Main menu

Background

တောင်ငူဈေးကွက်အတွင်း ဝင်ရောက်လာသော နာနတ်သီး

Wed, 08/12/2020 - 14:49 -- journal_editor

 

တောင်ငူမြို့နယ်အတွင်းသို့  ကရင်ပြည်နယ် သံတောင်ကြီး၊ ဘောဂလိ၊ လိပ်သိုဘက်မှ ရာသီအလိုက်သီးနှံများ ဝင်ရောက် ရောင်းချလျက်ရှိရာ သံတောင်နာနတ်သီးအသေးမျိုးတစ်လုံးလျှင် ၄၀ဝ ကျပ်မှ၅၀ဝ ကျပ်အထိ ဈေးရရှိပြီး ရှမ်းပြည်နယ် သီပေါ၊ ကျောက်မဲဘက်မှ ဝင်ရောက်လာသောနာနတ်သီးမှာ သံတောင်ဘက်က အသီးထက်အလုံးလှသလို အရသာမှာလည်း ကွာ သဖြင့် နာနတ်သီးတစ်လုံးလျှင် ၈၀ဝ ကျပ်မှ ၁၀ဝ၀ ကျပ်အထိ ဈေးရရှိကြောင်းနှင့်အရောင်းသွက်လျက်ရှိကြောင်း နာနတ်သီး ရောင်းချသူများထံမှ သိရသည်။                                                                                                သင်းသင်းအေး(တောင်ငူ)