲဆောင်ရွက်နေဆဲဖြစ်ကြောင်း Fox Business News  နှင့် သီးခြားတွေ့ဆုံရာတွင် အိမ်ဖြူတော် အကြံပေး အရာရှိပီတာနာဗာရိုက ပြောသည်။

 

စံမီအောင်