Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တင်ပို့မှုအခြေအနေ

Thu, 03/30/2023 - 15:31 -- journal_editor

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းသည် တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် လက်ရှိကာလတွင် ပဲတီစိမ်း၊ ထောပတ်ပဲ၊ မြေပဲဆန်၊ ပဲယင်း၊ စွန်တာနီပဲ၊ ရော်ဘာ၊ ရော်ဘာကြမ်း၊ ငရုတ်သီး (အစို)၊ လက်ဖက်ခြောက်၊ ဝဥခြောက်၊ ပြောင်းနှင့် နှံစားပြောင်းတို့ကို အဓိကထားတင်ပို့လျက်ရှိသည်။ 

နို့ဆီ၊ နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Thu, 03/30/2023 - 13:46 -- journal_editor

မတ် ၁၁  ရက်မှ ၁၇ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၃၂သန်း တန်ဖိုးရှိ နို့ဆီတန်ချိန် ၈၀ ကျော် စင်ကာပူနိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နို့ဆီ တန်ချိန် ၅၈၀ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။

မတ် ၁၁  ရက်မှ ၁၇ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၄၃ သန်းတန်ဖိုးရှိ နို့မှုန့်တန်ချိန် ၇၀ ကျော် နယူးဇီလန်နိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နို့မှုန့် တန်ချိန် ၅၅၀ ကျော်  လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ်အတွင်း ဘိလပ်မြေနှင့် ဓာတ်မြေသြဇာတင်သွင်းမှု အခြေအနေ

Thu, 03/30/2023 - 12:36 -- journal_editor

ဓာတ်ပြေသြဇာ

မတ် ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၁၉ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၅၆၀ဝ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ တန်ချိန် ၃၂၀ဝ ကျော်၊ တောင်ကိုရီးယားနိုင်ငံမှ တန်ချိန် ၂၁၀ဝ ကျော်၊ မက်ဆီကိုနိုင်ငံမှ တန်ချိန် ၂၀ ကျော်နှင့် ထိုင်းနိုင်ငံမှ တန်ချိန် ၂၀ဝ ကျော် တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ဓာတ်မြေသြဇာ တန်ချိန် ၈၀ဝ၀ ခန့် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလအတွင်း ရော်ဘာ၊ ပြောင်း တင်ပို့မှုအခြေအနေ

Fri, 03/17/2023 - 13:33 -- journal_editor

ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၂၀၆၀ဝ ကျော်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၁၀၃ သန်းရရှိသည်။ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၄၂၅၀ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၅၃၄၀ ကျော်၊ ဂျပန်နိုင်ငံသို့ ရော်ဘာ တန်ချိန်၄၈၀ ကျော်၊ ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန်၂၀ဝ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝ ခန့်နှင့် အိန္ဒိယနိုင်ငံ သို့ ရော်ဘာ ၁၃၈ တန်ခန့်တင်ပို့သည်။

ဖေဖော်ဝါရီလအတွင်း တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အနီးစပ်ဆုံးကာလထက် ကုန်သွယ်မှုပမာဏ ပိုမိုဆောင်ရွက်

Thu, 03/16/2023 - 15:28 -- journal_editor

ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိ ကာလအတွင်း တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်အမေရိကန်ဒေါ်လာ  ၆ ဒသမ ၂၆၈ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၀၅ သန်း ကုန်သွယ်မှုပမာဏ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၂ ဒသမ၅၇၃ သန်းဖြစ်၍ ကုန်သွယ်မှု လျာထားချက်အပေါ် ၈၃ ဒသမ ၈၂ ရာခိုင်နှုန်း ဆောင်ရွက်ခဲ့သည်။ ကာလတူနှင့် နှိုင်းယှဉ်ပါက ပို့ကုန်အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၈၂ သန်း လျော့နည်းခဲ့ပြီး  သွင်းကုန်ပိုင်းတွင်   တန်ဖိုး အမေရိကန် ဒေါ်လာ သုည ဒသမ ၆၅၃ သန်းပိုမိုခဲ့ပြီး ကုန်သွယ်မှုပမာဏ အနေဖြင့် တန်ဖိုး  အမေရိကန်ဒေါ်လာ သုည ဒသမ ၆၂၉ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။ 

ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း၏ တစ်ပတ်အတွင်း လုပ်ငန်းဆောင်ရွက်မှု

Thu, 03/16/2023 - 15:00 -- journal_editor

ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းအနေဖြင့် ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၃ ရက်အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၁၈၅ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၉၆ သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁၇ ဒသမ ၁၈၁ သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်စီးရေအနေဖြင့် ပို့ကုန် ၂၁၅၈ စီး၊ သွင်းကုန် ၅၈၂ စီး ဆောင်ရွက်နိုင် ခဲ့သည်။ ယခင်တစ်ပတ်က ပို့ကုန်ဆောင်ရွက်မှု အမေရိကန်ဒေါ်လာ ၇ ဒသမ ၅၉၁ သန်းနှင့် သွင်းကုန်ဆောင်ရွက်မှု အမေ ရိကန်ဒေါ်လာ ၆ ဒသမ ၉၉၃ သန်း၊ ကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၅၈၄ သန်း ဆောင်ရွက်နိုင် ခဲ့သည်။

ဖေဖော်ဝါရီလအတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၆ သန်းကျော်ရရှိ

Tue, 03/14/2023 - 10:15 -- journal_editor

ဖေဖော်ဝါရီ ၁ ရက်မှ  ၂၈ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၆၈၃ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၇၀၈၃၀ ကျော် တင်ပို့ခဲ့ သည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၃၅၈၃၀ ကျော်နှင့်  အီးယူအဖွဲ့ဝင်  နိုင်ငံများသို့ ဆန်တန်ချိန် ၃၅၀ဝ၀ ခန့် တင်ပို့ခဲ့သည်။ 
ဆန်တင်ပို့သောနိုင်ငံများမှာ တရုတ်နိုင်ငံသို့ ဆန်တန် ချိန် ၂၀ဝ၂၀ ခန့်၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၁၁၈၃၀ ခန့်၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၃၂၀ဝ ခန့်၊ ထိုင်ဝမ်သို့ ဆန် တန်ချိန် ၅၀ဝ နှင့် ဟောင်ကောင်နှင့် ဗီယက်နမ်သို့လည်း တန် ချိန်အနည်းငယ် တင်ပို့ခဲ့သည်။

မြဝတီကုန်သွယ်ရေးဇုန်မှ ယခုတစ်ပတ်အတွင်း ကုန်သွယ်မှု အခြေအနေ

Fri, 03/03/2023 - 10:53 -- journal_editor

မြဝတီကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီ ၁၁ ရက် မှ ၁၇ ရက်ထိ ကာလအတွင်း  ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ ဒသမ ဝ၁၂ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၅၆၁ သန်း၊ ကုန်သွယ်မှုပမာဏ တန်ဖိုးအမေရိကန် ဒေါ်လာ ၃၇ ဒသမ ၅၇၃ သန်း ဆောင်ရွက်နိုင်ခဲ့သည်။ ယခင် တစ်ပတ် ဆောင်ရွက်မှုအခြေအနေနှင့် နှိုင်းယှဉ်ပါက ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၁၁ သန်းနှင့် သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၃၃ သန်း လျော့နည်းခဲ့ပြီး ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၈၄၄ သန်း လျော့နည်းခဲ့ ကြောင်းသိရသည်။

ဇန်နဝါရီလအတွင်း နို့ဆီ၊ နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Tue, 02/21/2023 - 15:12 -- journal_editor

ဇန်နဝါရီ ၁  ရက် မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၈၁၆ သန်း တန်ဖိုးရှိ နို့ဆီတန်ချိန် ၅၅၀ ကျော်  စင်ကာပူနိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နို့ဆီ တန်ချိန် ၈၀ဝ ခန့် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။ 

၀ဥစက်ရုံများ ပီလောပီနံ အခြောက်/အမှုန့်များ ထုတ်လုပ်ခြင်းဖြင့် ဝင်ငွေရရှိ  

Mon, 02/13/2023 - 16:01 -- journal_editor

ဝဥစက်ရုံများအနေဖြင့် ဝဥထွက်ပေါ်ချိန် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ပုံမှန်လည်ပတ်လျက်ရှိသည်။ ဝဥရာသီ ကုန်ဆုံးချိန်တွင် ဝဥစက်ရုံများ လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းခြင်းမဖြစ်စေရန် ပီလောပီနံ အခြောက်(အကွင်း)အမှုန့်များ ဆက်လက်ထုတ်လုပ် လျက်ရှိကြောင်း သိရှိရသည်။
ပီလောပီနံဥများကို မွန်ပြည်နယ် မုဒုံ၊ တောင်ကလေး၊ ကျွန်းရွာ၊ သံဖြူဇရပ်၊ ဘုရားသုံးဆူမြို့များနှင့် ကရင်ပြည်နယ်တို့မှ ဝယ်ယူရရှိပြီး စက်ရုံအရောက်ဈေးနှုန်း ပီလောပီနံအစို တစ်ပိဿာလျှင် ကျပ် ၃၇၀ ဖြင့် ဝယ်ယူရရှိကြောင်းသိရှိရသည်။

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ