Main menu

Background

ှSMBCဘဏ်ခွဲ မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ဖွင့်လှစ်ရန်စီစဉ်

Tue, 02/24/2015 - 20:33 -- journal_editor

အတွဲ(၁၅)၊အမှတ်(၈)

  မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းများ လုပ်ကိုင်ခွင့်ရထားသည့် ဂျပန် နိုင်ငံမှ ဘဏ်ကြီးတစ်ခုဖြစ်သည့် ှSumitomo Mitsui Banking Corp.(SMBC) သည် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ဘဏ်ခွဲများဖွင့်လှစ် နိုင်ရန် စီစဉ်လျက်ရှိပြီး ယခုနှစ်အတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်းNikkeiသတင်းစာက ဖော်ထုတ်ရေးသားခဲ့သည်။
SMBCဘဏ်သည် ဂျပန်နိုင်ငံမှ  ၎င်းင်း၏ပြိုင်ဘက်ဘဏ်များဖြစ်သည့် Mutsubishi UFJ Financial Group and Mizuho Financial Group အပါအဝင်   နိုင်ငံခြားဘဏ်ရှစ်ခုနှင့်အတူ မြန်မာနိုင်ငံတွင်  ဘဏ်ခွဲ ဖွင့်လှစ်ခွင့်လိုင်စင်ရရှိထားသည်။
အဆိုပါဘဏ်သည် မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ပြီးပါက ဘဏ် ဝန်ထမ်းပေါင်း ၃၀မှ ၄၀ အထိ  ခန့်အပ်သွားမည်ဖြစ်သည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
SMBC သည် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအနက် အပ်ငွေလက် ခံခြင်း၊ ချေးငွေထုတ်ချေးခြင်း၊ နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်ခြင်း၊ ကုန်သွယ်ခြင်းနှင့် ငွေကြေးစီမံခန့်ခွဲရေးဝန်ဆောင် မှုများကို လုပ်ဆောင် မည်ဖြစ်ကြောင်:SMBC  မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ဟု ဆိုသည်။
SMBC  အနေဖြင့် မြန်မာနိုင်ငံ တွင် လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိ သည့် ဂျပန်နိုင်ငံသားလုပ်ငန်းရှင်များအား ချေးငွေများထုတ်ချေးခြင်းကို အဓိကထား၍ လုပ်ဆောင်သွားမည်ဖြစ်ပြီး အခြားသောကုမ္ပဏီများကို လည်း ငွေကြေးနှင့်ပတ်သက်သည့်ဝန်ဆောင်မှုများ ကိုလည်း လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
မယ်သီတာ