Main menu

Background

ကုန်စည်ဒိုင်အသီးသီး၏လက်၇ှိအရောင်းအဝယ်ဖြစ်နေသောဈေးနှုန်းများနှင့်ဈေးကွက်အခြေအနေ

Fri, 02/06/2015 - 19:50 -- journal_editor

အတွဲ(၁၅)အမှတ်(၅)

ဟင်္သာတဈေးကွက်မှာ မတ်ပဲ(သစ်)ဝင်ရောက်မှုပိုလာ
      ဟင်္သာတဈေးကွက်မှာ နယ်စုံမှ မတ်ပဲ(သစ်)တွေ  ဝင် ရောက်မှုများလာတာကြောင့် ဝင်လာတဲ့ မတ်ပဲ(သစ်)တွေကို ရန်ကုန်ဝယ်လက်နှင့် ဒေသတွင်း  လှောင်လက်တချို့က ပဲရဲ့ အရည်အသွေးအပေါ်မူတည်ပြီး ဝယ်လိုအား ပုံမှန်ရှိခဲ့ကြောင်း၊ အရောင်းအဝယ်အနေဖြင့်  တစ်ပိဿာ ၁၃၈၅ ကျပ် (တစ်တန်ကို ၈၄၈၁၆၀ ကျပ်) ဈေးဖြင့် အရောင်းအဝယ်ဖြစ်မှုများခဲ့ကြောင်း ဈေးကွက်အတွင်းမှ  သိရပါတယ်။ ဒ့ါအပြင်  ဈေးကွက်ထဲ ဝင် ရောက်နေတဲ့ ပဲလွန်းဖြူ(သစ်)ကိုလည်း  ရန်ကုန်ဝယ်လက်က တစ်ပိဿာ ၁၀၂၅ ကျပ်(တစ်တန်ကို ၆၂၇၆၉၉ ကျပ်)ဈေးဖြင့် တစ်ရက်ကိုအိတ် ၂၀၀ ခန့်ပုံမှန်အဝယ်ရှိခဲ့ ကြောင်း သိရပါတယ်။