Main menu

Background

ယခုတစ်ပတ်အတွင်း နို့ဆီ၊ နို့မှုန့်နှင့်  ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Tue, 01/03/2023 - 15:23 -- journal_editor

ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၉၀ သန်း တန်ဖိုးရှိ နို့ဆီတန်ချိန် ၃၆၀ ကျော် တင်သွင်း ခဲ့သည်။ ယခုတစ်ပတ်အတွင်း စင်ကာပူနိုင်ငံမှ တန်ချိန် ၂၂၀ ကျော်နှင့် မလေးရှားနိုင်ငံမှ တန်ချိန် ၁၅၀ ခန့်  တင်သွင်းခဲ့ သည်။ အနီးစပ်ဆုံးကာလနှင့်  နှိုင်းယှဉ်ပါက နို့ဆီတန်ချိန် ၂၀ဝ  ခန့် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ  ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၉၃ သန်းတန်ဖိုးရှိ နို့မှုန့် တန်ချိန် ၁၈၀ ကျော် လစ်သူ ရေးနီးယားနိုင်ငံမှ တင်သွင်းခဲ့သည်။ 
ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ  ကာလအတွင်း ပင်လယ်ရေကြောင်း  ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၂၉၄ သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၂၅၀ ကျော်တင်သွင်းခဲ့သည်။ ယခုတစ်ပတ်အတွင်း သြစတြေးလျ နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ်နိုင်ငံ၊ အီကွေဒေါ နိုင်ငံ၊  ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန် နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန် နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူ နိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်မှုမှ ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်ထိ ကာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၈၂၅ သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၁၂၀ကျော် တင်သွင်းခဲ့ သည်။ တင်သွင်းမှုများအနေဖြင့်  ထိုင်းနိုင်ငံမှ တန်ချိန် ၂၀ ကျော်နှင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၁၀ဝ ခန့် တင်သွင်းခဲ့ကြောင်း သိရသည်။                      

အိမ့် (DOT)