Main menu

Background

ကုန်စည်ဒိုင်အသီးသီး၏လက်၇ှိအရောင်းအဝယ်ဖြစ်နေသောဈေးနှုန်းများနှင့်ဈေးကွက်အခြေအနေ

Fri, 02/06/2015 - 19:37 -- journal_editor

အတွဲ(၁၅)အမှတ်(၅)

မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဝယ်သွက်၊
ပဲတီစိမ်း(ခရမ်းရွှေဝါ)ဈေးကွက်သို့ စတင်ဝင်ရောက်လာ၊
မတ်ပဲကို ခွဲစက်ပုံမှန်အဝယ်ရှိ

    မန္တလေးဈေးကွက်မှာဒီတစ်ပတ်ပဲစင်းငုံနီ(သစ်)တွေအဝင်သွက်နေသလိအအတွက်အဓိကဝယ်ယူနေတဲ့ရန်ကုန်ဝယ်လက်ကလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေး ပေးအဝယ်ရှိတာကြောင့် ယခင်အပတ်ဖြင့်နှိုင်း ယှဉ်ပါက ဈေးသိသာစွာမြင့်လာပြီး တစ်ပိဿာကို ၁၃၀၀  ကျပ်(တစ်တန်ကို ၇၉၆၁၀၇ ကျပ်) ဈေးဖြင့် အရောင်းအဝယ်ဖြစ်မှုများခဲ့ကြောင်း သိရပါတယ်။ မန်းဈေးကွက်သို့  ပဲတီစိမ်း(ခရမ်းရွှေဝါ)တွေစတင် ဝင်ရောက်လာပြီး တစ်ပိဿာကို ၁၉၉၀ ကျပ်(တစ်တန်ကို ၁၂၁၈၆၅၆ ကျပ်)ဈေးဖြင့် ဈေးဖွင့်အရောင်းရှိခဲ့ကြောင်း ဈေး ကွက်အတွင်းမှသိရပါတယ်။တရုတ်နိုင်ငံသို့တင်ပို့မည့်သူများကအရည်အသွေးကောင်းတဲ့ ပဲတီစိမ်း(ထိပ်စ)ပဲတွေကိုတစ်ပိဿာ ၁၈၈၄ကျပ် (တစ်တန်ကို ၁၁၅၃၇၄၂ ကျပ်) ဈေးဖြင့် ပုံမှန်အဝယ်ရှိခဲ့ကြောင်းဈေးကွက်အတွင်းမှသိရပါတယ်။မတ်ပဲ(သစ်)တွေဈေးကွက်ထဲပုံမှန်ဝင်ရောက်နေသလို မြို့ခံပဲခွဲစက်များနှင့်ရန်ကုန်ဝယ်လက်ကလည်းဝယ်လို အားပုံမှန်ရှိခဲ့ကြောင်း၊ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ  ၁၃၆၇ ကျပ် (တစ်တန်ကို ၈၃၇၁၃၇ ကျပ်) ဈေးဖြင့် နှစ်မျိုးပေါင်း တစ်ရက်ကိုအိတ် ၄၀၀ ခန့်ဖြစ်ခဲ့ ကြောင်း ဈေးကွက်အတွင်းမှသိရပါတယ်။