Main menu

Background

ပဲတီစိမ်းတင်သွင်းမှုအပေါ် အိန္ဒိယအစိုးရက ကန့်သတ်ချက်များ ဖြေလျှော့ပေး

Mon, 03/21/2022 - 13:39 -- journal_editor

အိန္ဒိယနိုင်ငံ၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း HS Code 07133190 အောက်ရှိ ပဲတီစိမ်း များအား ၃၁-၃-၂၀၂၂ ရက်အထိ လွတ်လပ်စွာ တင်သွင်းခွင့်ပြုလျက် ယင်းနေ့ရက် မတိုင်မီ တင်ပို့ ရာ ဆိပ်ကမ်းမှ    Bill of  Lading ထုတ်ပေးခဲ့ပါက အိန္ဒိယဆိပ်ကမ်းများတွင်   အကောက်ခွန်နှင့် ဆိပ်ကမ်းရှင်းလင်းမှုလုပ်ငန်းများကို ၃၀-၆-၂၀၂၂ ရက်အထိ ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ၂၀-၁၂-၂၀၂၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားခဲ့သည်။သို့ရာတွ င် ပဲတီစိမ်းအား  ကန့်သတ်တင်သွင်းခွင့်ပြုသည့် ကုန်စည်အဖြစ်သို့  မူဝါဒ ပြင်ဆင် သတ်မှတ်ကြောင်းနှင့် ကြေညာချက် ထုတ်ပြန်ချိန်မှ လက်ငင်း အကျိုးသက်ရောက်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည့် အမိန့်ကြော်ငြာစာအမှတ်ကို ၁၁-၂- ၂၀၂၂ ရက်တွင် အိန္ဒိယကူးသန်းရောင်းဝယ် ရေးဌာနက ထုတ်ပြန်ခဲ့သည်။အဆိုပါ ညွှန်ကြားစာတွင် အိန္ဒိယအစိုးရ၏အမိန့်ကြော်ငြာစာအမှတှ်.ဥ. ၆၂၄ (န)ထုတ်ပြန်မှု အပေါ် ၁၁-၂-၂၀၂၂ ရက်မတိုင်မီ ပဲတီစိမ်းတင်သွင်းရန် စာချုပ်ချုပ် ဆိုထားရှိပြီး ကုန်ဖိုးငွေ အကျေ ပေးချေပြီးမှု၊ တစ်ပိုင်းတစ်စ ပေးချေထားရှိမှုနှင့် စာချုပ်စာတမ်းများအရ ငွေပေးချေရန် ကျန်မှုများ ဖော်ပြပါရှိသည့် နယ်ပယ်အသီးသီးထံမှ တောင်းဆိုချက်များကို လက်ခံရရှိခဲ့ကြောင်း၊  သို့ဖြစ်ရာ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ပဲတီစိမ်းများအား တင်သွင်းရန်   စာချုပ်ချုပ်ဆိုထားရှိမှုနှင့် စပ်လျဉ်း၍ ွီငွှ်္ သည် စည်းကမ်းချက်များနှင့်အတူ တင်သွင်းခွင့်ပြုရန် ဖြေလျှော့ပေးလိုက်ကြောင်း ဖော်ပြထားသည်။အိန္ဒိယ ရှိ ပဲတီစိမ်း တင်သွင်း သည့် ကုန်သည်များအနေဖြင့်   အရောင်းအဝယ်စာချုပ်များ အတွက် Delhi, Mumbai, Kolkata, Chennai, Bengaluru, Hyderabad,Ahmedabad  နှင့် Lud-hiana တို့ရှိDGFT ဒေသဆိုင်ရာရုံးများတွင် ၁၅-၃-၂၀၂၂ ရက် နောက်ဆုံး ထား၍ မှတ်ပုံတင်စာရင်း ပေးသွင်းရမည်ဖြစ်ပြီး ၎င်းရုံးများအနေဖြင့် အချက်အလက်ပြည့်စုံသည့်အမှုတွဲအား လက်ခံရရှိချိန်မှ သုံးရက်အတွင်း ခွင့်ပြုမိန့်ထုတ်ပေးမည်ဖြစ်သည်။
ယခင်လ ၌ အိန္ဒိယအစိုးရက ပဲတီစိမ်းတင်သွင်းခွင့်မူဝါဒ ပြောင်းလဲချမှတ်ချိန်တွင် မြန်မာ နိုင်ငံကဲ့သို့သော ပင်ရင်းဒေသများမှ ပဲတီစိမ်းတန်ချိန် ၅၀ဝ၀ဝ ခန့်မှာ မတ် ၃၁ ရက်အတွင်း အိန္ဒိယ သို့တင်ပို့ရန် ပြင်ဆင်ထားရှိပြီးဖြစ်သည်ဟု အိန္ဒိယပဲကုန်သည် အသိုင်းအဝိုင်း၌  ပြောဆိုကြကြောင်း၊ ယခင် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်၌ အိန္ဒိယ၏ပဲတီစိမ်းတင်သွင်းမှု စုစုပေါင်းတန်ဖိုးမှာ  အမေရိကန် ဒေါ်လာ ၇၇ဒသမ၁၄ သန်းရှိပြီး ယခုဘဏ္ဍာနှစ်တွင်  ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လ အတွင်း တန်ဖိုးအမေရိကန်ဒေါ်လာ ၇၆ ဒသမ ၉ သန်းအထိ ပဲတီစိမ်းများ  တင်သွင်းထားပြီးဖြစ် ကြောင်းဖြင့် အိန္ဒိယHinduBusinessLine  သတင်းဌာနက ဖော်ပြထားသည်။

နေအေးလွင်(စီးပွားရေးသံမှူး)၊ မြန်မာသံရုံး၊ နယူးဒေလီမြို့။