Main menu

Background

စွမ်းအင်ချွေတာရေး နည်းပညာအဆင့်မြှင့်ကြရန် ဗီယက်နမ် စီးပွားရေးလုပ်ငန်းများကို တိုက်တွန်း

Tue, 09/03/2019 - 14:04 -- journal_editor

      စွမ်းအင်ချွေတာရန်၊  ကုန်ထုတ်လုပ်ငန်းတိုးမြှင့်ရန်နှင့် ကုန်ထုတ်လုပ်မှု အရည်အသွေးကိုမြှင့်တင်ရန် ကုန်ထုတ်လုပ်မှုလိုင်းများအား  ဆန်းသစ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများနှင့် ပြန်လည်စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်ရန် သြဂုတ် ၂၁ ရက်က ဟနွိုင်းမြို့တွင်ပြလုပ်သော ဖိုရမ်သို့ တက်ရောက်လာသူတို့က တိုက် တွန်းကြောင်း ဗီယက်နမ်နယူးသတင်းတွင်ဖော်ပြသည်။ စက်မှုလုပ်ငန်းကဏ္ဍမှ စွမ်းအင်သုံးစွဲမှုပမာဏမှာ နိုင်ငံစုစုပေါင်းသုံးစွဲမှုရဲ့ ၄၇ ရာခိုင်နှုန်းရှိကြောင်း စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ စွမ်းအင်ချွေတာရေး ဖိုရမ်သို့ တင်ပြသော အစီရင်ခံစာအရ တွေ့ရသည်။ လောလောဆယ်တွင် ပင်မ  စွမ်းအင်အရင်းအမြစ်များသည်   စီးပွားရေးလုပ်ငန်းများတွင်  အသုံးပြုနေသော စွမ်းအင်လိုအပ်ချက်ကို   ဖြည့်ဆည်းမပေးနိုင်သေးပေ။   ဗီယက်နမ်နိုင်ငံသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် ကျောက်မီးသွေးကို တင်သွင်းနေရပြီး ၂၀၂၃ ခုနှစ်မှ၍ သဘာဝဓာတ်ငွေ့ကို တင်သွင်း ရလိမ့်မည်။
      ဗီယက်နမ်လျှပ်စစ်ကဏ္ဍမှထုတ်လုပ်မှုသည် ရုပ်ကြွင်းလောင်စာနှင့် ပြန်ပြည့် မြဲစွမ်းအင်အပါအဝင် မဂ္ဂါ ဝပ် ၅၄၀၀၀ ရှိသည်။ တိုင်းပြည်၏ စွမ်းအင်လိုအပ်ချက်မှာ  ၂၀၂၀ ပြည့်နှစ်တွင် မဂ္ဂါဝပ် ၆၀၀၀၀ နှင့် ၂၀၃၀ ပြည့်နှစ် တွင် မဂ္ဂါဝပ် ၁၃၀၀၀၀ ရှိမည်ဟု ခန့်မှန်းထားသည်။ ဗီယက်နမ်နိုင်ငံသည်၂၀၁၁ မှ ၂၀၁၅ ခုနှစ်အထိ စွမ်းအင်သုံးစွဲမှုကို စုစု ပေါင်း ရေနံတန် ၁၁ သန်းမှ ၁၇  သန်းကြား ချွေတာနိုင်သဖြင့် ရာခိုင်နှုန်းအားဖြင့် ၅ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအထိ ဖြည့်ဆည်းနိုင်ခဲ့သည်။ စွမ်းအင်ကို အမြောက် အမြားသုံးရသော  စက်မှုလုပ်ငန်းများ၏သုံးစွဲမှုသည်  ထိုကာလအတွင်း  သုံးစွဲမှု တဖြည်းဖြည်း ကျဆင်းခဲ့ရာ သံမဏိထုတ်လုပ်မှုက ၈ ဒသမ ၀၉ ရာခိုင်နှုန်း၊ ဘိလပ် မြေထုတ်လုပ်ရေး က ၆ ဒသမ ၃၃ ရာခိုင်နှုန်းနှင့် အထည်ချုပ်လုပ်ငန်းက  ၇ ဒသမ ၃၂ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့သည်။ သုံးစွဲမှုလိုအပ်ချက်မြင့်မားနေချိန်နှင့် ဓာတ်အားဖြန့်ုဖြူးရေးအတွက် ပြဿနာများရှိနေချိန် တွင်  စက်မှုကုန်ထုတ်လုပ် ရေးလုပ်ငန်းများ၌ နည်းပညာသစ်များကိုအသုံးပြုခြင်းသည် ထိရောက်သောနည်း လမ်းဖြစ်ကြောင်း ကျွမ်းကျင်သူတို့ကပြောသည်။