Main menu

Background

ကုန်သွယ်မှုစစ်ပွဲမှ အမြတ်ထုတ်နိုင်ရန်အတွက် အိန္ဒိယက နိုင်ငံခြားစီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်

Fri, 09/06/2019 - 14:16 -- journal_editor

      အိန္ဒိယနိုင်ငံသည် အက်ပဲ၊ ဖောက်စကွန်နှင့် ဝစ်စထရွန်ကော်ပို ရေးရှင်းတို့အပါအဝင် ကုမ္ပဏီများကို ပစ်မှတ်ထား၍  ဆွဲဆောင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။ ကုန်သွယ်ရေး စစ်ပွဲ၏  ဒဏ်ကို ခံနေရသော ကမ္ပဏီများ အိန္ဒိယနိုင်ငံသို့ စီးပွားရေးလုပ်ငန်းများ ပြောင်းရွှေ့ လာနိုင်ရေးအတွက် အာပေးဆွဲဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောသည်။ အိန္ဒိယ အစိုးရ တာဝန်ရှိသူများသည် သြဂုတ် ၁၄ ရက်က တွေ့ဆုံပြီး ရည်မှန်းချက်ထားသော  ကုမ္ပဏီ စာရင်းကိုပြုစုခဲ့ရာ  တရုတ်(တိုင်ပေ)အခြေစိုက် ကုန်ထုတ်လုပ်ရေးကုမ္ပဏီ ပက်ဂါထရွန် ကော်ပိုရေးရှင်းလည်း ပါဝင်ကြောင်း ဤ ကိစ္စနှင့် တိုက်ရိုက် အဆက်အသွယ်ရှိသော သတင်းရင်း မြစ်တစ်ခုထံမှသိရသည်။
    အမေရိကန်နှင့် တရုတ်တို့၏အငြင်းပွားမှုကြောင့် အမေရိကန်နှင့် တရုတ်တို့သည် ဒေါ်လာဘီလီယံ ပေါင်းများစွာရှိသော ကုန်ပစ္စည်းများအပေါ်တွင် အခွန်များအပြန်အလှန် တိုးမြှင့်ကောက်ခံခဲ့ကြသည်။ ထို့ကြောင့် ကမ္ဘာ့ဖြန့်ြ ဖူးရေး လုပ်ငန်းစဉ်တွင် အဟန့်အတားများဖြစ်ပေါ်ပြီး အခွန် တိုးမြင့်မှုဒဏ်မှ လွတ်ကင်းနိုင်မည့် နေရာများကို ကုမ္ပဏီများကရှာဖွေလာ ကြသည်။ ကုန်သွယ်ရေးစစ်ပွဲမှ အမြတ်ထုတ်ရေးကိစ္စကို ဆောင်ရွက်ရာတွင် အိန္ဒိယနိုင်ငံ မှာ နောက်ကျနေပြီဖြစ်သဖြင့် အိန္ဒိယနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံလာအောင် ဆွဲဆောင်နိုင်မည့်မူဝါများ နှင့် ရင်းနှီးမြှုပ်နှံမှု မူဘောင်တို့ကို တင်ပြရန် အစိုးရဝန်ကြီးဌာနများ အား တာဝန်ပေးခဲ့သည်။ ထိုကဲ့သို့ တာဝန် ပေးအပ် သည့်အထဲတွင် အီလက်ထရွန် နစ်၊ မော်တော်ကား၊ ဆေးဝါးနှင့် ဆက်သွယ်ရေးတို့အပါအဝင် စုစုပေါင်းကဏ္ဍ ကိုးခုရှိသည်။

 

စံမီအောင်