Main menu

Background

ဘတ်ငွေတန်ဖိုး မြင့်တက်မှုကို ထိုင်းဗဟိုဘဏ် စောင့်ကြည့်နေ

Mon, 01/13/2020 - 15:47 -- journal_editor

      နှစ်သစ်ကူး အားလပ်ရက်များတိုင်မီ အမေ ရိကန်ဒေါ်လာနှင့်ဖလှယ်ရာတွင် တစ်ဒေါ်လာကို ဘတ် ၃၀ နှုန်းဖြင့် ဘတ်ငွေတန်ဖိုးမြင့်တက်လာပြီးနောက်ပိုင်း ဘတ်ငွေတန်ဖိုးမြင့်တက်လာသည်ကို အနီးကပ် စောင့်ကြည့်နေကြောင်း ထိုင်းဗဟို ဘဏ်ကပြောသည်။ သို့ရာတွင်  ဘတ်ငွေတန်ဖိုး သည် ဇန်နဝါရီ ၂ ရက်တွင်  တန်ဖိုးကျဆင်းပြီး ငွေဖြစ်လွယ်မှုအခြေအနေမှာ ပုံမှန်အနေအထား သို့ ပြန်လည် ရောက်ရှိ သည်ဟု ဗဟိုဘဏ်ကပြော ကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။ ဈေးကွက်က အခြေအနေကိုထိန်းညှိနေချိန်မှာ ဘတ်ငွေတန်ဖိုးက အတက်အကျရှိနေဦးမှာပါ။ ဗဟို ဘဏ်က ဘတ်ငွေကိုအနီးကပ်စောင့် ကြည့်နေမှာပါဟု  ဗဟိုဘဏ်ဒုတိယအုပ်ချုပ်ရေးမှူး ဗာချီရာ အရွမ်ဒီး၏ ကြေညာချက်တွင်ဖော်ပြ သည်။

    ဘတ်ငွေတန်ဖိုးသည် ဒီဇင်ဘာ ၃၀ ရက်က အမေရိကန်တစ်ဒေါ်လာကို ၂၉ ဒသမ ၉၁ ဘတ် နှုန်းဖြင့် ခြောက်နှစ်အတွင်း အမြင့်ဆုံးကိုရောက်ရှိခဲ့ရာမှ ဇန်နဝါရီ ၂ ရက်  ဂရင်းနစ်စံတော်ချိန် နံနက် ၅ ဒဿမ ၂၈ မိနစ်တွင် တစ်ဒေါ်လာကို ၃၀ ဒသမ ၁၀ ဘတ်နှုန်းသို့  ပြန်လည်ရောက်ရှိခဲ့သည်။ နှစ်သစ်ကူး အားလပ်ရက်အဖြစ် ဒီဇင်ဘာ ၃၁ ရက်နှင့်  ဇန်နဝါရီ ၁ ရက်တို့တွင်  ဈေးပိတ် သည်။ တိုင်းပြည်၏ ငွေပေးငွေယူရှင်းတမ်းကို ငွေ မြင့်မားသဖြင့် ၂၀၁၉ ခုနှစ်အတွင်း ဘတ်ငွေတန်ဖိုး သည် ၈ ဒသမ ၈ ရာခိုင်နှုန်း   တိုးတက်ခဲ့သဖြင့် အာရှတွင်   စွမ်းဆောင်ရည်အကောင်းဆုံး  ငွေ ကြေးဖြစ်ခဲ့သည်။

    နှစ်အကုန်တွင်  ဘတ်ငွေတန်ဖိုး   အတက် အကျဖြစ်ခြင်းမှာ ဈေးကွက်အခြေခံသဘောတရား များနှင့် ကိုက်ညီမှုမရှိဘဲ  ငွေဖြစ်လွယ်မှုကျဆင်း ချိန်တွင် နှစ်အကုန်ငွေ အထုတ်အသွင်းများဖြစ်  ကြောင်း ဗဟိုဘဏ်ကပြောသည်။ဇန်နဝါရီ ၂ ရက်က ငွေဖြစ်လွယ်မှုအခြေ အနေမှာ အခက်အခဲရှိနေဆဲဖြစ်သည်။ သို့ရာတွင်  ပုံမှန်အနေအထားသို့    ပြန်ရောက်မည်ဆိုပါက အာရှငွေကြေးများအပေါ်တွင် ရင်းနှီးမြှုပ်နှံသူ တို့ က ယုံကြည်မှု မြင့်မားနေချိန်ဖြစ်သဖြင့် ဘတ်ငွေတန်ဖိုးသည်  တစ်ဒေါ်လာ  ဘတ်  ၃၀ အမှတ် အသားကို ကျော်ဖြတ်ပြီး ဘတ်ငွေတန်ဖိုးပြန်မြင့် တက်နိုင်သည်။ ဘတ်ငွေတန်ဖိုးသည်  ဆက်လက်မြင့်မား လျက်ရှိနေပြီး အမေရိကန်ဒေါ်လာနှင့် ဖလှယ်ရာတွင် တစ်ဒေါ်လာကို ၂၉ ဒသမ ၈၅ ဘတ်နှုန်း ကိုရောက်နိုင်ကြောင်း အယုဒ္ဓဘဘဏ်၏ ကမ္ဘာ့ ဈေးကွက် သုတေသနအကြီးအကဲ  ရွန်းစံဂူအမ် ရူအမ်ကပြောသည်။

 

စံမီအောင်