Main menu

Background

စားသုံးဆီဖူလုံစေဖို့ တိုးချဲ့စိုက်ပျိုးစို့

Tue, 12/28/2021 - 09:18 -- journal_editor

ယနေ့ကမ္ဘာပေါ်တွင်  လူသားတို့သည် အစားအစာဘေး အန္တရာယ်ကင်းရှင်းရေးကို အလေးထား စားသုံးလာကြသည်။ ထိုသို့စားသုံးရာတွင် စားသုံးဆီ၏အခန်းကဏ္ဍမှာလည်း အလွန် အရေးပါလာသည်။ လူသားတို့အား  ဘေးဥပဒ် ဖြစ်စေသော စားသုံးဖွယ်ရာတွင် ဆီကြောင့်ဖြစ်ပေါ်သည့် ရောဂါများမှာ အများအပြားပင်ဖြစ်သည်။ ထို့ကြောင့် လူတို့သည် မိမိတို့ဝင် ငွေအရ ကျန်းမားရေးနှင့် ညီညွတ်သော စားသုံးဆီသန့်များကို ရွေးချယ်သုံးစွဲလာကြသည်။ ယနေ့ မြန်မာနိုင်ငံ၏ လူဦးရေ အရ  ဆီစားသုံးမှုကို တွက်ချက်ကြည့်လျှင် အာဆီယံနိုင်ငံ များအတွင်း၌ စားသုံးမှု အနိမ့်ဆုံးနှုန်းနှင့် တွက်ချက်ကြည့်ခြင်း ပင်လျှင် လူတစ်ဦး တစ်နှစ်ပျမ်းမျှ ဆီ ၆၀ ကျပ်သား (၁၂ ကီလို ဂရမ်) ခန့် စားသုံးကြောင်း တွေ့ရှိရသည်။
ထို့ကြောင့် ပြည်တွင်းအတွက် တစ်နှစ်လျှင် ဆီစားသုံးမှု ကို အနိမ့်ဆုံးလိုအပ်ချက်မှာ ခန့်မှန်း မက်ထရစ်တန် ခြောက် သိန်းခွဲခန့်ဖြစ်သည်။ ထို့ပြင် စက်မှုကုန်ကြမ်းအတွက် လိုအပ် ချက်၊ စားသောက်ဆိုင်လုပ်ငန်းများနှင့် ကမ္ဘာလှည့်ခရီးသည် များအတွက် စားသုံးမှုသီးသန့် လျာထားချက်များကို နှစ်စဉ် ခ န့်မှန်းတွက်ချက်၍ နှစ်စဉ် ပြည်တွင်းလိုအပ်ချက် ဖူလုံစေရေး သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့များက အဆိုပါ စိုက် ပျိုးထွက်ရှိမှုမှ ဆီထွက်သီးနှံလုံးဆန် ခန့်မှန်း မက်ထရစ်တန် သုံးသိန်းကျော်ကို ပြည်ပသို့ နှစ်စဉ်တင်ပို့ ရောင်းချနေသဖြင့် ပြည်တွင်း၌ ဆီထွက်သီးနှံ လက်ကျန်တန် ခန့်မှန်း ၁၀ သန်း ကျော်ကိုသာ ဆီကြိတ်ခွဲနိုင်သဖြင့် စားသုံးဆီမက်ထရစ်တန် ခန့်မှန်းလေးသိန်းကျော်သာ ထွက်ရှိကာ စားသုံးဆီ မက်ထရစ် တန် ခန့်မှန်းခြောက်သိန်းခွဲကျော် ပြည်ပမှ နှစ်စဉ်တင်သွင်း နေရသည်ဟု သိရှိရသည်။ လူတစ်ဦးချင်းစီ၏ တစ်နှစ်တာ စားသုံးမှုမှာ အိမ်နီးချင်းနိုင်ငံများအနက် မလေးရှားနိုင်ငံတွင် ၃၈ ကီလိုဂရမ်၊ ထိုင်းနိုင်ငံတွင် ၄၂ ကီလိုဂရမ်ဖြစ်ပြီး ကမ္ဘာ့ စားသုံးမှုမှာ ပျမ်းမျှ ၂၆ ဒသမ ၇ ကီလိုဂရမ်  ရှိနေချိန်တွင် မြန်မာနိုင်ငံ၏ တစ်ဦးချင်းစားသုံးမှုမှာ အနိမ့်ဆုံးဖြစ်သည့် ၁၂ ကီလိုဂရမ်ဖြင့်သာ တွက်ချက်ထားခြင်းဖြစ် သည်။
ကမ္ဘာ့အခြေအနေ ပြောင်းလဲလာမှုအရ ဆီထွက်သီးနှံ မှာ ဈေးကွက်သီးနှံ ဖြစ်လာနေသည်။ ဆီထွက်သီးနှံတွင်လည်း မြန်မာနိုင်ငံ၏ အဓိကဆီထွက်သီးနှံများမှာ  နှမ်း၊ မြေပဲ၊ နေကြာ၊ ပန်းနှမ်း၊ ပဲပိစပ်နှင့် ဆီအုန်း စသည်တို့ ဖြစ်ကြသည်။ စားသုံးဆီထုတ်လုပ်မှုတွင် မြေပဲသည် အဓိကအခန်းကဏ္ဍမှ  ပါဝင်နေသဖြင့် မြန်မာနိုင်ငံ  ဆီစက်ပိုင်ရှင်များ အသင်းက မြေပဲကို ကန်ထရိုက်စနစ်ဖြင့် စိုက်ပျိုးလိုသည့် တောင်သူများ ကို မြေပဲမျိုးကောင်းမျိုးသန့်နှင့် ပံပိုးကူညီပေးကာ စိုက်ပျိုး ပေးလျက်ရှိသည်။ နောင်အခါတွင် တိုးချဲ့သွားရန်ရှိပြီး မြန်မာ့ ဆီထွက်သီးနှံများကို လက်ငင်းအခြေအနေပေါ်  မူတည်၍ တွက်ချက်ကြည့်သောအခါ လုံးဆန်အတိုင်းရောင်းချမှုမှ ရရှိ သည့် ဝင်ငွေနှင့် စားသုံးဆီလိုအပ်ချက်ကို ပြည်ပမှတင်သွင်း၍ သုံးစွဲရသည့် ငွေတို့၏ ခြားနားချက်အရ  အမေရိကန်ဒေါ်လာ သန်း ၂၀ဝ၀ နီးပါး ခန့်မှန်းအကျိုးအမြတ်ရရှိနေသည်ဟု ဆီ ကျွမ်းကျင်ပညာရှင်များက တွက်ချက်ရရှိသဖြင့် အခြေအနေ အပေါ်မူတည်ကာ  နည်းလမ်းစုံဖြင့် ဆီထွက်သီးနှံ တိုးချဲ့ စိုက်ပျိုးကြရန် တိုက်တွန်းလိုက်ရပါသည်။

ငြိမ်းဝေနှင်း (ရန်ကုန် စားသုံးသူ)
ကိုးကားချက်- လယ်ယာစီးပွားသတင်းဂျာနယ်