Main menu

Background

လားရှိုး၊ နောင်ချို၊ ကျောက်မဲဒေသထွက်ပြောင်းများသာ ယခုအပတ် နယ်စပ်မှတင်ပို့နိုင်

Sun, 01/30/2011 - 08:14 -- Anonymous (not verified)

 လားရှိုး၊ နောင်ချို၊ ကျောက်မဲဒေသထွက်ပြောင်းများသာ ယခုအပတ် နယ်စပ်မှတင်ပို့နိုင်                  ဇန်နဝါရီလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်တစ်ခုကသာ ကန်ဒေါ်လာ ၂ ဒသမ ၄၃၂ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၉၇ဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး နယ်စပ်စခန်းများက တန်ချိန် ၁၂၁၇ဝ တင်ပို့နိုင်ခဲ့တာမို့ ယခု အပတ်မှာ ၂၄၆၈ တန်ကျော် ယခင်အပတ်ကထက် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ်နယ်စပ် အနေနဲ့ ယခင်အပတ်ကထက် ၂၈၁၅ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။ ပြောင်းပြည်တွင်းဈေးမှာ အနိမ့်ဈေးနဲ့ ဆက်တိုက်ရှိနေရာမှ ယခင်အပတ်ကစပြီး မန္တလေးဈေး ကျပ် ၁ ဒသမ ၅၉ သိန်းထိ ပြန်တက်လာပါတယ်။ ယခုအပတ်အတွင်းမှာ သယ်ယူခနှုန်းထားများ ၁ ပိဿာလျှင် ကျပ် ၁၄ဝ ထိ ထပ်မံမြင့်တက်နေတဲ့အတွက် မန္တလေးပြောင်းစီးဝင်မှုမရှိဘဲ လားရိုး၊ နောင်ချို၊ ကျောက်မဲဒေသထွက်ပြောင်းများသာ မူဆယ်ကုန်စည်ဒိုင်သို့ ဝင်ရောက်မှု များပြား နေလျက် ရှိပါတယ်။ လားရှိုးကုန်စည်ဒိုင်မှာ ပြောင်းတစ်တန်ဈေးဟာ ကျပ် ၁ ဒသမ ၆၅ သိန်းသို့ မြင့်တက် လာပြီး တရုတ်ဖက်ရွှေလီမှာ ဝယ်ဈေး ၅ဝ ကီလို ၁ အိတ်ကို ၉၄ ဒသမ ၅ယွမ်၊ တစ်တန်ကို ယွမ် ၁၈၈၀ထိ မြင့်တက်လျက်ရှိတယ် လို့ သိရပါတယ်။ ယခုအပတ်မှာ နယ်စပ်မှ နံှစားပြောင်းတင်ပို့နိုင်ခြင်း မရှိခဲ့ပါဘူး။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပြောင်းဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်။                                            မိမိဘက်(ကျပ်/တန်)             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု       ယခင်      ပြောင်းလဲမှု     %     ယခု      ယခင်     ပြောင်းလဲမှု      %ပြောင်းဖူးစေ့      ၂၈၄၂၈ဝ   ၂၄၁၃၁၇        ၄၂၉၆၃     ၁၅     ၂၈၅       ၂၈၅                         -MIRT (DOBT)