Main menu

Background

စစ်ကိုင်းဒေသထွက်ကုန် အင်ကြင်းကျောက်

Wed, 08/21/2019 - 15:18 -- journal_editor

       စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်း ကမ္ဘာ့ဈေးကွက်၌ နာမည်ရပြီးဖြစ်သော သဘာ၀ တန်ဖိုးနည်းကျောက် ကိုးမျိုးထွက်ရှိပြီး အင်ကြင်း ကျောက်၊ ထန်းကျောက်ဖြင့် ပြုလုပ်ထားသည့် လက်မှုအနုပညာပစ္စည်း များ သည် အသက်ရှည် ခြင်း၊ လာဘ်လာဘကောင်းခြင်း၊  ကိုယ်ခံစွမ်းအား ကောင်းခြင်း စသည့်အယူအဆများကြောင့် ဈေး ကွက်တွင် လူကြိုက်များပြီး အရောင်းသွက်လျက် ရှိကြောင်း သိရသည်။ အင်ကြင်းကျောက်သည် ရှေးကာ လသစ်ပင်ကြီးများ လဲပြိုကျပြီး နွံမြေ (သို့မဟုတ်)ဆီနှင်းထူထဲပိတ်လှောင်မိပြီး နှစ်သန်း ပေါင်းများစွာ ပြင်ပလေနှင့်ထိတွေ့မှု  မရှိသည့် အခြေအနေမှ ကျောက်သားအဖြစ် ပြောင်းလဲသွား ခြင်းဖြစ်သည်။ မည်သည့်အပင်မျိုးမဆို နှစ်ကာလ ကြာမြင့်၍   ကျောက်ဖြစ်သွားလျှင် အင်ကြင်း ကျောက်ဟုယူဆကြကြောင်း သိရသည်။ အင်ကြင်း ကျောက်ကို  မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံတွင် တွေ့နိုင်သည်။ မုံရွာမြို့တွင် အင် ကြင်းကျောက် ထုတ် လုပ်ရောင်းချသည့်လုပ်ငန်း ရှင် နှစ်ဦးရှိသည်။  KSM တွင်းထွက်ကျောက် အချောထည် ထုတ်လုပ်ရေးလုပ်ငန်းသည် မုံရွာ စက်မှုဇုန်တွင်ထုတ်လုပ်ပြီး Online မှတစ်ဆင့် ရောင်းချလျက်ရှိသည်။ မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းြ ဖစ်ပြီး လုပ်သားနှစ်ဦးဖြင့် လည်ပတ်ကာ အမှာများလျှင် စစ်ကိုင်းမြို့ရှိ ကျောက်အချောထည်လုပ်ငန်းသို့ ကုန်ကြမ်းပေးကာ အရေအတွက်ဖြင့် ထုတ်လုပ်ခိုင်းရကြောင်းသိရသည်။ အင်ကြင်းကျောက်ဖြင့် ထုတ်လုပ်သည့်  ပစ္စည်း အမျိုးအစား ပေါင်း  ၅၀ ကျော်ကို ထုတ်လုပ်ပြီး အင်ကြင်း ကျောက်အပြင် ထန်းကျောက်၊ ကျောက်စိမ်း၊ တခြားတန်ဖိုးနည်းကျောက်ဖြစ်သည့် မဟူရာ၊အလင်းမှုန်စလင်းကျောက်၊ အလင်းပိတ်သလင်း ကျောက်များနှင့် တွဲဖက်၍ ဆွဲကြိုး၊ လက်ကောက်၊ လက်ပတ်၊ ဆွဲသီးများနှင့်  အိမ်တွင်းအလှဆင်ပစ္စည်းများကို တန်ဖိုးနည်းကျောက်များဖြင့် Value Added ထုတ်လုပ်ရောင်းချနေပါသည်။ အင်ကြင်း ကျောက်ကိုကနီ၊ အရာတော်၊ ပုလဲ၊  ယင်းမာပင်၊ ဘုတလင်၊ မင်းကင်း၊ ကလေးဝနှင့် ကန့်ဘလူတို့မှ ဝယ်ယူကြောင်းသိရသည်။

      တစ်နေ့ထုတ်လုပ်မှုမှာ ဆွဲသီး ၅၀၀ မှ ၁၀၀၀  ကြား၊  ပုတီးလုံးများထုတ်လျှင်  ထုတ် သလောက်ရရှိပြီး အမျိုးအစားမျိုးစုံကို အမှာများ ပါက များသလိုထုတ်လုပ်လျက်ရှိသည်။ စစ်ကိုင်း မြို့သို့ ကုန်ကြမ်းပေး၍ ကုန်ချောယူ စနစ်ဖြင့်ထုတ် လုပ်သော ရေနွေးကရား၊ ကော်ဖီခွက်၊ ဆေးလိပ် ခွက်နှင့် ဆင်ရုပ်များမှာ တစ်ပတ်လျှင် အရေအတွက် အလိုက် ကျပ် ၁၀ သိန်းဖိုးမှ သိန်း ၃၀ကြားရှိသည်။ ဝင်ငွေအားဖြင့် ပုံမှန်မရှိသော်လည်း လက်ကား သမား များရှိပြီး ကျပ် ၄၀ သိန်းမှ ၅၀ သိန်းကြား လစဉ်မှာယူပြီး ဗိုလ်ချုပ်အောင်ဆန်းဈေးမှလည်း လစဉ်အမှာရှိကြောင်းသိရသည်။လက်လီရောင်း အားမှာ ခန့် မှန်းလို့မရဘဲ တစ်နေ့တည်း ကျပ် ၁၅ သိန်းဖိုး ဝယ်ယူသူများလည်းရှိပြီး ၎င်းတို့လုပ်ငန်း မှာ  အရင်းအနှီးများလျှင် များသလောက် ထုတ် လုပ်မှုတိုး၍လုပ်နိုင်ကြောင်း သိရသည်။ အင်ကြင်း ကျောက် အရောင်းအသွေးများမှာ မီးခိုးရောင်၊ အညိုရောင်၊ အနီရောင်၊ ခရမ်းရောင်၊ အပြာ ရောင်၊ အစိမ်းေ ရာင်၊ အဝါရောင်နှင့် မြင့်မားသော သစ်ပင်ကြီးမှဖြစ်သည့် အရောင်မှာ အရောင် ပိုရင့်ကြောင်းလည်း သိရသည်။ အင်ကြင်းကျောက် ကို မည်သည့်ရာသီခွင်တွင် မွေးဖွားသူဖြစ်ပါစေ  ဆောင်ထားသင့်ကြောင်း၊ အင်ကြင်းကျောက် ကို  ရေဖြင့် သန့်စင်ပြီး နေရောင်ခြည်အောက်တွင် မိနစ် ၃၀ ခန့်ထားခြင်းဖြင့် စွမ်းအင်ပြည့်နိုင် ကြောင်းလည်း သိရှိရသည်။ KSM တွင်းထွက် ကျောက်အချောထည်လုပ်ငန်း ထုတ်လုပ်ရေးလုပ်ငန်းမှ ထုတ်လုပ်သည့် ပစ္စည်းများ သည် မြန်မာမှု မြန်မာ့ဟန်ကို ပြသရာရောက်ပြီး ဒေသတွင်းထွက် ရှိသည့်ကျောက်လည်းဖြစ်သည့်အပြင် နိုင်ငံခြား သားများ အကြိုက်တွေ့သည့် ပစ္စည်းများဖြစ် ကြောင်းလည်း သိရသည်။

 

နှင်းပန်းဖြူ  (ဇေယျာကုန်သွယ်မှုဗဟိုဌာန)