Main menu

Background

၂၀၂၅ ခုနှစ်တွင် ဟွန်ဒိုင်းက လျှပ်စစ်ကားပုံစံ ၁၇ မျိုး ထုတ်လုပ်မည်

Fri, 09/06/2019 - 14:21 -- journal_editor

     ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ကား ပုံစံ ၁၇ မျိုးကို စီးပွားဖြစ်ထုတ် လုပ်မည်ဖြစ်ကြောင်း ဟွန်ဒိုင်း မော်တာကုမ္ပဏီက သြဂုတ် ၂၉ ရက်တွင် ထုတ်ပြန်သည်။ သဘာဝပတ်ဝန်းကျင် ထိခိုက် မှုနည်းသော ကားများ၏ဝယ်လို အား မြင့်မားခြင်းကို ဖြည့်ဆည်းပေးရန် နောက်ဆုံးကြိုးပမ်းမှုအဖြစ် ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်သည်။ စီးပွားဖြစ်ထုတ်လုပ်ရန် စီစဉ်ထားသည့်အထဲတွင် လျှပ်စစ်သက်သက် ကားအမျိုးအစား ခုနစ်မျိုးနှင့် လောင်စာခဲနှင့် လျှပ်စစ် သုံးအမျိုးအစား ၁၀ မျိုးတို့ကိုထုတ်လုပ်ရန် ဟွန်ဒိုင်းမော်တာ က စီစဉ်နေကြောင်း ကုမ္ပဏီ၏ကြေညာချက်တွင်ဖော်ပြသည်။
    ဓာတ်ငွေ့ထုတ်လွှတ်မှုကင်းသော စီးပွားဖြစ်ပုံစံ ၁၇ မျိုးထဲတွင် လျှပ်စစ်သာသုံးသော ဘတ်စ်ကားတစ်မျိုးနှင့် ဟိုက်ဒရိုဂျင်ပါဝါသုံး ဘတ်စ်ကားတစ်မျိုး ပါဝင်သည်။ အများပြည်သူသုံး ဘတ်စ်ကားအဖြစ်သုံးရန် ဟွန်ဒိုင်းက ဆိုးလ် မြို့တော်အစိုးရအဖွဲ့အား  ယခုကားအမျိုးအစားများကို  ပေးအပ်မည်ဖြစ် ကြောင်း ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဖန်လုံအိမ်ဓာတ်ငွေ့ကြောင့် ကမ္ဘာကြီးပူနွေးလာရကြောင်း သိပ္ပံပညာ ရှင်များကပြောသဖြင့်  ဓာတ်ငွေ့ထုတ်လွှတ်မှုကို တင်းတင်းကျပ်ကျပ် ထိန်း ချုပ်သည့် စည်းမျဉ်းဥပဒေများကို အစိုးရများက ထုတ်ပြန်လာသည်။ထို့ ကြောင့် ကမ္ဘာ့မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီများက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသော ကားများကို အပြိုင်ထုတ်လုပ်လာကြသည်။ လျှပ်စစ်ဓာတ်ရရှိရေးအတွက် သိုလှောင်ထားသော ဟိုက်ဒရိုဂျင်ကို အသုံးပြု၍  ကားမော်တာကို  မောင်းနှင်သောအခါ  ဟိုက်ဒရိုဂျင်လောင်စာခဲသုံး လျှပ်စစ်ကားကရေငွေ့ကိုသာ ထုတ်လွှတ်ပေးသည်။

 

စံမီအောင်