Main menu

Background

နို့ဆီ၊ နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Thu, 03/30/2023 - 13:46 -- journal_editor

မတ် ၁၁  ရက်မှ ၁၇ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၃၂သန်း တန်ဖိုးရှိ နို့ဆီတန်ချိန် ၈၀ ကျော် စင်ကာပူနိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နို့ဆီ တန်ချိန် ၅၈၀ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။

မတ် ၁၁  ရက်မှ ၁၇ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၄၃ သန်းတန်ဖိုးရှိ နို့မှုန့်တန်ချိန် ၇၀ ကျော် နယူးဇီလန်နိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နို့မှုန့် တန်ချိန် ၅၅၀ ကျော်  လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။

မတ် ၁၁  ရက်မှ ၁၇ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ဝ၂၄  သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၅၀ဝ ကျော် တင် သွင်းခဲ့သည်။ ယခုတစ်ပတ်အတွင်း အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ သြစတြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ်နိုင်ငံ၊ အီကွေဒေါနိုင်ငံ၊  ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ဆေးဝါးပစ္စည်းများ တန်ချိန် ၁၀ဝ ခန့်  ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။                                        

အိမ့် (DOT)