Main menu

Background

မြကျောက်သရက် လက်ကျန်နည်းချိန် အရောင်းသွက်နေ

Wed, 06/05/2013 - 12:48 -- ydnar

ပဲခူးတိုင်းဒေသကြီး၊ ပြည်သစ်သီး ဈေးကွက်အတွင်းဧပြီနောက်ဆုံးပတ်မှစ ၍ဝင်ရောက်လာသောမြကျောက် သရက် များမှာ ယခုမေလကုန်မှာ တုံးစပြုကာ ရှားပါးလာပြီဖြစ်ပါတယ်။ ပေါ်စ အချိန် ကခေါင်သီးတစ်လုံး ၅၀၀ကျပ်မှ၈၀၀ ကျပ်ခန့်ရှိပြီး လှိုင်လှိုင်ပေါများချိန်မှာ တော့ ၃ လုံး ၂၀၀ ကျပ်ထိဈေးချိုကာ အရောင်းသွက်ခဲ့တာ ကို တွေ့ရပါတယ်။ မြကျောက်သရက်ပေါ်ချိန်မှာ၁ လနီးပါး ခန့်သာရှိတာကြောင့် ယခုတုန်းစပြုပြီး အသီးများရှားပါးချိန် မှာတော့ အသေး တစ်လုံး၂၀၀ကျပ်မှအကြီးတစ်လုံး၅၀၀ ကျပ်ဈေးထိ ဈေးပြန်မြင့်ခဲ့ပေမဲ့  အမျှင် နည်းပြီးအချိုလေးတဲ့ အရသာကို ကြိုက် နှစ်သက်သော မြကျောက်သရက်ကြိုက် နှစ်သက်သူများနဲ့ လက်ဆောင်ပေးပို့ရန် ဝယ်ယူသူများကြောင့်သစ်သီးဈေးကွက် အတွင်းအရောင်းသွက်နေဆဲဖြစ်ပါတယ်။
အိဆွေဇင်-ပြည်