Main menu

Background

ဗိုင်းရပ်စ်ရောဂါကြောင့် အာရှပစိဖိတ်စီးပွားရေးများ အမေရိကန်ဒေါ်လာဘီလီယံ ၂၀ဝ ကျော်ထိခိုက်နိုင်

Mon, 03/16/2020 - 13:45 -- journal_editor

        ကိုရိုနာဗိုင်းရပ်စ်ပိုးကို တိုက်ဖျက် ရန် အစိုးရအဖွဲ့များက လုံးပန်းနေရ သည့်အတွက်  ယခုနှစ်အတွင်း အာရှ ပစိဖိတ်နိုင်ငံများ၏ စီးပွားရေးများတွင် အမေရိကန်ဒေါ်လာ   ဘီလီယံ ၂၀ဝ ကျော် ဆုံးရှုံးမှုနှင့် ကြုံတွေ့နိုင်သည်ဟု ကမ္ဘာ့စီးပွားရေးအဆင့် သတ်မှတ်ရေး အေဂျင်စီ  S&P Global က မတ် ၆ ရက် တွင်ပြောကြောင်း အေအက်ဖ်ပီသတင်း တွင် ဖော်ပြသည်။  ယခုအကြိမ် စီးပွား ရေးကျဆင်းမှုသည် ဆယ်စုနှစ်အတွင်း အနိမ့်ဆုံးဖြစ်သည်။ အဆိုးရွားဆုံးဖြစ်နိုင်သော အခြေ အနေမှာ တရုတ်နိုင်ငံ၏  စီးပွားရေဖွံ့ ဖြိုးမှုနှုန်းသည် ၃ ရာခိုင်နှုန်း အောက်သို့  ရောက်ရှိပြီး   ဂျပန်၊ သြစတေးလျနှင့် ဟောင်ကောင်တို့သည်   စီးပွားဆုတ်ကပ်အတွင်းသို့ ကျရောက်နိုင်ကြောင်း ယင်း၏အစီရင်ခံစာတွင် ဖော်ပြသည်။ ရောဂါပိုးကူးစက်မှုသည် ၂၀၁၉ ဒီဇင်ဘာမှ စတင်ဖြစ်ပွားခဲ့ပြီး ထိုသို့ ဖြစ်ပွားပြီး နောက်ပိုင်း နိုင်ငံပေါင်း ၉၅ နိုင်ငံအထိ ပျံ့နှံ့ခဲ့သည်။ ရောဂါဖြစ်ပွား မှုကြောင့် ဖြစ်ပေါ်လာမည့် ဂယက် အပေါ်စိုးရိမ်မှုများက ကမ္ဘာ့ဈေးကွက် များအပေါ်ကိုပါ ဂယက်ရိုက်ခတ်မှုရှိခဲ့ သည်။

         ရောင်းလိုအားနှင့်  ဝယ်လိုအားတွင် အထိတ်တလန့်ဖြစ်မှုများကြောင့် စီးပွားရေးတွင် အမေရိ ကန်ဒေါ်လာ ၂၁၁ ဘီလီယံ   ထိခိုက်နစ်နာခဲ့သည့် အတွက် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးမှုသည် ယခုနှစ် တွင်  ၄ ရာခိုင်နှုန်းသာ ရှိလိမ့်မည်ဟု S&P က ခန့်မှန်းသည်။ ဒီဇင်ဘာလအတွင်းက ခန့်မှန်းချက်မှာ ၄ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းခဲ့ရာ ယခုကျဆင်းမှုသည် ၂၀ဝ၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေး    အကျပ်အတည်း ကြောင့်ဖြစ်ရသော ကျဆင်းမှုနောက်ပိုင်း အဆိုးဆုံး ကျဆင်းမှုဖြစ်သည်။ ရောဂါကူးစက်မည်ကို     စိုးရိမ်မှု ကြောင့် စားသုံးသူများက အိမ်မှာပင် နေသည့်အတွက် ဝယ်လိုအား ကျဆင်းမှုနှင့် စီးပွားရေးလုပ်ငန်းများပိတ်ထား ရသဖြင့် ရောင်းလိုအား ကျဆင်းမှုဟူ သော နှစ်ဆတိုး ထိခိုက်မှုကို နိုင်ငံစီးပွားရေးများ ခံစားရမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။သို့ရာတွင် စီးပွားရေးများသည် ပြန်လည် နာလန်ထူလာနိုင်ဖွယ်လည်း ရှိကြောင်း ဖော်ပြထားသည်။

 

စံမီအောင်