Main menu

Background

စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်မည့်အစီအစဉ် ထုတ်ပြန်ရန် ထိုင်းနိုင်ငံစီစဉ်

Thu, 09/12/2019 - 15:26 -- journal_editor

      တရုတ်နိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းများကို ရွှေ့ပြောင်းလိုသော နိုင်ငံခြားကုမ္ပဏီများကို ဆွဲဆောင်ရန်  ရွှေ့ပြောင်းနေရာချထားရေး အစီအစဉ်ကို ထိုင်းနိုင်ငံက စီစဉ်နေသည်ဟု တာဝန်ရှိ သူတို့ကပြောကြောင်း ရိုက်တာ သတင်းတွင် ဖော် ပြထားသည်။ တရုတ်-အမေရိကန်  ကုန်သွယ်မှုစစ်ပွဲကို ရှောင်ရှားရန်အတွက် တရုတ်နိုင်ငံကို စွန့်ခွာကြ မည့်ကုမ္ပဏီတို့အား ဗီယက်နမ်နှင့်အပြိုင် ဆွဲဆောင် နိုင်ရန်  ယခုကဲ့သို့   ဆောင်ရွက်ခြင်းဖြစ်သည်။ အခွန်ကင်းလွတ်ခွင့်ပေးရေး၊ စည်းမျဉ်းစည်းကမ်း များ လျှော့ချရေးနှင့်  လိုင်စင်နှင့် ခွင့်ပြုချက်များအမြန်ဆောင်ရွက်ရေး ကိစ္စရပ်များကို စီးပွားနှင့် ဆိုင်သောဝန်ကြီးဌာနများက စက်တင်ဘာ ၆ ရက် တွင် ဆွေးနွေးခဲ့ကြသည်။

     ထိုင်းနိုင်ငံ၏ နှစ်စဉ် စီးပွားရေးတိုးတက်နှုန်း မှာ ယခုနှစ် ဒုတိယသုံးလပတ်တွင် ငါးနှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့သဖြင့် စီးပွားရေးတိုးတက် နှုန်းကိုမြှင့်တင်ရန်  အစိုးရက  နည်းလမ်းရှာဖွေ လျက်ရှိသည်။ နိုင်ငံခြားရ င်းနှီးမြှုပ်နှံသူများအား ပိုမိုလျင် မြန်စွာစွာ အတည်ပြုချက်များ    ထုတ်ပေးရန် အရေးကြီးကြောင်း ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့နှင့် အတူ အနီးကပ်ပူးတွဲဆောင်ရွက်နေသော စက်မှု လုပ်ငန်းဝန်ကြီးဌာနရုံးမှ   ညွှန်ကြားရေးမှူးချုပ် နတ်တာပိုရန်ဆစ်ပိုက ပြောသည်။ ကုန်သွယ်ရေးစစ်ပွဲကြောင့်  ထိခိုက်ခဲ့ရ သော ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် ဆောင် ရွက်ရာတွင် ထိုလုပ်ငန်းများမှာ သေရေး ရှင်ရေး တမျှ အချိန်လုဆောင်ရွက်နေရသဖြင့် အရှိန်နှုန်း လျင်မြန်ရန် အရေးကြီးကြောင်း ၎င်းကပြောသည်။ ‘သူတို့စက်ရုံတွေ  အမြန်ဆောက်နိုင်ဖို့၊ အမြန်ကုန်ထုတ်နိုင်ဖို့နဲ့  အမြန်ရောင်းနိုင်ဖို့ ကျွန် တော်တို့ သူတို့အတွက် ဆောင်ရွက်ပေးရပါမယ်’ဟု နတ်တာပိုက ပြောသည်။

     တင်းကျပ်သော လူဝင်မှုစည်းမျဉ်းများနှင့်  အစီရင်ခံစာတင်ပြရေး စည်းမျဉ်းများက သူတို့ကို ပြစ်မှုကျူးလွန်သူများသဖွယ် ပြုမူလျက်ရှိနေသည် ဟု ကုမ္ပဏီများက ပြစ်တင်နေကြောင်း ၎င်းင်းကပြော ဆိုသည်။ အထူးသဖြင့် အဓိက  ပစ်မှတ်ထားသော စက်မှုလုပ်ငန်းများအား  အခွန်ဆိုင်းငံ့ခွင့်ပေးရန်  ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က နည်းလမ်းရှာလျက်ရှိ ကြောင်းနှင့် လောလောဆယ်တွင်  ဆွဲဆောင်မှု မက်လုံးများပေးရာတွင် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံ တို့မှာ တန်းတူနီးပါးရှိကြောင်း နတ်တာပိုကပြော သည်။   ကုမ္ပဏီပေါင်း ၁၀၀ ကို ဆွဲဆောင်နိုင် အောင် ကြိုးပမ်းလျက်ရှိရာ အများစုမှာ တရုတ် နိုင်ငံမှဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့က ပြောသည်။

 

စံမီအောင်