Main menu

Background

“E-Trade Opportunities and Challenges in Myanmar” Wrokshop

Mon, 08/19/2019 - 11:03 -- journal_editor

ဘယ်လိုအကြောင်းအရာတွေဆွေးနွေးမှာလဲ?

  •  အင်တာနက်ရရှိတဲ့ဘယ်နေရာကမဆို အွန်လိုင်းစနစ်နဲ့ ပို့ကုန်သွင်းကုန် လိုင်စင် နဲ့ ပသကမှတ်ပုံတင် လျောက်ထားထုတ်ပေးခြင်းတွေကို ဆောင်ရွက်နိုင်မဲ့ Tradenet 2.0 အား ကြိုတင်မိတ်ဆက်ခြင်း။
  • နိုင်ငံတကာနှင့်ကုန်သွယ်မှုလုပ်လုပ်ရာမှာလုပ်ငန်းရှင်တိုင်းမဖြစ်မနေသိထားသင့်သည့် မြန်မာနိုင်ငံရဲ့ e-Trade လုပ်ငန်းစဉ်များ။
  • ကုန်သွယ်မှုလုပ်ငန်းစဉ်တစ်လျောက်မှာပါဝင်တဲ့ ကုမ္ပဏီ တွေရဲ့ ID နံပါတ်တွေကို တစ်ခုတည်းဖြစ်အောင် အစိုးရဌာနတွေကြားဘယ်လိုချိတ်ဆက်သုံးစွဲကြမလဲ?
  • ကုန်သွယ်မှုဒေတာအချက်အလက်တွေကိုအစိုးရဌာနတစ်ခုနဲ့တစ်ခုအကြား အီလက်ထရောနစ်စနစ်နဲ့ ဘယ်လိုချိတ်ဆက်ဆောင်ရွက်နေလဲ?
  • ကုန်သွယ်မှုဆိုင်ရာအခွင့်အလမ်းများအပါအဝင်

ဘယ်သူတွေပါဝင်ဆွေးနွေးကြမလဲ?

  •   ကုန်သွယ်မှုနှင့်သက်ဆိုင်သည့်အစိုးရဌာနများမှအရာရှိကြီးများ
  •   UMFCCI မှတာဝန်ရှိသူများနှင့် ကုန်သည်လုပ်ငန်းရှင်ကိုယ်စားလှယ်များ

အချိန်နဲ့နေရာ
အချိန်    ၂၃-၈-၂၀၁၉ (သောကြာနေ့) နေ့လည် (၁၂၃၀)မှာစမယ်
နေရာ    ရန်ကုန်မြို့ ၊  UMFCCI
ဒါကြောင့်ကုန်သွယ်မှုလုပ်ငန်းများကိုဆောင်ရွက်နေသူများ စတင်ဆောင်ရွက်လိုသူများ စိတ်ပါဝင်စားသူ မည်သူမဆိုအခမဲ့တက်ရောက်နိုင်ပါသည်။
တက်ရောက်လိုသူများ mocdotict@gmail.com သို့ ၂၁-၈-၂၀၁၉ နောက်ဆုံးထားပြီး အမည် မှတ်ပုံတင်အမှတ် ဖုန်းနံပါတ်တို့ကို ပေးပို့ပြီးမှတ်ပုံတင်နိုင်ပါသည်...နေရာကန့်သတ်ချက်အရ လူဦးရေကန့်သတ်ထားသည့်အတွက် ကြိုတင်ပေးပို့မှတ်ပုံတင်ပေးပါရန်......

 

ကုန်သွယ်ရေးဦးစီးဌာန