Main menu

Background

လွန်ခဲ့ သောနှစ်အတွင်း စင်ကာပူတွင် နည်းပညာအလုပ်အကိုင် ၂၀ ရာခိုင်နှုန်းမြင့်တက်

Tue, 09/03/2019 - 14:06 -- journal_editor

    စင်ကာပူနိုင်ငံရှိ နည်းပညာအလုပ်အကိုင်များသည် လွန်ခဲ့သော ၁၂ လက ၂၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အလုပ် အကိုင်ရှာဖွေရေးကုမ္ပဏီ မိုက်ကယ်ပေ့ချ် (Michael Page) မှထုတ်ပြန်သော “၂၀၁၉ ခုနှစ် လစာအခြေခံ စံနှုန်း အစီရင်ခံစာကို ကိုးကား၍ စထရိတ်တိုင်းမ်သတင်းတွင်ဖော်ပြသည်။ အထူးသဖြင့် စင်ကာပူတွင် အီးကောမတ်အထူးပြု၊ ဒစ်ဂျစ်တယ်မားကက် တင်းနှင့် ဒေတာသိပ္ပံညာ စသည့်ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများအတွ က် အလုပ်အကိုင်လိုအပ်များမြင့်မားသည်။ သို့ရာ တွင် နည်းပညာတိုးတက်မှုတစ်ဟုန်ထိုးမြင့်တက်လာမည်ဟု  တွက်ဆထားသည့်အတွက် ကုမ္ပဏီများက ဒစ်ဂျစ်တယ်မဟာဗျူ ဟာကို အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်မည့် ခေါင်းဆောင်များကိုရှာဖွေလျက်ရှိသော်လည်း  ပညာရှင်များရှားပါးလျက် ရှိသည်။
     အစီရင်ခံစာအရ နည်းပညာကဏ္ဍတွင်  လစာအများဆုံးရသော  အလုပ်အကိုင်မှာ နည်းပညာအရာရှိချုပ် (Chief technology officer) ဖြစ်ပြီး ပျမ်းမျှလစာမှာ တစ်လစင်ကာပူဒေါ်လာ ၂၂၀၀၀ ဖြစ်သည်။ နောက်ကလိုက်ေ နသော အလုပ်မှာ အိုင်တီဒါရိုက်တာ သို့မဟုတ် အိုင်တီလုံခြုံရေးဖြစ်ပြီး ပျမ်းမျှလစာ တစ်လ စင်ကာပူဒေါ်လာ ၁၈၀၀၀ ရရှိသည်။ တစ်ချိန်တည်းမှာ  ဒစ်ဂျစ်တယ်ကဏ္ဍ၌ အီးကောမတ်ဒါရိုက်တာ၏ ပျမ်းမျှလစာမှာ စင်ကာပူေ ဒါ်လာ ၂၃၀၀၀ ရှိပြီး ဒစ်ဂျစ်တယ်မားကက်တင်း ဒါရိုက်တာလစာမှာ တစ်လပျမ်းမျှ စင်ကာပူဒေါ်လာ ၁၈၀၀၀ ရှိသည်။ ဝက်ဘ်ဆိုက်လေ့လာဆန်းစစ် ရေးလုပ်ငန်းများဖြစ်သည့်  SEO( ဆပ်ချ်အင်ဂျင်စီမံခန့်ခွဲသူ) သို့မဟုတ်  SEM (ဆပ်အင်ဂျင်ဖြင့် မားကက်တင်းဆောင်ရွက်သူ) တို့၏လစာမှာ တစ်လကိုပျမ်းမျှ ဒင်ကာပူဒေါ်လာ ၉၆၀၀ ရှိကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

 

စံမီအောင်