Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

မြန်မာ့ပင်ရင်းထုတ်ကုန်များ အကောက်ခွန်သက်သာစေရန် အတည်ပြုပို့ကုန် တင်ပို့သူအဖြစ်လျှောက်ထားနိုင်

Mon, 07/31/2023 - 13:06 -- journal_editor

မြန်မာ့ပင်ရင်းထုတ်ကုန်များ အကောက်ခွန် သက်သာစေရန်အတွက်  အတည်ပြုပို့ကုန်  တင်ပို့ သူအဖြစ် လျှောက်ထားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ကုန်သွယ် ရေးဦးစီးဌာနမှ သိရသည်။
ပို့ကုန်လုပ်ငန်းရှင်များသည် မြန်မာ့ပင်ရင်း ထုတ်ကုန် အကောက်ခွန်သက်သာစေရန်  CO Form RCEP ကို ၂၀၂၃ ခုနှစ်  သြဂုတ် ၁ ရက်မှ စတင်ကာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊    ကုန်သွယ်ရေးဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာ ပို့ကုန်/သွင်းကုန်များနှင့် ကုန်သွယ် ရေးစခန်းများတွင် လျှောက်ထားနိုင်ကြောင်း သိရ သည်။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ပြည်ပသို့ ပြောင်းတန်ချိန် ၁၄၀ဝ၀ဝ ကျော် တင်ပို့ထား‌ေ

Mon, 07/03/2023 - 13:53 -- journal_editor

မြန်မာ့ပြောင်းများကို   ပြည်ပသို့   နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့်   တန်ချိန် ၁၄၀ဝ၀ဝ ကျော် တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
မေလ ၁ ရက်မှ ၃၁ ရက်အထိ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှပြောင်းတန်ချိန် ၁၄၂၆၃၀ ကျော်နှင့် မြန်မာ-တရုတ် နယ်စပ် ကုန် သွယ်မှုလမ်းကြောင်းမှပြောင်းတန်ချိန် ၁၁၅၆တန်၊ စုစုပေါင်း ပြောင်းတန်ချိန် ၁၄၃၇၈၈ တန်  တင်ပို့ ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ  ၄၄ ဒသမ ၆၉၆ သန်း ရရှိခဲ့ခြင်းဖြစ်သည်။

မြိတ်ဒေသ၏ ပို့ကုန်တိုးမြှင့်ရေးအတွက် ရော်ဘာ စိုက်ပျိုး၊ ထုတ်လုပ်တင်ပို့မှုအခြေအနေ

Mon, 07/03/2023 - 13:04 -- journal_editor

မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် တနင်္သာရီတိုင်းဒေသ ကြီးသည် သဘာဝသယံဇာတ ပေါကြွယ်ဝပြီး နိုင်ငံတကာသို့ ပို့ကုန်တိုးတက်တင်ပို့ နိုင်ရေး အဓိကအားထားရကာ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ရရှိစေသော တိုင်းဒေသကြီးဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီး၏ မြိတ်ခရိုင်ဒေသသည် ရေ ထွက်ကုန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များ အများအပြား ထုတ်လုပ်ထွက် ရှိပြီး စိုက်ပျိုးရေးတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုသည် နှစ်စဉ် တိုးတက်စိုက်ပျိုး ထုတ်လုပ်လျက်ရှိရာ  စိုက်ပျိုးထွက်ရှိမှုအား တစ်ဖက်ပါဇယားအတိုင်း တွေ့ရှိရ သည်။  ရော်ဘာပင်၏ စတင်စိုက်ပျိုးသည်မှ အစေးထုတ်၍ ရသည်အထိ ငါးနှစ်မှ ခြောက်နှစ်ခန့်အထိ သက်တမ်းက

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ဇွန်လတတိယပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 07/03/2023 - 12:59 -- journal_editor

တာချီလိတ် ကုန်သွယ်ရေးစခန်း မှ   ၂၀၂၃ ခုနှစ် ဇွန် ၁၇ ရက်မှ ၂၃ ရက် ထိကာလအတွင်း ပို့ကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ ၂ ဒသမ ၄၅၆ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ဒသမ ၆၀၂ သန်းဖြစ်၍  ကုန်သွယ်မှု ပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၄  ဒသမ ဝ၅၈ သန်း ဆောင်ရွက်နိုင်ခဲ့ သည်။ ယခင်တစ်ပတ် လုပ်ငန်းဆောင် ရွက်မှုနှင့်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၂၆၈  သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၇၈  သန်းပိုမိုခဲ့ သဖြင့်  ကုန်သွယ်မှုပမာဏ  တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၃၄၆ သန်း ပိုမိုခဲ့ကြောင်း  သိရသည်။  ပို့ကုန် ပိုင်းတွင် ယခင်တစ်ပတ်ထက်  ကြက် သွန်ဖြူ၊ လက်ဖက်ခြောက်၊  ပ

မြဝတီကုန်သွယ်ရေးဇုန်မှ မေလအတွင်း ကုန်သွယ်မှု အခြေအနေ 

Tue, 06/20/2023 - 11:29 -- journal_editor

မြဝတီကုန်သွယ်ရေးဇုန်မှ မေ ၁ ရက်မှ ၃၁ ရက်ထိ   ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၆၉၁ သန်း၊   သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၉ ဒသမ ဝ၆၀ သန်းဖြစ်ပြီးကုန်သွယ်မှုပမာဏမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈၆ ဒသမ ၇၅၁ သန်းဖြစ်၍ ကုန်သွယ်မှုလျာထားချက် အပေါ် ၁၃၈ ဒသမ ၃၃ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့သည်။ ကာလတူ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၉ ဒသမ ၅၈၅ သန်း   လျော့နည်းခဲ့ပြီး သွင်းကုန်တန်ဖိုး  အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၉၀ သန်း ပိုမိုခဲ့သဖြင့် ကုန် သွယ်မှုပမာဏတန်ဖိုး အမေရိကန် ဒေါ်လာ ၅၃ ဒသမ ၃၉၅ သန်း လျော့ နည်းခဲ့သည်။ ကာလတူထက် ပို့ကုန် ပိုင်းတွင်

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Tue, 05/23/2023 - 12:37 -- journal_editor

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ မေ ၆  ရက်မှ ၁၂  ရက်အထိ တစ်ပတ်အတွင်း အများဆုံတင်ပို့ခဲ့သည့် ပို့ကုန် ပစ္စည်း  ၁၀ မျိုးမှာ မြေပဲဆန် ၇၆၉ တန်၊ တန်ဖိုး  ၁ဒသမ၁၉၃ ဒေါ်လာသန်း၊ ပဲတီစိမ်း ၁၂၅၆ဒသမ ၇၅၀  တန်၊ တန်ဖိုး သုည ဒသမ ၇၅၆  ဒေါ်လာသန်း၊ ဆန်ကွဲ  ၁၃၅၀ ဒသမ ၅၀ဝ တန်၊ တန်ဖိုး သုည ဒသမ ၅၂၂ ဒေါ်လာသန်း၊ နှမ်းနက်  ၂၀၁ ဒသမ ၅၀ဝ  တန်၊ တန်ဖိုး သုညဒသမ၂၉၂  ဒေါ်လာသန်း၊ လက်ဖက် ခြောက် ၂၃၃ ဒသမ ၃၅၂ တန်၊ တန်ဖိုး သုည  ဒသမ၂၂၅ ဒေါ်လာသန်း၊ ဝဥခြောက် ၁၀၃ ဒသမ ၁၂၀  တန်၊ တန်ဖိုး သုည ဒသမ ၁၇၇  ဒေါ်လာသန်း၊ ရော်ဘာ ၁၃၈ ဒသမ ၅၀ဝ တန်၊ တန်ဖိုး သုည ဒသမ ၁၆၀ ဒေါ်လာသန်း၊ ရော်ဘာကြမ်း  ၁၅၄ တန်၊ တန်ဖိုး သုည ဒသမ ၁၁၂ ဒေါ်လာသန်း၊

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ဧပြီလအတွင်း ကုန်သွယ်မှုအခြေအနေ

Wed, 05/10/2023 - 11:17 -- journal_editor

ဧပြီ ၁ ရက် မှ ၃၀ ရက်ထိကာလအတွင်း  ကော့သောင်း ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၀ဝ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅၄ သန်း ကုန်သွယ်မှုပမာဏ တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၅၄ သန်းဖြစ်၍ ကုန်သွယ်မှုလျာထားချက်အပေါ် ၁၂ ဒသမ ၁၆ ရာခိုင်နှုန်း  ဆောင်ရွက်နိုင်ခဲ့သည်။   ကာလတူ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်  အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၂၈၂  သန်း၊ သွင်းကုန်ပိုင်းတွင်  တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၂၆၅ သန်း လျော့နည်းခဲ့ပြီး ကုန်သွယ်မှု ပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅၄၇ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။ အနီး စပ်ဆုံးကာလဖြစ်သော မတ်လ လုပ်ငန်းဆော

သံလွင်မြစ်ကူး (ကွမ်းလုံ)တံတားသစ် စီမံကိန်း၏ တံတားဆက်ခြင်းအခမ်းအနား ပြုလုပ်

Tue, 04/25/2023 - 14:15 -- journal_editor

ရှမ်းပြည်နယ်(မြောက်ပိုင်း)   လားရှိုးခရိုင် ကွမ်းလုံ မြို့နယ် သိန်းနီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းပေါ်ရှိ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ွမညေအ ဗှီု အကူအညီဖြင့် တည်ဆောက် လျက်ရှိသော သံလွင်မြစ်ကူး (ကွမ်းလုံ)တံတားသစ်စီမံကိန်း၏ တံတားဆက်ခြင်း အခမ်းအနားကို ဧပြီ  ၁၂ ရက် မွန်းလွဲ၂ နာရီတွင် စီမံကိန်းဧရိယာ ကွမ်းလုံဘက်ခြမ်း ချဉ်းကပ်လမ်း ပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မတ်လအတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှုအခြေအနေ

Mon, 04/24/2023 - 12:43 -- journal_editor

ဆန်
မတ်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်တန်ချိန် ၈၁၀ဝ၀ ကျော်တင်ပို့ပြီး  အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၅၄၅ သန်း ရရှိခဲ့သည်။ ဆန်တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၄၃၄၆၀ ကျော်နှင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၃၇၆၅၀ ကျော်တင်ပို့ခဲ့သည်။

တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ယခုတစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Thu, 03/30/2023 - 15:44 -- journal_editor

မတ် ၁၁ ရက် မှ ၁၇ ရက်ထိ ကာလအတွင်း တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၉၄ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅၁ သန်း ကုန်သွယ်မှုပမာဏ တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၄၅ သန်းဆောင်ရွက်ခဲ့သည်။ ယခင်တစ်ပတ်လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်အမေရိကန်ဒေါ်လာ သုည ဒသမ ၁၅၄ သန်းနှင့် သွင်းကုန်ပိုင်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၂၂၅ သန်းလျော့နည်းခဲ့သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၃၇၉ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။ 

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ