Main menu

Background

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပဲပုပ် တင်ပို့နိုင်ရေးကြိုးပမ်းလျက်ရှိ

Thu, 06/25/2020 - 11:32 -- journal_editor

ပဲပုပ်သည် အာဟာရဓာတြွ်ကယ်ဝသော သီးနှံတစ်မျိုး ဖြစ်သကဲသို့ စီးပွားရေးအရလည်းတွက်ခြေကိုက် မျက်နှာပန်း လှသော သီးနှံတစ်မျိုးဖြစ်သည်။ ပဲပုပ်၏ မူရင်းပေါက်ရောက် ရာ ဒေသမှာအရှေ့အာရှဖြစ်ပြီးအများဆုံးစိုက်ပျိုးထုတ်လု ပ်သည့် ဒေသများမှာအမေရိကန် ၊ ဘရာဇီး၊ အာဂျင်တီးနားနှင့် တရုတ်နိုင်ငံတို့ဖြစ်ပြီးအထွက်နှုန်းကောင်းသောနိုင်ငံမှာထိုင်း နိုင်ငံဖြစ်သည်။ ပဲပုပ်ကို အများဆုံးတင်သွင်းသည့်နိုင်ငံများမှာ တရုတ်၊ အီးယူ၊ မက္ကဆီကို၊ ဂျပန်၊ ထိုင်း၊ အီဂျစ်၊ အင်ဒိုနီးရှားအစရှိတဲ့နိုင်ငံများဖြစ် သည်။ ပဲပုပ်ကို မြန်မာနိုင်ငံကုန်းမြင့်ဒေသများတွင် မေလနှင့် ဇွန်လများတွင်လည်းကောင်း၊ မြေပြန့်တွင် သြဂုတ်လနှင့် စက်တင်ဘာလတွင် လည်းကောင်း၊ မြေနုကျွန်းများတွင် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင်စိုက်ပျိုးကြသည်။ ပဲပုပ်ထွက်ရှိသည့် ကာလများမှာကုန်းမြင့်ဒေသများတွင် စက်တင်ဘာမှ အောက်တိုဘာလများတွင်လည်းကောင်း၊ မြေပြန့်ဒေသများတွင် ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင်လည်း ကောင်းထွက်ရှိသည်။ ပဲပုပ်တွင် ကိုလက်စထရော မပါသည့်အပြင် ပါဝင်သော ပရိုတင်းဓာတ်သည် နွားနို့၊ ကြက်ဥ၊ အခြား အသားများတွင် ပါဝင်သောဓာတ်များနှင့် တူညီသည်ဟုလည်း ဆိုသည်။ 

ယခုအချိန်တွင် တရုတ်နှင့်အမေရိကန်၏ ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်နိုင်ငံသည် အမေရိကန်မှ ပဲပုပ်တင် သွင်းမှုကိုလျှော့ချ၍ အာရှမှ ပဲပုပ်များတင်သွင်းရန် စဉ်းစား လာသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ပဲပုပ်များတင်သွင်း နိုင်ရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာလေ့လာ အကဲဖြတ်ခြင်းများနှင့်သက်ဆိုင်သည့် မေးခွန်းများကို ဖြေကြားပေးရန်  တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ ့(General Administration of Customs of China-GACC) မှပေးပို့၍ စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ ပေးပို့ညှိနှိုင်းလာသည်။ တရုတ်နိုင်ငံသည် နှစ်စဉ်ပဲပုပ်တန်ချိန် သန်း ၉၀ ခန့်တင် သွင်းလျက်ရှိပြီးမြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း  အမေရိကန်ပဲပုပ်မျိုးစေ့များကိုစမ်းသပ်စိုက်ပျိုး နေပြီဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ တရားဝင် ပဲပုပ်တင်ပို့ခွင့်ရရှိပါက ရှမ်းပြည်နယ်ရှိ တောင်သူ များအတွက် ဝင်ငွေတိုးစေမည့်အပြင် အလုပ်အကိုင်အခွင့် အလမ်းများကိုလည်း  ဖန်တီးပေးနိုင်မည်ဖြစ်သည်။  အစိုးရ ပိုင်းမှ ဆက်စပ်ဝန်ကြီးဌာနများအနေဖြင့် ဈေးကွက်ကြီးမား သည့် ပဲပုပ်သီးနှံအားတရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရေး GACC နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

MITC News