Main menu

Background

ခြောက်နှစ်အတွင်း ပထမဆုံး ကုန်သွယ်မှုအကျပ်အတည်း အမေရိကန်ကြုံတွေ့

Fri, 02/14/2020 - 12:45 -- journal_editor

      ကမ္ဘာ့စီးပွားရေးအင်အား  အကြီးမားဆုံး နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် တစ်နှစ်တာအတွင်းတွင် ကုန်သွယ်မှု အကျပ်အတည်းဖြင့်  ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း စီအင်န်ဘီသတင်းဌာန၏  ရေးသားဖော်ပြထား ချက်အရ သိရသည်။ အမေရိကန်နိုင်ငံအနေဖြင့် ထိုကဲ့သို့ ကုန် သွယ်မှု အကျပ်အတည်းဖြင့်  ကြုံတွေ့ခဲ့ရခြင်းမှာ ခြောက်နှစ်အတွင်း ပထမဦးဆုံးအကြိမ် ကြုံတွေ့ခဲ့ ရခြင်းဖြစ်ကြောင်းသိရသည်။ ၂၀၁၆ ခုနှစ် သမ္မတ ဒေါ်နယ်ထရန့်  တက်လာချိန်တွင် အမေရိကန် နိုင်ငံ၏ စီးပွားရေးမှာ ပြန်လည်ဦးမော့လာခဲ့သော် လည်းနောက်ပိုင်းတွင် အထူးသဖြင့် ၂၀၁၈-၂၀၁၉ ကာလများတွင် ကမ္ဘာ့စီးပွားရေး  ဒုတိယအင်အား အကြီးမားဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ကုန် သွယ်ရေးကဏ္ဍများတွင် တင်းမာမှုများ ရှိလာခဲ့ပြီး အမေရိကန်-တရုတ်   ကုန်သွယ်ရေးစစ်ပွဲအသွင် ဆောင်ခဲ့ခြင်းကြောင့် ယင်းကာလများတွင် အမေ ရိကန်နိုင်ငံ၏ ကုန်သွယ်မှုမှာ  ကျဆင်းခဲ့ရခြင်းဖြစ် သည်။ ၂၀၁၈ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ ကုန် သွယ်ရေးကဏ္ဍမှာ သိသိသာသာ ပြောင်းလဲမှုမရှိ ခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် ကျဆင်းလာခဲ့သည် မှာ သိသာမှု ရှိလာခဲ့သည်။

     စီအင်န်ဘီ  သတင်းဌာန၏ ဖော်ပြထားချက် အရ အမေရိကန်နိုင်ငံ၏  ကုန်သွယ်မှုကဏ္ဍမှာ ၂၀၁၉ ခုနှစ်တွင် ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ ရာ တန်ဖိုးငွေပမာဏအရဆိုလျှင်  အမေရိကန် ဒေါ်လာ ၆၁၆ ဒသမ ၈ ဘီလီယံခန့်အထိ ဆုံးရှုံး နစ်နာခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ ၂၀၁၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ ၏ ကုန်သွယ်ရေးကဏ္ဍများမှာလျော့ကျပြီး အခက် အခဲများဖြင့် ရင်ဆိုင်ကြုံတွေခဲ့ရသလို ယခု ၂၀၂၀ ပြည့်နှစ်အတွင်းသို့   ချင်းနင်းဝင်ရောက်လာခဲ့ ချိန်တွင်လည်း အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေး မှာ   သိသိသာသာ  တိုးတက်လာဖွယ်   မရှိသေး ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လတ်တလော ကာလတွင်  တရုတ်နိုင်ငံမှ  စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အခက်အခဲရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးကဏ္ဍ   ရည်မှန်းချက် ပြည့်မီရေး အတွက် အချိန်ကာလ အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း စီးပွားရေးကျွမ်း ကျင်သူများက သုံးသပ်ထားသည်ဟု သတင်းတွင် ဖော်ပြထားသည်။

 

မြသဲ