ပြောင်းစေ့ဈေးနှုန်းများ သိသာစွာ မြင့်တက် လာမှုနှင့်အတူ ရုရှား-ယူကရိန်းစစ်ပွဲ၏ ရိုက်ခတ်မှု ကြောင့် ရုရှားနိုင်ငံသို့ ကြက်နှင့်ဝက်အသားများ ထုတ်လုပ်တင်ပို့နေမှုအပေါ် ဘရာဇီး ပို့ကုန် လုပ်ငန်းရှင်များက စိုးရိမ်ပူပန်မှုများ မြင့်တက် လျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။ရုရှား-ယူကရိန်းအရေးအခင်းသည် ဘရာဇီး နိုင်ငံ၏ ကြက်သားတင်ပို့မှုအပေါ် အကန့်အသတ် ဖြင့် ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ သို့ရာ တွင် အခြားဈေးကွက်များသို့ တိုးချဲ့တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း၊ အစာကုန်ကြမ်းဈေးနှုန်း များ မြင့်တက်မှုကြောင့် တိရစ္ဆာန်မွေးမြူရေးစရိတ် များ မြင့်တက်လျက်ရှိပြီး အသားထုတ်လုပ်မှုတွင် ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ဘရာဇီး နိုင်ငံ အသားထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ျွင-ခမေိသ ှညေအငည က ပြောကြားခဲ့သည်။ဘရာဇီးနိုင်ငံသည် ပြည်တွင်းစားသုံးမှုနှင့် မွေးမြူရေးလုပ်ငန်းအတွက် ပြောင်းစေ့၊ ပဲပုပ်စေ့ ထွက်ကုန်နှင့် ဂျုံလိုအပ်ချက်များ မြင့်မားစွာရှိနေ ကြောင်း၊ ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်မှု၏ အကျိုးဆက်အနေဖြင့် ပြည်တွင်း ှကစနမာမေုနအ အရောင်းဆိုင်များတွင် ကြက်သား၊ ဝက်သားနှင့် ကြက်ဥဈေးနှုန်းများ နေ့စဉ် မြင့်တက်လျက်ရှိနေ ကြောင်း၊ရုရှား-ယူကရိန်း ပဋိပက္ခအခြေအနေ ပိုမို ဆိုးရွားလာသည့်အတွက် ရုရှားနိုင်ငံသို့ တင်ပို့မှု များအပေါ်တွင် ထိခိုက်နိုင်မည်ဖြစ်ကြောင်း၊ သို့ရာ တွင် ပုံမှန်ပို့ကုန်ဈေးကွက်သို့ ရောက်ရှိနိုင်ရန် နည်းလမ်းများ ရှာဖွေတင်ပို့သွားမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌက ပြောကြားခဲ့သည်။ဘရာဇီးနိုင်ငံမှ ရုရှားနိုင်ငံသို့ တင်ပို့ထား သော ပို့ကုန်များအား သက်ဆိုင်ရာနိုင်ငံသို့ကောင်း မွန်စွာ ရောက်ရှိနိုင်ရန် မျှော်မှန်းထားကြောင်း၊ ကုန်စည်တင်ပို့မှုတွင် အဓိကအခက်အခဲမှာ သင်္ဘောရရှိမှု အခက်အခဲနှင့် ကုန်သွယ်မှု လမ်း ကြောင်း အတားအဆီးများဖြစ်ကြောင်း၊ လတ်တ လော အခြေအနေတွင် စစ်ဖြစ်ပွားနေသည့်ဧရိယာ သို့ သွားရောက်မည့် သင်္ဘောလိုင်းများ မရှိတော့ ကြောင်း၊ ထို့ကြောင့် အသားထုတ်လုပ်သည့် လုပ်ငန်းရှင်များအသင်းအနေဖြင့် စစ်ဇုန်ကို ရှောင် ကွင်း၍ သယ်ယူပို့ဆောင်နိုင်မည့် ပင်လယ်ရေ ကြောင်းလမ်းများမှ ပြောင်းလဲသယ်ယူပို့ဆောင် နိုင်ရေး သက်ဆိုင်ရာ နိုင်ငံတကာသင်္ဘော ကုမ္ပဏီ များနှင့် ဆွေးနွေးလျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။
ထွန်းအောင်ဇော်(စီးပွားရေးသံမှူး)
မြန်မာသံရုံး၊ ဘရာဇီး။