Main menu

Background

သဘာဝနွားချေးမြေသြဇာဈေးကွက်

Tue, 04/09/2013 - 13:31 -- ydnar

နွေဦးထွန်ရေးယက်ရေးလုပ်ငန်းများ အညာမှာ စတင်နေသည်။ နွေထယ်ရေးထွန်ယက်သလို သဘာဝမြေသြ ဇာ နောက်ချေး (နွားချေး)သစ်ရွက်ဆွေးများလည်း လယ်ကွင်းယာကွင်းတွေထဲ မိုးမကျမီ ချနေကြသည်။
ယခုနှစ် နွားချေးတွေ သစ်ဆွေးမြေသြဇာတွေကို ကားတွေ၊ ထော်လာဂျီတွေ ထွန်စက်တွေနဲ့ သယ်ယူ အရောင်း အဝယ်ဖြစ်နေကြသည်။ နွားချေးကားတစ်စီး (၆ဘီးကား)ကျပ် ၄၀၀၀၀ မှ ၈၀၀၀၀ ထိရှိသည်။ အလားတူ သစ်ဆွေး မြေသြဇာကလည်း ဈေးရှိသည်။အထူးသဖြင့် ရှမ်းပြည်က နွားချေးမြေသြဇာတွေကို ပင်စည်တစ်ဝိုက်က ကားများနှင့် ဝယ်ယူနေကြ သည်။ တောင်ယာ သီးနှံထွက် မြန်မာပြည်က ရှမ်းပြည်သယ်ယူခြင်းဖြစ်သည်။ သဘာဝမြေသြဇာဈေးကွက်ရှိလာသည်။ တောင်သူတွေနွားမွေးမြူသူတွေက စနစ်တကျစုပုံ စုဆောင်းပြီး နွေ ပေါက်မှာ ပြန်ရောင်းချခြင်းဖြစ်သည်။မွေးမြူရေးသမားများအတွက် အပိုဝင်ငွေတွေဖြစ် သည်။နွားထိုးကြီးနယ်တွင် စိုက်ဧက (၂၃၆၁၅၀)ဧကရှိသည်။တောင်သူ(၅၃၄၃၉)ဦးကလုပ်ကိုင်နေကြသည်။
ဌေးမြင့်မောင်