Main menu

Background

ကုန်စည်ဒိုင်အသီးသီး၏လက်၇ှိအရောင်းအဝယ်ဖြစ်နေသောဈေးနှုန်းများနှင့်ဈေးကွက်အခြေအနေ

Fri, 02/06/2015 - 19:46 -- journal_editor

အတွဲ(၁၅)အမှတ်(၅)

မုံရွာဈေးကွက်မှာ ပဲစင်းငုံနီအဝင်လှိုင်
အရောင်းအဝယ်သွက်၊ ပဲတီစိမ်းနယ် အဝင်လျော့

     မုံရွာဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီ(သစ်)တွေက ချောင်းဦး၊အရာတော်၊ ကနီနဲ့ ယင်းမာပင်ဘက်မှ ဝင်ရောက်မှုလှိုင်လာသလို   Export အတွက် အဓိကဝယ်ယူနေတဲ့ ရန်ကုန် ဝယ်လက်ကလည်း ဝယ်လိုအားသွက် လာ တာကြောင့် ယခင်တစ်ပတ်ဖြင့်နှိုင်းယှဉ်ပါက ဈေးမြင့်လာပြီးတစ်ပိဿာ ၁၃၀၀ ကျပ် (တစ်တန်ကို ၇၉၆၁၀၇ ကျပ်) ဈေးဖြင့် အရောင်းအဝယ်ပမာဏ များခဲ့ကြောင်း သိရပါတယ်။  ပဲတီစိမ်းသေးအနေဖြင့် နယ်အဝင် လျော့လာသလို  ဒိုင်မှာလည်း ပစ္စည်းလက်ကျန်နည်းနေကြောင်း၊ဒါပေမယ့်ရန်ကုန်ဝယ်လက်ကတော့ ပဲရဲ့အရည်အသွေးအပေါ်မူတည်ပြီးပုံမှန်အဝယ်ရှိခဲ့ကြောင်း၊ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၁၆၇၄ကျပ်(တစ်တန်ကို ၁၀၂၅၁၄၀ ကျပ်)ဈေးဖြင့် တစ်ရက်ကိုအိတ် ၄၀၀ ခန့်သာဖြစ်ခဲ့ကြောင်း ဈေး ကွက်အတွင်းမှ သိရပါတယ်။