Main menu

Background

၂၀၂၁ခုနှစ်တွင် ဘရာဇီးနိုင်ငံသည် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၆၁ ဘီလီယံ ရရှိခဲ့

Thu, 01/20/2022 - 15:02 -- journal_editor

၂၀၂၁ ခုနှစ်တွင် ဘရာဇီးနိုင်ငံသည် ပို့ကုန်သွင်းကုန်လုပ်ငန်းမှကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၆၁ ဘီလီယံကျော် ရရှိခဲ့ သည်။ အဆိုပါ ကုန်သွယ်မှုပိုငွေပမာဏသည်  ယခင်နှစ်ကရရှိခဲ့သည့်ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၅၀ ဒသမ၄ ဘီလီယံထက် ၂၁ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ကြောင်း    စီးပွားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဘရာဇီးနိုင်ငံ၏  ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ၂၄ ဒသမ ၃၆၆ ဘီလီယံနှင့်  သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ၂၀ဒသမ ၄၁၈ ဘီလီယံ၊ စုစုပေါင်းကုန်သွယ်မှု ပမာဏအမေရိကန်ဒေါ်လာ ၄၄ ဒသမ ၇၈၄ ဘီလီယံဖြစ်ပေါ်ခဲ့ပြီး ဒီဇင်ဘာလတစ်လတည်းတွင် ကုန်သွယ်မှု ပိုငွေ ၃ဒသမ ၉၄၈ဘီလီယံ ရရှိခဲ့သည်။ဘရာ ဇီး နိုင်ငံ ၏ ၂၀၂၁ ခုနှစ် တစ်နှစ်လုံး၏  ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၈၀ ဒသမ ၃၉၄ ဘီလီယံ၊ သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၁၉ ဒသမ ၃၈၆ ဘီလီယံနှင့် စုစုပေါင်း ကုန် သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၉၉ ဒသမ ၇၈ ဘီလီယံဖြစ်ပေါ် ခဲ့ပြီး ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၆၁ ဒသမ ဝ၀၈ ဘီလီယံ ရရှိခဲ့ကြောင်း ဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်တွင်  ဖော်ပြထား သည်။ဘရာဇီးနိုင်ငံ၏ ၂၀၂၁ ခုနှစ်  ဒီဇင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့ သည့် ကုန်သွယ်မှုအခြေအနေအား ယခင်နှစ်အခြေအနေများနှင့် နှိုင်းယှဉ်ကြည့်ရာတွင် ပို့ကုန်တွင် ၂၆ ဒသမ ၃၀ ရာခိုင်နှုန်းနှင့် သွင်း ကုန်တွင် ၂၄ ရာခိုင်နှုန်းတို့  အသီးသီးတိုးတက်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။၂၀၂၁ ခုနှစ် အတွင်း ဘရာဇီးနိုင်ငံ၏ ကုန်သွယ်မှုတွင် လယ် ယာကဏ္ဍ၌ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၆၆ သန်း၊  စက်မှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၃၁ဒသမ ၆ သန်းနှင့် စက်မှုကုန်ချော ထုတ် လုပ်မှုတွင် အမေရိကန်ဒေါ်လာ ၁၂၉ ဒသမ ၅၉ သန်းတို့ အသီးသီး တိုးတက်ရရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ဝန်ကြီးဌာနက   ထုတ်ပြန်သော ကုန်သွယ်မှုစာရင်းများအရ ၂၀၂၁ ခုနှစ်တွင်   ဘရာဇီးနိုင်ငံ၏ ပို့ကုန်တင်ပို့မှုတွင် တိုးတက်မှုများ ရှိခဲ့ကြောင်း၊ အထူးသဖြင့် ပဲပုတ်စေ့၊ ကော်ဖီကုန်ကြမ်း၊ ဂျုံစေ့များ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ရေနံစိမ်းနှင့် အခြားတွင်းထွက်သတ္တု များ၊ သဘာဝဓာတ်ငွေ့တို့တွင်     ပိုမိုတိုးတက်တင်ပို့နိုင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထွန်းအောင်ဇော်(စီးပွားရေးသံမှူး)
(မြန်မာသံရုံး၊ဘရာဇီးမြို့)