မန္တလေး ကုန်စည်ဒိုင်တွင် ပြည်ပပို့ကုန် ပဲမာများ အရောင်းသွက်၊ ဈေးတက်၊ နယ်စုံမှ မြေပဲဆန်အသစ်များ ဝင်ရာက်လာ၍ မြေပဲဆန်ဈေးများ လျော့ကျလာ
သြဂုတ်လ တတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ ပဲအသစ်များ ဝင်ရောက်မှုမရှိဘဲ လက်ကျန်လှောင်လက်ပဲ များသာ အရောင်းအဝယ်ဖြစ်နေပြီး တရုတ်နှင့် အိန္ဒိယ နထစသမအ ဝယ်လက်ရှိ၍ ဈေးမြင့်တက်လာကြောင်း မန္တလေးကုန် စည်ဒိုင်မှ သိရသည်။ မန္တလေးကုန်စည်ဒိုင်သို့ ကျောက်ပန်း တောင်း၊ တပ်ကုန်း၊ ရမည်းသင်း၊ မကွေးနှင့် အောင်လံဘက်မှ ဝင်ရောက်လျက်ရှိပြီး မြေပဲဆန်အသစ်များ နယ်စုံမှ ထွက် ပေါ်နေ၍ မြေပဲဆန်ဈေးများ ကျဆင်းလာကြောင်း အရည် အသွေးနှင့် အမျိုးအစားပေါ်မူတည်၍ ယခင်တစ်ပတ်ထက် မြေပဲဆန်တစ်ပိဿာ ကျပ် ၃၀ဝ မှ ကျပ် ၁၂၀ဝ အထိ လျော့ ကျလာသည်။










