Main menu

Background

ကသာခရိုင် ပဲပုပ်သီးနှံ စတင်ရိတ်သိမ်းချိန် ဈေးကောင်းရ

Tue, 03/28/2023 - 12:05 -- journal_editor

ကသာခရိုင်၌ ပဲပုပ်သီးနှံကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ခရိုင်စိုက်ဧကပေါင်း ၅၃၅၉ ဧကရှိသည်။ မတ်လပထမပတ်၌ ပဲပုပ်သီးနှံ စတင်ရိတ်သိမ်းကြပြီး ဒေသတွင်း ပဲပုပ်ခြောက်လုပ်ငန်းများမှ ဝယ်ယူသိုလှောင်မှုများရှိကာ မန္တလေး အဝယ်ဒိုင်များသို့ တင်ပို့ရောင်းချမှုများလည်းရှိကြောင်း သိရသည်။

ပဲပုပ်သီးနှံသည် အကြမ်းခံသော ဆီထွက်သီးနှံဖြစ်သည်။ တစ်ဧကစိုက်ပျိုးကုန်ကျစရိတ်မှာ အခြားပဲသီးနှံများထက် လျော့နည်းပြီး ကျပ်လေးသိန်းဝန်းကျင်ခန့်သာ ကုန်ကျသည်။ ပဲပုပ်သီးနှံကို စက်တင်ဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး မတ်လနှင့် ဧပြီလများတွင် ရိတ်သိမ်းကြသည်။ ယခုနှစ် ပဲပုပ်သီးနှံ တစ်ဧကအထွက်နှုန်း ၁၅ တင်းရှိပြီး ဒေသတွင်းတစ်တင်းဈေး ကျပ် ၇၀ဝ၀ဝ ဈေးရှိသောကြောင့် တစ်ဧကအကျိုးအမြတ် ကျပ် ၆၅၀ဝ၀ဝ ရှိကြောင်း တောင်သူများထံမှ သိရသည်။ ပဲပုပ်သီးနှံကို အများအားဖြင့် မန္တလေးအဝယ်ဒိုင်များသို့ တင်ပို့ရောင်းချကြပြီး ဒေသတွင်း ပဲပုပ်လုပ်ငန်းရှင်များကလည်း ဝယ်ယူသိုလှောင်မှုများရှိကြောင်း ကသာခရိုင် ပဲပြောင်းနှမ်းအသင်းဥက္ကဋ္ဌ ဦးမြင့်သိန်းထံမှ သိရသည်။ 

ကြည်နိုင်ဦး (အင်းတော်)