Main menu

Background

ပွဲတော်ရာသီကာလ မတိုင်မီ အိန္ဒိယရွှေဝယ်လိုအား မြင့်တက်

Thu, 09/12/2019 - 15:24 -- journal_editor

    အိန္ဒိယနိုင်ငံတွင် ပွဲတော်ရာသီကာလမတိုင်မီ် လျှော့ဈေးဖြင့်ရောင်းချသဖြင့် ရွှေဝယ်လိုအားမှာ မြင့်တက်ခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ သို့ရာ တွင် အခြားသော အာရှအဓိကဈေးကွက်များတွင်မူ ဈေးနှုန်းများြ မင့်တက်မှုကြောင့် ဝယ်သူများ၏ စိတ်ဝင်စာမှုနည်းပါးသဖြင့် စက်တင်ဘာပထမပတ်က ရွှေတုံးဝယ်လို အား ကျဆင်းလျက်ရှိသည်။ တရုတ်နိုင်ငံပြီးလျှင် ရွှေတုံးဝယ်လိုအား ဒုတိယအများဆုံးဖြစ်သော အိန္ဒိယ နိုင်ငံ၏ ရွှေကြိုရော င်းကြိုဝယ်ဈေးမှာ စက်တင်ဘာ ၆ ရက်ကရွှေ ၁၀ ဂရမ် (သုည ဒသမ ၃၅ အောင်စ)ကို ၃၈၅၀၄ ရူပီးနှုန်းရှိခဲ့သည်။ စက်တင်ဘာ ၄ ရက်က ရှိခဲ့ သော ၃၉၈၈၅ ရူပီးနှုန်းမှ ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။ ရွှေရောင်ချသူတို့က ရွှေဈေးကို စက်တင်ဘာ  ပထမပတ်အတွင်း တစ်အောင်စကို အမေရိကန်ဒေါ်လာ ၄၅ ဒေါ်လာအထိ လျှော့ချပေးခဲ့သည်။ ယင်းလျှော့ချပေးသည့်ဈေးနှုန်းမှာ လက် ဝတ်ရတနာ ကုန်သည်များအတွက် အရောင်းအထိုင်းဆုံးဖြစ်ခဲ့ သည့် ၂၀၁၆ ခုနှစ် သြဂုတ်လနောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့သည်။

    သြဂုတ်လ နောက်ဆုံးပတ်က တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၄ ဒေါ်လာနှုန်းလျှော့ပေးခဲ့သည်။  ပြည်တွင်းရွှေဈေးတွင် သွင်းကုန်ခွန် ၁၂ ဒသမ ၅ ရာခိုင်နှုန်းနှင့် ရောင်းခွန် ၃ ရာခိုင်နှုန်းပါဝင်သည်။ အိန္ဒိယနိုင်ငံတွင် ထိမ်းမြားလက် ထပ်ရာသီကာလနှင့် ရွှေကိုမင်္ဂလာရှိသည်ဟုယူဆသော ဒေဝါလီကဲ့သို့သော ပွဲတော်များ ကျင်းပချိန်ဖြစ်သော နောက်ဆုံးသုံးလပတ်တွင် အများအားဖြင့် ရွှေ ဝယ်လိုအား မြင့်တက်တတ်သည်။ အိန္ဒိယနိုင်ငံ၏ သြဂုတ်လ  ရွှေတင်သွင်းမှုမှာ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၇၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စက်တင် ဘာ ၄ ရက် အစိုးရသတင်းရင်းမြစ်များထံမှ သိရသည်။

 

စံမီအောင်