Main menu

Background

နယ်စပ်စစ်ဆေးရေးဂိတ်များတွင် ဉာဏပစ္စည်းမူပိုင်ခွင့် ချိုးဖောက်မှုများကို တားဆီးနှိမ်နင်းရန် ဆောင်ရွက်လျက်ရှိ

Wed, 02/02/2022 - 15:24 -- journal_editor

ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နယ်စပ်စစ်ဆေးရေးဂိတ်များတွင်  ဉာဏပစ္စည်းမူပိုင်ခွင့် (IP)ချိုးဖောက်မှုများကို တားဆီးနှိမ်နင်းရန်  အစီအမံများကို ဆောင်ရွက် လျက်ရှိကြောင်း၊ ၎င်းမှာ ကုန်သွယ် ဖက်နိုင်ငံများအကြား ယုံကြည်မှု ကို တည်ဆောက်ရန်နှင့် ပိုမိုကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်း ကျင်ကိုဖန်တီးရန် လုပ်ဆောင်မှုဖြစ်ကြောင်း သိရှိရသည်။အဆိုပါလှုပ်ရှားမှုသည် နိုင်ငံအတွင်းသို့ အဆင့်မမီ  ထုတ်ကုန် များ တင်သွင်းလာမှုကို တားဆီးနိုင်ရန်နှင့်ပြည်တွင်းရှိ  စားသုံးသူများ ကို အကာအကွယ်ပေးနိုင်ရန်လည်းဖြစ်သည်။ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sinit Lertkrai ၏ပြော ကြားချက်အရ ခိုးကူး အမှတ် တံဆိပ် များနှင့် ထုတ်ကုန်များအား တင် ပို့ခြင်း၊ တင်သွင်းခြင်း သို့မဟုတ် ထိုင်းနိုင်ငံကိုတစ်ဆင့် ဖြတ်သန်း သယ်ဆောင်ခြင်း စသည့် မည်သည့်ပုံစံတစ်ခုခုကိုမဆို   တားမြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ၏ အမိန့် ကြော်ငြာစာမူကြမ်းကို အစိုးရအဖွဲ့က ဇန်နဝါရီ ၄ရက်တွင် အတည် ပြုပေးခဲ့ကြောင်းသိရှိရသည်။အဆိုပါ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးပါက  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အကောက်ခွန် ဦးစီးဌာန နှင့်အနီးကပ်ပူးပေါင်းကာ နိုင်ငံအတွင်းမှတင်ပို့ခြင်း၊ တင်သွင်းခြင်း နှင့် ထိုင်းနိုင်ငံကိုတစ်ဆင့် ဖြတ်သန်းသယ်ဆောင်မည့်   ကုန်အမှတ် တံဆိပ်ချိုးဖောက်သောထုတ်ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။အဆိုပါကြိုးပမ်းဆောင်ရွက်ချက်သည်   နယ်စပ်စစ်ဆေးရေး ဂိတ်များတွင် IP ချိုးဖောက်မှုများကိုတားဆီးနှိမ်နင်းရာတွင် ထိရောက် မှုကိုတိုးတက်လာစေမည်ဖြစ်ပြီး  အကျိုးဆက်အနေဖြင့် ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့၏ အသိ ဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ  သဘောတူညီ ချက်အရနှင့်ယခုလအတွင်း အသက်ဝင်မည့်ဒေသတွင်း ဘက်စုံစီးပွား ရေးပူးပေါင်းဆောင်ရွက်ရေးအစီအစဉf(RCEP)တို့အရ ကုန်သွယ်မှု မိတ်ဖက်များ၏ ယုံကြည်မှုကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
ဉာဏပစ္စည်းမူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်Vuttikrai Leewiraphan က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအရဉာဏပစ္စည်းမူပိုင်ခွင့်ရရှိထားသူများအနေဖြင့်အကောက်ခွန်ဦးစီးဌာနသို့ တိုက်ရိုက်ဆက်သွယ်အကြောင်း ကြားနိုင်ကြောင်းနှင့်  အကောက်ခွန်တာဝန်ရှိသူများအနေဖြင့် သံသယရှိသည့် ကုန်အမှတ်တံဆိပ်နှင့် ထုတ်ကုန်များကို ချက်ချင်း စစ်ဆေးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။လတ်တ လော အားဖြင့်မူပိုင်ခွင့်ပိုင်ရှင်များသည် ဉာဏပစ္စည်း မူပိုင်ခွင့်ဦးစီးဌာနသို့  ပထမဦးစွာ အကြောင်းကြားရမည်ဖြစ်ကြောင်း၊ ၎င်းနောက်  အကောက်ခွန်ဦးစီးဌာနသို့ သတင်းအချက်အလက်များ ဆက်လက်ပေးပို့ကာ စစ်ဆေးမှုများကို ဆောင် ရွက်သွားမည်ဖြစ် ကြောင်း သိရှိရသည်။ အဆိုပါ အမိန့်ကြော်ငြာစာသည်   အစိုးရ ပြန်တမ်းတွင် ထုတ်ပြန်သည့်ရက်မှစ၍ ရက်ပေါင်း ၉၀ အကြာတွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်းသိရှိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနဝန်ကြီးကဉာဏပစ္စည်းမူပိုင်ခွင့်ကိုနိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရန်နှင့် စီးပွား ရေးကိုပြန်လည်မြင့်တင်ရာတွင် ကိရိယာတစ်ခုအဖြစ် အသုံးချသွား မည်ဖြစ်ကြောင်း ယခုနှစ်အစောပိုင်းတွင် ပြောကြားခဲ့သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ နောက် ထပ် ရည်မှန်းချက်တစ်ခုမှာ ဒေသခံပြည်သူများ၏ ဘဝအရည်အသွေး နှင့်သုခချမ်းသာများပြည့်စုံစေရန် ပထဝီဒေသဆိုင်ရာအညွှန်းကိန်းGeographical Indications (GI)များကို မြင့်တင်ဆောင်ရွက်သွားရန် ဖြစ်ကြောင်းသိရှိရသည်။   အဆိုပါ ထူးခြားသည့် လက္ခဏာများနှင့် ဝိသေသများအတွက် အထောက်အထားလက်မှတ်ကို  ရရှိခြင်းဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ဈေးကွက်များတွင် ဈေးကွက်တန်ဖိုးကို ပိုမိုတိုးမြှင့် စေနိုင်ကြောင်းသိရှိရသည်။
လွင်မျိုးဇော်(စီးပွားရေးသံမှူး)၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့။