Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်၏ အဓိက ကုန်သွယ်ရေးစခန်း စစ်တွေနှင့် မောင်တော

Mon, 10/23/2023 - 15:09 -- journal_editor

စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည်  အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေခံ လျက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို တိုးချဲ့ဆောင် ရွက်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုကို စစ်တွေ ကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေး စခန်းများဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိသည်။ 

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ယခုတစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Tue, 09/26/2023 - 11:46 -- journal_editor

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၏  စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၅၃၄ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈၈၅ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅   ဒသမ ၄၁၉ သန်းဖြစ်သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈၀ သန်း ၊ သွင်းကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၁ ဒသမ ၈၈၂ သန်းပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏ မှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၃ဒသမ ၃၆၂ သန်း ပိုမိုခဲ့ကြောင်းသိရသည်။

မြဝတီကုန်သွယ်ရေးဇုန်မှ ယခုတစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Tue, 09/26/2023 - 11:45 -- journal_editor

    မြဝတီကုန်သွယ်ရေးဇုန်၏  ၂၀၂၃ ခုနှစ် စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၃ ဒသမ ၁၆၉ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၁၉၀ သန်းဖြစ်၍   ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၈   ဒသမ ၃၅၉ သန်းဖြစ်ကာ  အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၄၇ သန်းလျော့နည်းပြီး သွင်းကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ သုည  ဒသမ ၉၇၈ သန်းပိုမိုခဲ့ သဖြင့် ကုန်သွယ်မှုပမာဏမှာ တန်ဖိုးအမေရိကန် ဒေါ်လာ ၁ ဒသမ ၄၆၉ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းမှသာ တင်ပို့ရမည့် ကုန်ပစ္စည်းအချို့ သတ်မှတ်

Mon, 09/11/2023 - 11:53 -- journal_editor

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရခိုင်ပြည်နယ်ရှိ စစ်တွေနယ်စပ် ကုန် သွယ်ရေးစခန်းမှသာ တင်ပို့ရမည့် ရေထွက်ပစ္စည်း၊ လယ်ယာထွက် ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းအချို့ကို သတ်မှတ်လိုက်ကြောင်း စက်တင်ဘာ ၁ရက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန လက်အောက်ရှိ ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်သည့် ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့်  သတင်းလွှာ (၁၅/၂၀၂၃)အရ   သိရ သည်။

မြဝတီကုန်သွယ်ရေးဇုန်မှ သြဂုတ်လအတွင်း ကုန်သွယ်မှု အခြေအနေ

Mon, 09/11/2023 - 11:30 -- journal_editor

မြဝတီကုန်သွယ်ရေးဇုန်၏ သြဂုတ် ၁ ရက်မှ ၃၁ ရက်ထိ ကာလ အတွင်း ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၁၅ ဒသမ ၂၁၉ သန်း၊ သွင်း ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၀ ဒသမ ဝ၂၃ သန်းဖြစ်၍ ကုန် သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၅  ဒသမ ၂၄၂ သန်း ဖြစ်ပြီး ကုန်သွယ်မှုလျာထားချက်အပေါ် ၃၉ ဒသမ ၄၅၉ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့သည်။ ကာလတူဖြစ်သော ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဇူလိုင်လ လုပ်ငန်း ဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန် အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၃၆၃ သန်းနှင့် သွင်းကုန်  အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၇၃၃ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။ ပို့ကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ သြဂုတ် ၇ ရက်မှစ၍ သြဂုတ်လ နောက်ဆုံးပတ်ထိ

တရုတ်-မြန်မာ ဖက်စပ်ကုမ္ပဏီနှစ်ခုကို ကချင်တွင် စိုက်ပျိုးရေးလုပ်ငန်းသုံးခု ရင်းနှီးမြှုပ်နှံခွင့်ပြုထား

Thu, 08/31/2023 - 10:42 -- journal_editor

ကချင်ပြည်နယ်အတွင်း   စိုက်ပျိုးရေးလုပ် ငန်းသုံးခုအတွက်  တရုတ်-မြန်မာဖက်စပ်ကုမ္ပဏီ နှစ်ခုကို ရင်းနှီးမြှုပ်နှံခွင့်ပြုထားကြောင်း  ကချင် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။ 
မက္ကဒေးမီးယား၊ ပင်မှည့်၊ ရော်ဘာစိုက်ပျိုး ရေးလုပ်ငန်းများအတွက် Sanyaung Myanmar Investment ကုမ္ပဏီနှင့်Sin Xin Myanmar Myit-kyina ကုမ္ပဏီတို့ကို ယခု သြဂုတ်လဆန်းပိုင်းမှစ၍ ရင်းနှီးမြှုပ်နှံခွင့်ပေးခဲ့ထားပြီး စီမံကိန်းအား  မည် သည့်အချိန်တွင်   အကောင်အထည်ဖော်မည်ကို မသိရသေးကြောင်း သိရသည်။

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Thu, 08/31/2023 - 10:16 -- journal_editor

မြဝတီကုန်သွယ်ရေးဇုန်သည်   သြဂုတ် ၁၂ ရက်မှ ၁၈ ရက်အထိ ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၆၅၁ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၂၄ သန်းဖြစ်၍ ကုန်သွယ် မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂  ဒသမ ၈၇၅ သန်းဖြစ်ပြီး ယခင် တစ်ပတ် လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၃ ဒသမ ၉၅၁ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၉၈ သန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး  အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၈၄၉ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Thu, 08/31/2023 - 10:15 -- journal_editor

မူဆယ် (၁၀၅) မိုင်  ကုန်သွယ်ရေးဇုန်သည်  သြဂုတ် ၁၂ ရက်မှ ၁၈ ရက်ထိ ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန် ေ ဒါ်လာ ၇ ဒသမ ၈၅၇ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၁၃၈ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၉၉၅ သန်းဖြစ်ပြီး ယခင်ပတ် လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ သုည ဒသမ ၇၂၁ သန်း၊ သွင်းကုန် တန်ဖိုး အမေရိ ကန်ဒေါ် လာ ၃ ဒသမ၄၃၂ သန်း ပိုမိုခဲ့သောကြောင့် ကုန် သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၅၃ သန်း ပိုမိုခဲ့ကြောင်း သိရသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Thu, 08/31/2023 - 10:14 -- journal_editor

တာချီလိတ်ကုန်သွယ်ရေးစခန်းသည်  သြဂုတ် ၁၂ ရက် မှ  ၁၈ ရက်ထိ  ကာလအတွင်း ပို့ကုန်တန်ဖိုး  အမေရိကန် ဒေါ်လာ  သုည ဒသမ ၈၇၉ သန်း၊  သွင်းကုန်တန်ဖိုး  အမေ ရိကန် ဒေါ်လာ ၁ ဒသမ ၁၅၀ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏ မှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂  ဒသမ ဝ၂၉ သန်းဖြစ်ပြီး ယခင်တစ်ပတ်လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၁၂၂ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ၂၇၆ သန်း ပိုမိုတင် သွင်းခဲ့သောကြောင့်  ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၃၉၈ သန်း ပိုမိုခဲ့ကြောင်း သိရသည်။

ထိုင်းအပြင်တရုတ်ကိုပါပြောင်းတင်ပို့ရန်လုပ်ဆောင်နေ

Mon, 08/14/2023 - 11:46 -- journal_editor

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းဆန်များကို ထိုင်း နိုင်ငံသို့   အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့လျက်ရှိရာ တရုတ် နိုင်ငံသို့ပါ ပင်လယ်ရြေေ‌ကောင်းနှင့်  နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် တင်ပို့ရန် တရုတ်ကုန်သည်များ နှင့် မြန်မာကုန်သည်များ  ဈေးနှုန်းညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ