Main menu

Background

Apple က စက်အစိတ်အပိုင်းများနှင့် ပြင်ဆင်ရေး ကိရိယာများ ရောင်းချမည်

Fri, 09/06/2019 - 14:27 -- journal_editor

      အိုင်ဖုန်းများပျက်စီးပါက ပြင်ဆင်သည့် လွတ်လပ်သောပြင်ဆိုင်များ အား စက်အစိတ်အပိုင်းများ၊ ပြင်ဆင် ရေးကိရိယာများနှင့် ပြင်ဆင်ရေးလမ်း ညွှန်များကို စတင်ရောင်းချသွားတော့ မည်ဖြစ်ကြောင်း အက်ပဲက သြဂုတ် ၂၉ ရက်တွင် ပြောသည်။ ယခုကဲ့သို့ဆောင်ရွက်ရန် အမေရိကန်ပြည်ထောင်စုရှိ  တချို့ပြည်နယ်များတွင် ပြဋ္ဌာန်းထားသော ဥပဒေများ ကို နှစ်ပေါင်းများစွာ ဆန့်ကျင်လာခဲ့ရာမှ ယခုကဲ့သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ဖုန်းစကရင် များ ကွဲခြင်းနှင့် အားသွင်းပေါက်များ လောင်ကျွမ်းခြင်း စသည့် ကိစ္စများကိုသန်းနှင့်ချီ၍ ပြင်ဆင်နေရသဖြင့် ယခုအစီအစဉ်ကို ဆောင်ရွက်လိုက်ခြင်းဖြင့် အက်ပဲနှင့် ၎င်း၏မိတ်ဖက် စီးပွားရေးလုပ်ငန်းများ ရင်ဆိုင်နေရသော ဝန်ထုပ် ဝန်ပိုးကြီး ကို ကျဆင်းစေမည်ဖြစ်သည်။
     အာမခံကာလ ကျော်လွန်သော ပစ္စည်းများကို ပြင်ဆင်ရာတွင် တရားဝင် စက်အစိတ်အပိုင်းများကို အသုံးပြုနိုင်ရန်အတွက် အာမခံပြင်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသော Best Buy ကဲ့သို့ ခွင့်ပြုချက်ရဆိုင်များကို ဖြန့်ဖြူးပေးသော ဈေးအတိုင်း လွတ်လပ်သော ပြင်ဆိုင်များအား ဖြန့်ဖြူးပေးမည်ဖြစ်သည်။ အကယ်၍ အိုင်ဖုန်းပိုင်ရှင်များက သူတို့သုံးပြီးသောဖုန်းများကို မိတ်ဆွေများနှင့် မိသားစုများကို လွှဲပြောင်းပေးမည်ဆိုပါက  ယခုကဲ့သို့ ဖြန့်ဖြူး ပေးသည့်အစီအစဉ်ကြောင့် အက်ပဲ အတွက်ဖုန်းပြင်ဆင်မှုနှင့် စက်အစိတ်အပိုင်းများရောင်းချသည့်  လုပ်ငန်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ပိုရနိုင်သည်။
     ပြီးခဲ့သောဘဏ္ဍာနှစ် သုံးလပတ် နှစ်ပတ်အတွင်း  အက်ပဲ၏ အိုင်ဖုန်း အရောင်းကျဆင်းခဲ့သည်။ သို့သော် လည်း AirPods နှင့် Apple Watch တို့ ကဲ့သို့သော အပိုပစ္စည်းများ ရောင်းချ သည့်လုပ်ငန်းနှင့် Apple Music ကဲ့သို့ သော အခပေးပြု ပြင်ရေးလုပ်ငန်းများမှ ဝင်ငွေကြောင့် ထိုကျဆင်းသွားသော ဝင်ငွေအချို့ကို ထေမိခဲ့သည်။ ပြင်ဆင်ရေးလုပ်ငန်းများကြောင့် စံချိန်ကျမည်ကိုစိုးရိမ်ကြောင်း အကြောင်းပြချက်ဖြင့် အမေရိကန် ပြည်ထောင်စု   ပြည်နယ်အများအပြားရှိ ပြင်ပဖုန်းပြင်ဆိုင်များကို အပိုပစ္စည်း ရောင်းချရန် အက်ပဲက ငြင်းဆန်ခဲ့ သည်။ အမေရိကန် Best  Buy စတိုး ဆိုင်အချို့ကိုသာ အာမခံပေးထားသော ကိစ္စများကို ဆောင်ရွက်ခွင့်ပြုထားသည်။
 

စံမီအောင်