Main menu

Background

ပို့ကုန်မြှင့်တင်ရန် ထိုင်းဆန်မျိုးကွဲသစ်များ တန်းစီထား

Fri, 03/04/2022 - 14:07 -- journal_editor

ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၄ခုနှစ်တွင် ဆန်တင်ပို့မှု ယှဉ် ပြိုင်နိုင်စွမ်းမြှင့်တင်နိုင်ရန်အတွက် စီးပွားဖြစ် ထုတ်လုပ်နိုင် မည့် ဆန်မျိုးကွဲသစ် ၁၂ မျိုးအား ဖွံ့ဖြိုးတိုးတက်စေရန် စီစဉ်နေကြောင်းသိရှိရသည်။စီးပွားဖြစ်  ထုတ်လုပ်နိုင်သည့်   ဆန်မျိုးကွဲသစ်များ အား ဆုချီးမြှင့်သည့်  အခမ်းအနားအပြီးတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာဂျူရင်က ဝန်ကြီးဌာနအနေဖြင့် ထိုင်းဆန်များ  ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်ရှိ ဈေးကွက်များနှင့်  ဈေးကွက်သစ်များသို့ တင်ပို့မှုတိုးတက်စေ ရေးတို့အတွက် လုပ်ငန်းအဖွဲ့ကို  တည်ထောင်ထားကြောင်းပြောကြားခဲ့သည်။ဆန်အမျိုးအစားသစ် ၁၂ မျိုးအနက် လေးမျိုးမှာ ဆန်မာ အမျိုးအစားဖြစ်ကြောင်း၊ အခြားလေးမျိုးမှာ ဆန်ပျော့ အမျိုး အစားနှင့်  နှစ်မျိုးမှာ ထိုင်းဆန်မွှေးများဖြစ်ကြောင်း၊  ကျန် နှစ်မျိုးမှာမူ အဟာရဓာတ် မြင့်မားသည့်ဆန်များဖြစ်ကြောင်း၊ အဆိုပါ  မျိုးကွဲသစ်များသည် ကမ္ဘာ့စားသုံးသူများအကြား ဝယ်လိုအားမြင့်မားသည့် ဆန်အမျိုး အစားများဖြစ်သည်ဟု ဝန်ကြီး မစ္စတာဂျူရင်က  ပြောကြားခဲ့ကြောင်း သိရှိရသည်။
 အမျိုးသား  ဆန်မဟာဗျူဟာတွင် ထုတ်လုပ်မှုကုန်ကျ စရိတ်အား ယခုလက်ရှိ တစ်တန်လျှင် ဘတ် ၆၀ဝ၀ ယခုငါးနှစ် အတွင်း   တစ်တန်လျှင်ပျမ်းမျှ ဘတ် ၃၀ဝ၀ သို့ လျှော့ချရန်ဖြစ် ကြောင်း၊ အထွက်နှုန်းအား လက်ရှိမြေတစ်ရိုင် (Rai)လျှင် ၄၆၅ ကီလိုဂရမ်မှ ပျမ်းမျှ ၆၀ဝ ကီလိုဂရမ်သို့  တိုးမြှင့်ရရှိနိုင်ရန် အတွက် တောင်းဆိုတိုက်တွန်းထားကြောင်း၊ အကယ်၍ ထိုကဲ့ သို့ရရှိခဲ့ပါလျှင် ကမ္ဘာ့ဈေးကွက်တွင် တိုင်းပြည်၏ ယှဉ်ပြိုင်နိုင် စွမ်းကို မြှင့်တင်ပေးနိုင် မည်ဖြစ်ကြောင်း  သိရှိရသည်။
ထိုင်းပြည်ပဆန်  တင်ပို့သူများအသင်းအနေဖြင့် ရေလုံ လောက်စွာရရှိခဲ့မှုကြောင့် ယခုနှစ်အတွက် ပြည်ပဆန်တင်ပို့မှု ၁၄ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်နိုင်ပြီး တန်ချိန် ခုနစ်သန်း ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ကမ္ဘာ့စီးပွားရေးပြန် လည် ဦးမော့လာမှုကြောင့် ဝယ်လိုအားတိုးတက်လာမည်ဟု ခန့်မှန်း ရကြောင်း၊ ကောင်းမွန်သော ငွေလဲနှုန်းက အထောက်အကူဖြစ် စေသင့်ကြောင်း  ထိုင်းပြည်ပဆန်  တင်ပို့သူများအသင်းက ဆိုသည်။

Ref : Bangkok Post
လွင်မျိုးဇော်၊
စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘန်ကောက်မြို့။