Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Tue, 08/30/2022 - 16:54 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၂ ခုနှစ် သြဂုတ် ၈ ရက်တွင် International Rice Market Website ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၈ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၃၄၁ ဒေါ်လာဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည် ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၃၅ ဒေါ်လာ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၄၂၁ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၅ ဒေါ်လာ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၂ ဒေါ်လာဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရသည်။

ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင် နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၈ ဒေါ်လာဖြင့် လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၈၃ ဒေါ်လာဖြင့်လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၂၈ ဒေါ်လာဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာ တွေ့ရှိရသည်။Thai Rice Exporter Association ၌ ဖော်ပြချက် အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ် ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်းဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန် ဈေးနှုန်းများမှာ မြင့်တက်နေပြီး ဗီယက်နမ်နှင့် ပါကစ္စတန်နိုင်ငံ တို့တွင် ဆန်ဈေးနှုန်းများ ကျဆင်းလျက်ရှိကာ အိန္ဒိယနိုင်ငံတွင် ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိသည်ကို သိရှိရသည်။

ဆန်ဈေးကွက်နှင့်ပတ်သက်သည့် ပြည်ပသတင်းများအနေ ဖြင့် ကမ္ဘာ့ဆန်ဈေးကွက်တွင် ဈေးကွက်နေရာ ၉၀ ရာခိုင်နှုန်းအထိ အများဆုံး နေရာယူထားသော အာရှနိုင်ငံများတွင် ရာသီဥတု ဖောက်ပြန်မှုများကြောင့် ဆန်ဈေးကွက် အကျပ်အတည်း ဖြစ်လာ နိုင်ခြေ မြင့်မားနေကြောင်း သိရှိရသည်။ ကမ္ဘာ့ထိပ်တန်း ဆန် တင်ပို့သော နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင် အနောက်တောင် မုတ်သုံမိုးရေချိန်သည် ရွာသွန်းမြဲအထက် ၆ ရာခိုင်နှုန်း ကျော် လွန်နေပြီး ဒေသအလိုက် မိုးရေရရှိမှု ကွာခြားလွန်းသောကြောင့် စပါးအပါအဝင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရေးအတွက် စိုးရိမ်စရာ ဖြစ်လာကြောင်းBank of Barodaမှ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ထားသည်ကို သိရှိရသည်။ ၎င်းအစီရင်ခံစာအရ အိန္ဒိယ  နိုင်ငံ၏ ဥတာပရာဒေ့ရှ်၊ အနောက်ဘန်ဂေါနှင့် ဘီယာလိုပြည်နယ် များတွင် မိုးရေချိန် လိုအပ်ချက်ဖြစ်ပေါ်နေပြီး ဆန်စပါး အပါ အဝင် မိုးသီးနှံ စိုက်ဧရိယာများ ကျဆင်းနေကြောင်း သိရှိရသည်။

ဆန်ကို   အဓိကဝယ်ယူနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လည်း မိုးများခြင်း၊ ရေကြီးခြင်းများကြောင့် ဆန်စပါးအထွက်နှုန်း ကျဆင်းခဲ့ပြီး   ပြည်တွင်းဆန်ဖူလုံရန် ပြည်ပမှ ဆန်အမြောက် အမြား တင်သွင်းဖြည့်တင်းနေရကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံ တွင်လည်း ယခင်တစ်ပတ်ထက် ဆန်ဈေးနှုန်းများ မြင့်တက်လာ ခဲ့ကြောင်း သိရှိရသည်။

လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၅ ရက်အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၄၄၅၉၉၀ ဒသမ ၅၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၁ ဒသမ ၅၈၂ သန်း၊ ဆန်ကွဲ တန်ချိန် ၂၉၈၅၉၅ ဒသမ ၃၅၀ တန်၊ တန်ဖိုး  အမေရိကန်ဒေါ်လာ ၉၅ ဒသမ ၄၁၉ သန်း၊  စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၇၄၄၅၈၅ ဒသမ ၉၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၅၇ ဒသမ ဝ၀၁ သန်း ရရှိထားပြီး ယခင်နှစ်ကာလ တူတွင် ဆန်တန်ချိန် ၃၂၁၈၈၃ ဒသမ ၃၆၃ တန်၊ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၁၃၂ ဒသမ ၂၉၀ သန်း၊ ဆန်ကွဲတန်ချိန် ၂၆၂၉၀၃ ဒသမ ၉၈၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၇၇၃ သန်း၊ စုစုပေါင်း ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၅၈၄၇၈၇ ဒသမ ၃၄၃ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၁၇ ဒသမ ဝ၆၃ သန်းဖြစ်ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရှိရ သည်။

ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၁၂၄၁၀၇ ဒသမ ၁၈၇ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၂၉၂ သန်း၊ ဆန်ကွဲ တင်ပို့မှုအနေဖြင့် ဆန်ကွဲ တန်ချိန် ၃၅၆၉၁ ဒသမ ၃၇၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆၄၆ သန်း ပိုမိုတင်ပို့ခဲ့သည်ကို သိရှိရ သည်။