Main menu

Background

၂၀၁၉ စတုတ္ထသုံးလပတ်တွင် ဖို့ဒ်ကုမ္ပဏီ အရှုံးပေါ်

Fri, 02/14/2020 - 12:44 -- journal_editor

     ၂၀၁၉ ခုနှစ် စတုတ္ထ သုံးလပတ်တွင် ဖို့ဒ်မော်တော်ကား ကုမ္ပဏီအနေဖြင့်  အရှုံးပေါ်ခဲ့ကြောင်း စစ်တမ်းတစ်ခု၏ ဖော်ပြထားချက်ကို ကိုးကား၍ စီအင်န်ဘီစီ  သတင်းဌာနက သတင်းရေးသားဖော်ပြထားသည်။ စီးပွားရေး  စီမံခန့်ခွဲမှုနှင့် စက်မှုလုပ်ငန်းရှင်တစ်ဦး ဖြစ်သည့် အမေရိကန်နိုင်ငံသား ဟင်နရီဖို့ဒ်  စတင်တည် ထောင်ခဲ့သည့် ဖို့ဒ်မော်တော်ကားကုမ္ပဏီအနေဖြင့် ကမ္ဘာ တစ်ဝန်း ဈေးကွက်ဖြန့်ကြက်လျက်ရှိရာ  မော်တော်ကား လောကတွင် အောင်မြင်မှုများ ရရှိနေသည်။ မြောက်အမေရိက ဈေးကွက်မှ အစပြုခဲ့သည့် ဖို့ဒ်မော် တော်ကားကုမ္ပဏီအနေဖြင့် တစ်နှစ်ထက်တစ်နှစ် ဈေးကွက် ချဲ့ထွင်နိုင်ခဲ့သလို အလုပ်အကိုင် ဖန်တီးပေးမှုများလည်း ပြု လုပ်ပေးနိုင်ခဲ့သည်။ ဖို့ဒ်မော်တော်ကားကုမ္ပဏီက ထုတ်လုပ် သည့် ကားများကို ကမ္ဘာတစ်ဝန်း လူကြိုက်များလာပြီး ဈေး ကွက်လည်း ပိုမိုချဲ့ထွင်လာခဲ့သည်။

      ဖို့ဒ်မော်တော်ကား ကုမ္ပဏီအနေဖြင့် ထိုကဲ့သို့ ကမ္ဘာ တစ်ဝန်း၌ ဈေးကွက်ချဲ့ထွင်လာနိုင်သော်လည်း ၂၀၁၉ ခုနှစ် စတုတ္ထ  သုံးလပတ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၇ ဘီလီယံခန့် အရှုံးပေါ်ခဲ့ကြောင်း သိရသည်။ ဖို့ဒ်မော်တော်ကားကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ  ဂျင်ဟက်ကက်က မိမိတို့ကုမ္ပဏီအနေဖြင့် ၂၀၁၉ ခုနှစ်၏   စတုတ္ထသုံးလပတ်တွင်  အရှုံးပေါ်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် လျာထားချက်များ ပြည့်မီအောင် ဆောင် ရွက်နိုင်မည်ဟု ယုံကြည်ထားကြောင်း၊ ဖို့ဒ်ကထုတ်လုပ်သည့် မော်တော်ကားများကို မြောက်အမေရိက၊ တောင်အမေရိက၊ ဥရောပနှင့် အာရှနိုင်ငံများအပြင် လက်ရှိအချိန်တွင် အရှေ့ တောင်အာရှ နိုင်ငံသားများကလည်း ဝယ်ယူအသုံးပြုမှု များ လာကြောင်း၊ ဖို့ဒ်ကထုတ်လုပ်သည့် F-series ကားများဆိုလျှင် တိုယိုတာ၏နောက်တွင် ဒုတိယ ရောင်းအားအကောင်းဆုံး ဖြစ်နေကြောင်း၊ မော်တော်ကားကုမ္ပဏီအနေဖြင့် ကြည့်မည် ဆိုပါက ရောင်းအားအကောင်းဆုံးမှာ စတုတ္ထအဆင့် ရှိနေ ကြောင်း ပြောဆိုခဲ့သည်။

 

မြသဲ