Main menu

Background

မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များ တိုက်ရိုက်တင်သွင်းရန် ကိုရီးယားကုမ္ပဏီများ စိတ်ဝင်စားလျက်ရှိ

Fri, 11/08/2019 - 12:10 -- journal_editor

       ကိုရီးယားနိုင်ငံမှဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းများအပါအဝင် ကျန်းမာရေးအထောက်အကူပြု  စား သောက်ကုန် ဖြည့်စွက်စာများကိုဖြန့်ဖြူး ရောင်းချသော  ကိုရီးယားကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံမှဓနိဖူးများကို ကိုရီးယားသမ္မတနိုင်ငံသို့ တင်သွင်းလျက်ရှိသည်။ မြန်မာနိုင်ငံက ထွက်ရှိသည့် ဓနိဖူးသည် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားများနိုင်ငံများတွင် ထွက်ရှိသည့်ဓနိဖူးများ ထက်သဘာဝဘေးဒဏ်ခံရမှု နည်းပါးသည့်အတွက်  အရည်အသွေး ပိုမိုကောင်းမွန်သည်ကို စစ်ဆေးတွေ့ရှိရသည်။ ဓနိဖူးတွင်  ကင်ဆာရောဂါအား ကာကွယ်နိုင်သည့် ဒြပ်ပေါင်းများပါဝင်ကာ ကျန်းမာရေးကို လွန်စွာအထောက် အကူပြုသည့်အတွက် ကိုရီးယားသမ္မတ နိုင်ငံတွင် ဓနိဖူးပါဝင်သည့် စားသောက်ကုန်၊ ဖြည့်စွက်စာများသည်  ဝယ်လိုအား လွန်စွာများပြား သည်။  ကိုရီးယားကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံက ထွက်ရှိသည့်ဓနိဖူးအပြင် ဟင်းသီးဟင်းရွက်များအား တင်သွင်းရန် စိတ်ဝင်စားလျက်ရှိကြသည်။

       လက်ရှိတွင် မြန်မာနိုင်ငံကထွက် ရှိသည့် မုန်ညင်းများကိုတရုတ်နိုင်ငံမှတစ်ဆင့် ပြန်လည်ဝယ်ယူတင်သွင်း လျက်ရှိပြီးအအေးခန်းသိုလှောင်မှုစနစ်၊ ရေကြောင်းသယ်ယူ ပို့ဆောင်ရေးစနစ်များ ဖွံ့ဖြိုးတိုးတက်လာပါက မြန်မာ နိုင်ငံနှင့်ပင် တိုက်ရိုက်ရောင်းဝယ်မှုပြုလုပ်လိုကြသည်။ ကိုရီးယားကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံက ထွက်ရှိသည့်ဓနိဖူးအား ဝယ်လိုအား အခိုင်အမာရှိသည့်အတွက် တင်ပို့တင်သွင်းခြင်းဆိုင်ရာကိစ္စများကို ပိုမိုအဆင်ပြေချောမွေ့စေလိုပါသည်။ ဓနိဖူးတင်သွင်းရာတွင် ထွက်ရှိရာ ဒေသမှ ဝယ်ယူစုဆောင်းခွင့်၊ ထုတ်လုပ်ခွင့်တို့အတွက် လိုအပ်သည့်ခွင့်ပြုချက်များရရှိရေး ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်စသည်ဖြင့် အဆင့်ဆင့်တင်ပြရသည်များရှိ၍ ကြန့်ကြာမှုများ ရှိပါသည်။ ကိုရီးယားကုမ္ပဏီများမှဓနိဖူး၏အရည်အသွေးကို နှစ်သက်သည့်အတွက်  ကုန်သွယ်မှုလွယ်ကူ လျင်မြန် ချောမွေ့စေရေး ကြန့်ကြာနေသည့်အဆင့်များကို ဖြေလျှော့ပေးနိုင်စေရေးအတွက် ကူညီဆောင်ရွက်ပေးစေလို ကြသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံမှစိုက်ပျိုး ရေးထွက်ကုန်များ   ပြည်ပနိုင်ငံများသို့ လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့ရာတွင်  အဓိကလိုအပ်ချက်ဖြစ်သည့် အအေးခန်းသိုလှောင်ရုံများ  တည်ဆောက် နိုင်ရေးအတွက်  ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ခြင်းလုပ်ငန်းများကိုသက်ဆိုင်ရာမှ ဦးစီးဆောင် ရွက်ခြင်း ဖြင့်မြန်မာနိုင်ငံ၏ ကုန် သွယ်မှုကဏ္ဍကို  မြှင့်တင်‌နိုင်မည်ဖြစ်သည်။

 

MITC News