Main menu

Background

ကိုဗစ်-၁၉  ရောဂါကြောင့် ထိခိုက်ခဲ့သော စီးပွားရေးလုပ်ငန်း ၆၃၃၃ ခုသို့  ချေးငွေ ကျပ် ၁၆၆ ဒသမ ၅၉၆၃ ဘီလီယံ ထုတ်ချေးပေးပြီးဖြစ် 

Thu, 01/07/2021 - 15:51 -- journal_editor

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉  ရောဂါကြောင့်  ထိခိုက်ခဲ့သော စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေထုတ်ပေးလျက်ရှိရာ ယခုအခါ လုပ်ငန်းပေါင်း ၆၃၃၃ ခု သို့ ချေးငွေ ကျပ်   ၁၆၆ ဒသမ   ၅၉၆၃   ဘီလီယံ ထုတ်ချေးပေးခဲ့ပြီဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောသည်။ ဒီဇင်ဘာ ၂၀ ရက်တွင် ရန်ကုန် မြို့ရှိUMFCCI ရုံးချုပ်၌   ကျင်းပခဲ့ သည့်   ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ   ကုန်သည်များနှင့်  စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏  (၂၉) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးတွင်  ၎င်းက ယင်း ကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။
"ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်ခံရတဲ့လုပ်ငန်းတွေ လည်ပတ် နိုင်ရေးအတွက် နိုင်ငံတော်က ချေးငွေ ကျပ် ဘီလီယံ ၂၀ဝ မတည်ကာ အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေး လျက်ရှိပါတယ်။  ယနေ့ချိန်အထိ လုပ်ငန်းပေါင်း ၆၃၃၃ ခု သို့ ချေးငွေ ကျပ် ၁၆၆ ဒသမ ၅၉၆၃ ဘီလီယံ ထုတ် ချေးပေးပြီးဖြစ်ပါတယ်"ဟု  ဦးသောင်း ထွန်းက ပြောသည်။ မြန်မာနိုင်ငံတွင်  ကိုဗစ်-၁၉ ရောဂါကြောင့်  စီးပွားရေးလုပ်ငန်း တွေ ရပ်တန့်သွားခြင်းမရှိစေရန် နိုင်ငံ တော်မှ ကုစားရေးလုပ်ငန်းအစီအစဉ် များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ၍စီးပွားရေး သက်ရောက်မှု များအပေါ် ကုစားရေးအတွက်လုပ်ငန်း ကော်မတီတစ်ရပ်   ဖွဲ့စည်းထားပြီး ၎င်းကော်မတီကို  အထောက်အကူပြု နိုင်ရန်အတွက် UMFCCI က အဓိက ပါဝင်ဆောင်ရွက်ပေးသည့်   လုပ်ငန်း အဖွဲ့ (Task Force) ကို   ဖွဲ့စည်းထား ကြောင်း ၎င်းက ဆက်လက်ပြောသည်။
COVID-19 ကြောင့် စီးပွားရေး အပေါ် သက်ရောက်မှုများကို ကုစား နိုင်ရန်အတွက် ထုတ်ပြန်ခဲ့သည့် COVID-19 စီးပွားရေးထိခိုက်မှု သက် သာရေးစီမံချက် (CERP)အရ မြန်မာ နိုင်ငံ  ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)အနေဖြင့်ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများ ကို စိစစ်ပြီးခွင့်ပြုမိန့်များကို မြန်ဆန်စွာ ထုတ်ပေးနိုင်ရေးအတွက် Online Meeting များ ကျင်းပဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

 

ပန်းဆု