Main menu

Background

တောင်ကိုရီးယားနိုင်ငံ၌ လယ်ယာထွက်ကုန်ဈေးနှုန်းများ တည်ငြိမ်ရေး အထူးကြပ်မတ်လျက်ရှိ

Tue, 12/28/2021 - 10:26 -- journal_editor

တောင်ကိုရီးယားနိုင်ငံ၌ ၂၀၂၁ ခုနှစ်  နှစ်သစ်ကူးအားလပ်ရက်မတိုင်မီ ငွေကြေးဖောင်းပွမှုဖိအားကို တည်ငြိမ်အောင်ကူညီပေးနိုင်ရန်အတွက် အဓိက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေထွက်ကုန် ကုန်ပစ္စည်းများ၏ဈေးနှုန်း   အတက်/ အကျ ပြောင်းလဲမှုအခြေအနေကို၂၀၂၁ ခုနှစ်    ဒီဇင်ဘာ   တတိယပတ်မှစ၍ တောင်ကိုရီးယားနိုင်ငံ   သက်ဆိုင်ရာ ဝန်ကြီးဌာန၏      တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်စောင့်ကြည့်လျက်ရှိကြောင်း၊ မုန်ညင်းဖြူ (Nappa Cab-bage)၊ အမဲသား၊    ကြက်ဥနှင့် ထမင်း အပါအဝင် အားလပ်ရက်တွင် ပြင်ဆင် အသုံးပြုကြမည့်      အစားအစာများ အတွက် အဓိကအသုံးပြုသည့်ကုန်စည် ၁၇ မျိုး၏ ဈေးနှုန်းပြောင်းလဲမှုအခြေ အနေကို အစိုးရက  စောင့်ကြည့်သွား  မည်ဖြစ်ကြောင်း      တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးဌာန၏     ဒုတိယ ဝန်ကြီး(၁)  Lee Eog-weonမှ ဒီဇင်ဘာ ဒုတိယပတ်အတွင်းတွင် ထုတ်ဖော်ပြော ကြားခဲ့မှုအရ သိရှိရသည်။
    လက်ရှိအခြေအနေအရ   တောင် ကိုရီးယားနိုင်ငံသည်       စီးပွားရေး ပြန်လည်   ဦးမော့လာချိန်တွင်  လယ် ယာထွက်ကုန်ပစ္စည်းများနှင့် ရေနံထွက် ကုန်ဈေးနှုန်းများ     မြင့်တက်လာမှုနှင့် ငွေကြေးဖောင်းပွမှု  ဖိအားများကို  ရင်ဆိုင် ရလျက်ရှိသည့်အတွက်   ယခုကဲ့သို့ ကုန်ဈေးနှုန်း   တည်ငြိမ်စေရေး  စောင့် ကြည့်ရန်    လှုပ်ရှားမှုအစီအစဉ်   ထွက် ပေါ်လာခြင်းဖြစ်သည်။    ၂၀၂၂  ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၂ ရက် အထိ   ကျရောက်မည့် ၂၀၂၂ ခုနှစ်၏Lunar New Year Holiday    ကာလ မတိုင်မီ  မိသားစုဆုံစည်းမှု  မိတ်ဆုံစားပွဲ များအတွက်အသုံးပြုရန် ဟင်းသီးဟင်း ရွက်များ၊      ကြက်ဥများနှင့် အခြားသော        စားသောက်ကုန်များကို ဝယ်ယူမှုများ ပြားသဖြင့် ထိုကာလတွင် ဈေးနှုန်းများ မြင့်တက်လေ့ရှိသည်။
    ၂၀၂၁ခုနှစ်  ဒီဇင်ဘာလအတွင်း အမေရိကန်နိုင်ငံမှ    ကြက်ဥ သန်း ၃၀ တင်သွင်းမည်ဖြစ်ပြီး ပြည်ပမှ တင်သွင်း သော   ကြက်ဥများအပေါ် အခွန်စည်း ကြပ်ခြင်း  ယာယီဖယ်ရှားမှုကို လာမည့် ၂၀၂၂ ခုနှစ် ဇွန်လအထိ  နောက်ထပ် ခြောက်လသက်တမ်းတိုး၍  ဆက်လက် အခွန်လျှော့ပေါ့ပေးရန် အစိုးရက စီစဉ် ထားသည်။   တောင်ကိုရီးယားနိုင်ငံသို့ ကြက်ဥတင်သွင်းမှုအတွက်   တစ်လ လျှင် ကြက်ဥ သို့မဟုတ်  ဥထွက်ပစ္စည်း သန်း ၁၀ဝ ကို ယာယီအကောက်ခွန်ကင်း လွတ်ခွင့်ဖြင့်   တင်သွင်းခွင့်ပြုမည်ဖြစ် ကြောင်း  ထုတ်ပြန်ကြေညာထားသည်။
    ဆောင်းရာသီအချိန်တွင် ရာသီ ဥတုဆိုးရွာ‌မှုကြောင့် တောင်ကိုရီးယား နိုင်ငံ၌ စိုက်ပျိုးဖြစ်ထွန်းမှု နည်းပါးသော ကိုရီးယားအဓိက အစားအစာဖြစ်သည့် ကင်မ်ချီပြုလုပ်ရာတွင်  အဓိက ပါဝင် ပစ္စည်းဖြစ်သော မုန်ညင်းဖြူဂေါ်ဖီထုပ် (Nappa Cabbage)  ကိုလည်း ဝယ်ယူ စုဆောင်းရန် စီစဉ်ထားကြောင်း၊ ထို့ပြင် ကြက်သွန်ဖြူအထွက်နှုန်း    ကျဆင်းမှု ကြောင့် ပြည်တွင်းဈေးနှုန်း မြင့်နေသေး သဖြင့် ကြက်သွန်ဖြူ တန်ချိန်  ၁၀ဝ၀ဝ ကိုလည်း  ပြည်ပမှ တင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။

ဝင်းပပသူ(စီးပွားရေးသံမှူး)
မြန်မာသံရုံး၊ ဆိုးလ်မြို့