Main menu

Background

အရည်အသွေးကောင်းပါမှ မျက်နှာကောင်းရမည်

Mon, 02/09/2015 - 20:31 -- journal_editor

      အတွဲ(၁၅)အမှတ်(၆)       

         ရောင်းမှု၊ ဝယ်မှုဆိုတာ ဘယ်ခေတ်၊ ဘယ်စနစ်မှာမဆိုရှိခဲ့ကြ တာပါ။ စောစောပိုင်းကာလတွေမှာ ကုန်ပစ္စည်းခြင်း၊ တိုက်ရိုက် ဖလှယ်ကြတယ်။

တဖြည်းဖြည်းတိုးတက်လာတော့ ကြားခံငွေကြေး ကို အသုံးပြုလာကြတယ်၊ ဒါက ပြည်တွင်း ကိုယ့်တိုင်းပြည် အတွင်းမှာ ကိုယ်ပိုင်နိုင်ငံငွေကြေး သတ်မှတ်ပြီး ရောင်းကြ၊ ဝယ်ကြတယ်။ အဲဒီက တစ်ဆင့် နိုင်ငံကို ကိုယ်စားပြုပြီး နိုင်ငံအချင်းချင်း ဆက်သွယ်ရောင်း ဝယ်ဖောက်ကားကြ တော့ နိုင်ငံတကာကိုယ်စားပြု ငွေကြေးသတ်မှတ် ရောင်းဝယ်ကြတယ်။ ဒေါ်လာသုံးမလား၊ ယူရိုသုံးမလား၊ ပေါင်  စတာလင်သုံးမလားပေါ့။ ယခုအချိန်မှာ နိုင်ငံတကာမှာ အမေရိကန် ဒေါ်လာကို နိုင်ငံတကာကိုယ်စားပြု သုံးနေကြ တာကို တွေ့ရပါတယ်။ ကောင်းပြီ၊ ရောင်းမယ်၊ ဝယ်မယ်၊ဘာရောင်း မလဲ၊ ဘာဝယ်မလဲ။ အဓိကကတော့ ကိုယ့်နိုင်ငံမှာထွက်ရှိတဲ့ သီးနှံရှာဖွေရရှိတဲ့ သဘာ၀ သယံဇာတ စတာတွေကို ကိုယ့်ပြည်တွင်းမှာသုံးစားပိုလျှံ တာ၊ လိုအပ် နေတဲ့  တိုင်းပြည်များနဲ့ ချိတ်ဆက်တင်ပို့ ရောင်းဝယ်ကြတာပေါ့။ အဲဒီလို ရောင်းဝယ်ရာမှာလည်း တရားဝင်လား ၊ တရားမဝင် လားဆိုတာ စကားပြောလာပါတယ်။ တရားမဝင် အရောင်းအဝယ် ပြုလုပ်လို့ ပြဿနာဖြစ်ရင် ရောင်းသူက ရှုံးတယ်ခံရတယ်။ စလုပ်က တည်းက တရားမဝင် အရောင်းအဝယ်လုပ်ခဲ့တာဆိုတော့ ဘယ်တိုင် လို့ ဘယ်တင်ပြလို့ ဘယ်အဖွဲ့အစည်းက ဖြေရှင်းပေးမှာလဲ၊ အစ ကတည်းကတရားဝင် ရောင်းခဲ့ဝယ်ခဲ့ရင် သက်သေခံ အထောက် အထားနဲ့ သက်ဆိုင်ရာ၊ ဆိုင်ရာဆိုင်ရာကို တင်ပြလို့ တိုင်ခဲ့ရင် သက်ဆိုင် ရာက ပြေလည်အောင် နည်းမျိုးစုံနဲ့ ဖြေရှင်းပေးမှာပေါ့။ တစ်ခါကိုယ့် နိုင်ငံက တရားဝင်ရောင်းတယ်။ တင်ပို့တယ်။ ကိုယ့်နိုင်ငံဘက်က တော့ တရားဝင်လို့သတ်မှတ်ထား ပေမယ့် တစ်ဖက်နိုင်ငံက တရား မဝင်ဘူးလို့ သတ်မှတ်ရင်ခံကြရတာပါပဲ။ ဥပမာအနေနဲ့ တင်ပြရရင် မြန်မာနိုင်ငံက တရုတ်ပြည ်နယ်ကိုနယ်စပ် မူဆယ် မှတစ်ဆင့် ဆန် တင်ပို့တယ်။ ကိုယ့်ဘက်ကတရားဝင် သူ့နိုင်ငံထဲရောက်မှ သူတို့ အစိုးရက တရားဝင်မဟုတ်ဘူးဆိုပြီး  ဖမ်းတယ်။ ဘယ်သူနစ်နာသလဲ၊ ဘယ်သူရှုံးသလဲ၊ ဘယ်သူတွေ ခံနေကြရသလဲ၊ဒီလိုအဖြစ်မျိုးတွေ မဖြစ်ရအောင် ကိုယ့်ပြည်တွင်းက တင်ပို့ရောင်းသူ၊ စိုက်ပျိုးထုတ်လုပ် သူတွေ မနစ်နာအောင် နိုင်ငံတော်အပိုင်းက ကြိုးစားလုပ်ဆောင် တယ်။ ဒီအတွက် အဖြေတစ်ခုရပြီ။အိမ်နီးချင်း လူဦးရေမြောက် များစွာရှိတဲ့ တရုတ်နိုင်ငံက သူ့ နိုင်ငံ လူဦးရေစားသုံးရန်အတွက် နှစ်စဉ်ဆန်တန်ချိန် သန်းနဲ့ချီပြီး တင်သွင်းနေရတယ်။ ယခုနှစ် အဖို့ ဆန်တန်ချိန် ၅ သန်းခန့် ပြည်ပ ကဝယ်ယူရမယ်။ ခါတိုင်းနှစ်တွေက ဘယ်လိုဘယ်နည်း ဘယ်နိုင်ငံ  ကဝယ်ယူတယ်ဆိုတာ မသိရပေ မယ့် ဒီနှစ်အဖို့ထိုင်းနိုင်ငံ က ဆန်တန် ချိန် နှစ်သန်း၊ မြန်မာနိုင်ငံက ဆန်တန်ချိန်တစ်သန်း ဝယ်ယူမယ်ဆို တဲ့ အစီအစဉ်ပါလာတယ်။ ဒါပေမယ့် ဆန်ဖြစ်ရင်ပြီးရောဆိုပြီး ဝယ် မှာတော့မဟုတ်ပါဘူး။ သူတို့နိုင်ငံက  သတ်မှတ်ထားတဲ့ အရည် အသွေး သတ်မှတ်ချက် ကိုက်ညီမှရမှာပေါ့။ သူတို့နိုင်ငံက သတ်မှတ်တဲ့ အရည်အသွေး သတ်မှတ်ချက်နဲ့အညီဖြစ်စေဖို့ မြန်မာ နိုင်ငံဆန် စပါးအသင်းချုပ်က    ကြိုးစားခဲ့ရသလို၂၀၁၄ခုနှစ်ကုန်ပိုင်းမှာသဘောတူညီ မှုရရှိခဲ့ ပါတယ်။ လွယ်လွယ်တော့မထင်ပါနဲ့။ တာဝန်ရှိသူတွေ နှစ်ဖက်စလုံး အကြိမ်ကြိမ်ညှိနှိုင်းပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ကိုယ့်မှာ ရှိတဲ့ ကုမ္ပဏီ ၁၉၉ ခုကို စာရင်းတင်ပို့ခဲ့တယ်။ တစ်ခါ တစ်ဖက်က ပြန် လည်တောင်းဆိုပါတယ်။ ကုမ္ပဏီ ၁၀ ခုအောက်သာ ရွေးချယ်ပေးပါ ဆိုတော့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ စဉ်းစားကြရပါလိမ့် မယ်။ ဘယ်သူဘက်လိုက်တယ်။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတာ မဖြစ်ရလေအောင် ရှိတဲ့ကုမ္ပဏီ ၁၉၉ ခုလုံး စာရင်းပေးထားတယ်။ တရားဝင် မြင်သာပွင့်လင်းမှုရှိစွာ ယှဉ်ပါပြိုင်ပါဆိုတဲ့သဘော။ ဒါပေမယ့် တစ်ဖက်နိုင်ငံက ကုမ္ပဏီ ၁၀ ခုအောက်သာ အဆိုပြုလာတော့ ကော်မတီဖွဲ့ပြီး ကုမ္ပဏီ ၉ ခု ရွေးချယ်ရတာပေါ့။ ဒီကိစ္စမှာလည်း မကြေ လည်သူ၊

မကျေနပ်သူဆိုတာရှိတတ်တော့၊ ရှိခဲ့လေတော့၊ သက်ဆိုင် ရာဝန်ကြီးဌာနကို တိုင်ကြားမှုဆိုတာလည်းရှိခဲ့ပါတယ်။ ဒီတော့ လည်း ဒီမိုကရေစီ တိုင်းပြည် ပဲဗျာ ဒီမိုကရေစီနည်းနဲ့ မဲခွဲဆုံးဖြတ် ရတာပေါ့။ အဆင်ပြေမြန်မြန်ပြီးအောင် လျှို့ဝှက်မဲခွဲမနေဘဲ တက်ရောက်သူများ၊ မတ်တပ်ရပ်မဲ ခွဲစေတယ်လို့သိရပါတယ်။ အဲဒီမှာ ကန့်ကွက်မဲ ၇ မဲ၊ ထောက်ခံမဲ ၄၃ မဲ၊ ကြားနေမဲ ၁၀ မဲနဲ့ ကုမ္ပဏီ ၉ ခုရသွားပါတယ်။ ရွေးချယ်ရာမှာ လည်း အများပိုင်ကုမ္ပဏီ၊ အသင်းအဖွဲ့အခြေခံ ရတာ၊ လက်တွေ့အကျိုးဖြစ်ထွန်းခံစားနေရတဲ့ ဒေသတွေလည်း  ပါအောင်ဆိုတဲ့ အခြေခံအချက်သုံး ချက်နဲ့ ရွေးချယ်ခဲ့တာပါလို့ မြန်မာ နိုင်ငံဆန်စပါး လုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်ကပြောပါတယ်။ အရွေးခံရတဲ့ကုမ္ပဏီတွေကတော့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ကို အခြေခံဖွဲ့စည်းထားသော   မြန်မာ့လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်း  (MAPCO)၊ မြန်မာနိုင်ငံဆန်စက်အသင်း ကို အခြေ ခံဖွဲ့စည်းထားတဲ့Myanmar Rice Mill Co., Ltd. ၊ မြန်မာနိုင်ငံ ဆန် ကုန်သည်အသင်းကို အခြေခံဖွဲ့စည်းထားတဲ့FRP ၊ ကုန်သည်စက်မှု လုပ်ငန်းရှင်များအသင်းကို အခြေခံဖွဲ့စည်းထားတGolden Land East Asia ၊ မန္တလေးတိုင်း ဆန်ကုန်သည်အသင်းကို အခြေခံဖွဲ့စည်း ထားတဲ့MRDC၊ ဘုရင့်နောင်လုပ်ငန်းရှင်များ   ဖွဲ့စည်းထားတဲ့ ကုမ္ပဏီ၊  ဧရာဝတီတိုင်းဒေသကြီးလုပ်ငန်း  အခြေပြု ဧရာပုသိမ် ကုမ္ပဏီ၊ မူဆယ်လုပ်ငန်းရှင်များ တည်ထောင်ထားတဲ့ (SPRDC) နဲ့ ရခိုင်ဆန်စပါးကုမ္ပဏီတို့လို့သိရပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦး ပြောတာကိုလည်း မှတ်သားရမှာဖြစ်ပါတယ်။ ''တရုတ်နိုင်ငံရဲ့  တရားဝင်ဝယ်ယူသောဆန်အရည်အသွေးသတ် မှတ်ချက်များဟာ တော်တော် များတာဖြစ်တဲ့ အတွက် ဥရောပနိုင်ငံများကို တင်ပို့ရတာထက်ပင် ခက်ခဲနိုင်တယ်'' ဆိုတာကိုပါ။အစိုးရ သစ်လက်ထက် ၂၀၁၂ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံမှ မြန်မာ့ဆန်တန်ချိန် ၅ သိန်းဝယ်ယူဖို့ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

အရောင်းအဝယ်ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ပထမ ဆုံးတင်ပို့တဲ့ဆန်များမှာ သတ်မှတ်အရည်အသွေးမမီတဲ့၊ ညံ့တဲ့ဆန် တန်ချိန် ၇၀၀ ပါခဲ့တာ ကြောင့်  ပြဿနာဖြစ်ခဲ့ပြီး ထပ်မံတင်ပို့ခွင့် မပြုတော့ဘဲ စာချုပ်ဖျက်ခဲ့ရတဲ့ သင်ခန်းစာရှိခဲ့တာကိုလည်း ပြန် လည်မှတ်သားသတိရစေ ချင်ပါတယ်။ ဒါကလည်း အရောင်းအဝယ် ရဲ့ဖြစ်တတ်တဲ့ သဘောတရားတစ်ခုပါ။ ကိုယ်ကဝယ်ရင်လည်း ပစ္စည်းကောင်းမှသန့်မှ တာရှည်အသုံးပြုခံမှစားစရာ ဆိုရင်လည်း သန့်ရှင်းမှ၊ လတ်ဆတ်မှဆိုတာတွေ စဉ်းစားတွေးခေါ်ရွေးချယ် ဝယ်ယူကြတာပါ။ ဒါဖြင့် ကိုယ်ကရောင်းလို့ အခြားသူ သို့မဟုတ် နိုင်ငံကဝယ်မယ်ဆိုရင်ကော ကိုယ်စဉ်းစား သလို ကိုယ်ရွေးချယ်သလို ဝယ်ယူကြမှာဆိုတာ မလွဲနိုင်ပါဘူး။ တည့်တည့်ပြောရရင် ကိုယ်ဝယ်ယူ သလို သူတို့လည်း ဝယ်ယူချင်မှာပဲဆိုတဲ့ ကိုယ်ချင်းစာတရား တစ်ခု ထားကြဖို့လိုပါလိမ့်မယ်။ ယခုအနေအထား တရုတ်နိုင်ငံက တရားဝင်ဝယ်မယ့် ဆန်   တန်ချိန်တွေထဲက ဦးစွာပင်လယ်ရေကြောင်းမှ တန်ချိန် တစ်သိန်း၊ နယ်စပ်ကုန်သွယ်ရေးက တန်ချိန် တစ်သိန်းစတင်ဝယ်ယူတော့မှာ ဖြစ်ပါတယ်။ အဲဒီမှာ ကွာဟချက်ကလေးတွေ သွားတွေ့နေရပါ တယ်။ နယ်စပ်ကနေသွားရင် ဥပမာ-ဆန်တစ်တန် ကန်ဒေါ်လာ ၄၀၀  ဆို  ရင် FOB ဆို ကန်ဒေါ်လာ ၄၃၀ လောက်ဆိုတာကွာတယ်။ နယ်စပ် ကကားနဲ့ပို့ရင် တစ်တန်ကို ကန်ဒေါ်လာ ၁၀ လောက်ပိုကုန်မှာဆိုတော့ဒီနှစ်ခု  တင်ပို့မှုမှာကို ကန်ဒေါ်လာ ၂၀ လောက် ကွာဟမှုဆိုတာ ရှိနေတာကိုလည်း သုံးသပ်တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံဘက်က ရွေး ချယ်တင်ပို့ထားတဲ့ ကုမ္ပဏီ ၉ ခုထဲက ဘယ်ကုမ္ပဏီကို တရုတ်ဘက်က ရွေးချယ်မလဲဆိုတာ မသိရသေးပေမယ့် လက်ရှိသဘောတူညီထားချက အရဆန်များ တင်ပို့ရတော့မှာ ဖြစ်ပါတယ်။     ပြည်ပသို့ ဆန်တင်ပို့ရောင်းချနေသူ ဦးမျိုးသူရအေးကတော့ ပြောပါတယ်။ ''ဘယ်ကုမ္ပဏီကပဲရရရတဲ့ကုမ္ပဏီ  တွေကပို့ဖို့ ပထမ ဆုံးသွားတာဖြစ်တဲ့အတွက် တင်ပို့ဖြစ်ဖို့သာ အရေးကြီးပါတယ်'' ဆို တာကိုပါ။ ဒါကလည်း အမှန်တရားပါ၊တင်ပို့ခွင့် ရရှိတဲ့အချိန်မှာ ကိုယ့်ဘက်ကတင်ပို့နိုင်ဖို့ပဲလိုပါတယ်။ သတ်မှတ်အရည်အချင်း   ပြည့်မီစွာဖြင့် အောင်မြင်တဲ့တင်ပို့မှုဖြစ်ဖို့တော့လိုပါလိမ့်မယ်။ ဒီစာစု အစမှာ တင်ပြထားသလိုတရုတ်နိုင်ငံက လိုနေတာ၊ ခန့်မှန်းတွက် ချက်မှုအရဆိုရင်  ငါးသန်း၊ ယခုထိုင်းနိုင်ငံက တန်ချိန်နှစ်သန်း မြန်မာ နိုင်ငံက ဆန်တန်ချိန် တစ်သန်း၊ပေါင်းသုံးသန်း ပဲရှိပါသေးတယ်။ အမှန်တကယ် သူ့ရဲ့လိုနေတာထက် လျော့နည်းနေတာဖြစ်တဲ့အတွက် လိုနေဦးမှာပါ။ အိမ်နီးချင်းနိုင်ငံရဲ့ လူဦးရေအနေအထား အရလည်း နှစ်စဉ်လိုနေမယ်ဆိုတာ ခန့်မှန်းတွက်ချက်ရပါတယ်။ ဦးမျိုးသူရအေး ပြောသလို အောင်မြင်စွာ  ပို့ဖြစ်၊  တင်ဖြစ်လို့ကတော့ ရာသက်ပန် ဖောက်သည်ဖြစ်သွားနိုင်တဲ့ အနေအထား အလားအလာကောင်းတွေ တွေ့နေရပြီဖြစ်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကို သွားနေတဲ့အချိန်မှာ လယ်ယာစိုက်ပျိုးရေးကိုအခြေခံတဲ့ မိခင်နိုင်ငံမှာ လယ်ယာထွက် ကုန်သီးနှံများရဲ့ ပြည်တွင်းစားသုံးလို့ ပိုလျှံနေတဲ့ အသီးအနှံတွေဟာ ကိုယ့်နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရရှိစေမယ့် သားချော၊ သမီးလှ များဖြစ်ပါတယ်။ သားချောမှ ချွေးမလှလှရသလို သမီးလှမှလည်း အရည်အချင်းကောင်းတဲ့ သားမက်များရရှိမှာဖြစ်ပါတယ်။ ဆိုလိုချင် တာကExport လုပ်တဲ့သီးနှံများမှာ  အရည်အသွေးမီဖို့ လို တယ်လို့ပြောချင်တာပါ။နိုင်ငံတော်အစိုးရဘက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့က အရောင်း အဝယ်ဆိုတဲ့ လယ်ယာမြေကောင်းမှာ တရားဝင်ဆန်တင်ပို့မှုဆိုတဲ့ မျိုးစေ့ကို ချထားစိုက်ပျိုးနိုင်အောင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ လယ်ယာမြေလည်းကောင်းတယ်။ မျိုးစေ့ကောင်းလည်း ရှာဖွေပေး ထားတယ်။ အောင်မြင်အောင် လုပ်ဆောင်ကြဖို့ပဲလိုပါတော့တယ်။ မြန်မာ့ဆန်တန်ချိန် ၁ သန်းကို တရုတ်နိုင်ငံဘက်ကဝယ်မယ်။ အဆို  ပြုထားတဲ့ ကုမ္ပဏီ ၉ ခုထဲက ဘယ်ကုမ္ပဏီပဲရရ တင်ပို့ခဲ့ရင် တစ်ခါ ဆက်ဆံ ဆယ်ခါလံတဲ့၊ ဖောက်သည်ပျက်တဲ့၊ ဈေးကွက်မဲ့တဲ့ အနေ အထားဆိုတာတွေ မဖြစ်ရအောင် ပြည်ပပို့ကုန်  Export      လုပ်တဲ့ ကုန် ပစ္စည်းများ သတ်မှတ်အရည်အချင်းQualityကောင်းဖို့ လိုတယ်ဆို တာ သတိချပ်သင့်ကြောင်းပါ။
''မြန်မာ့ဆန် ..တရုတ်သွား၊ မြို့လား ..အောင်မြင်ပါစေ''