Main menu

Background

လယ်ယာမြေလုပ်ပိုင်ခွင့်မှတ်ပုံတင်ပေး

Tue, 04/09/2013 - 13:20 -- ydnar

နွားထိုးကြီးမြို့နယ်တွင်  လယ်ယာ မြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့်လက် မှတ်ထုတ်ပေးခြင်းလုပ်ငန်းကို ကျေးရွာ ၆၄ အုပ်စု၊ ရပ်ကွက် ရှစ်ရပ်ကွက်ရှိ ကွင်း ပေါင်း ၅၉၄ ကွင်း၊ ဦးပိုင် ၉၆၅၉၉၊ စိုက်ဧက ၂၃၆၁၅၀ ကျော်ကို မြေစာ ရင်း ဦးစီးဌာနမှ အဖွဲ့ ၇၂ ဖွဲ့ဖြင့် ဇန်န ဝါရီ ၁ ရက်မှ စတင်လုပ်ငန်းဆောင်ရွက် နေရာ ၆၀ ရာခိုင်နှုန်းပြီးစီးနေသည်ဟု မြို့နယ်မြေစာရင်းဦးစီးအရာရှိ ဦးတင် ထွန်းက ပြောသည်။

ပုံစံ(၁)လျှောက်လွှာအခမဲ့ ဖြန့်ဖြူး ခြင်း၊ မြေပုံထုတ်ခြင်း၊ စိစစ်ခြင်းများကို တောင်သူ ၅၃၄၃၉ ဦးနှင့် ၂၀၁၃ ခုတစ် နှစ်တာအတွင်း  လုပ်ငန်းဆောင်ရွက် သွားရန်ရှိနေကြောင်း၊ မည်သည့်ငွေ ကြေးအဖိုးအခမှမယူဘဲမှတ်ပုံ တင်ကြေး သာသာ ဘဏ်ငွေသွင်းချလံဖြင့် လက် ခံသွားရန်ရှိကြောင်းဖြင့် ဦးစီးအရာရှိက ဆက်လက် ပြောကြားသည်။
လယ်သမားတွေ၊  တောင်သူတွေ တရားဝင်မြေပေါင်ရောင်းဝယ်ခွင့်ရမည် ဖြစ်၍ ဝမ်းသာကြောင်း၊ ရွာအရော က် ေ လျှာက်လွှာတွေ  ငွေပေးစရာမလိုဘဲ  အခမဲ့ ရောက်နေပြီဖြစ်၍ မြေယာမှတ် ပုံတင်ရေးစိတ်ဝင် စားကြောင်း ကျော က် ဖြူရွာ တောင်သူတစ်ဦးက ဆိုသည်။           
ဌေးမြင့်မောင်