Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

ယခုအပတ်နယ်စပ်မှ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှု တန် ၆၄၀ ကျော်ရှိ

Mon, 11/21/2011 - 09:03 -- Anonymous (not verified)

                  မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာ ၉ ရက်မှ ၁၅ရက် အထိကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၇၆၄ သန်းတန်ဖိုးရှိ အေးခဲ ကျွဲသား ၂၂၄ တန်ကျော်၊ အေးခဲအမဲသား ၁၀၃ တန်ခန့်နဲ့ ကျွဲနွားဝမ်း တွင်းသား ဆားနယ် ၁၆၆ တန်၊ စုစုပေါင်း ၄၉၄ တန်ခန့် အပို့ရှိခဲ့ရာ ယခင်အပတ်က ၄၉၃ တန်ခန့် အပို့ရှိခဲ့တာမို့ ယခင်အပတ် တင်ပို့မှု ပမာဏအတိုင်း တင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ ၀ ဒသမ ၅၀၉ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၁၃၉ တန်၊ ဆိတ်သား ရေခြောက် ၃ တန်ကျော်နဲ့ အမဲပြုတ်သား ၈ တန်ကျော်၊ စုစုပေါင်း တန် ၁၅၀ ခန့်အပို့ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် ၂၆ တန်ခန့် တင်ပို့ မှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)

တမူးနယ်စပ်မှ ကွမ်းသီးအပို့ ပို

Mon, 11/14/2011 - 09:29 -- Anonymous (not verified)

                  မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ ကျပ် ၂၀ ဒသမ ၇၄၅ သန်းတန်ဖိုးရှိတဲ့ ကွမ်းသီၤး ၇ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းတန်ဖိုးရှိ ကွမ်းသီး ၂၃ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ကွမ်းသီးအစို ၁၅ တန်တင်ပို့မှု ပိုမိုခဲ့ပါတယ်။ တစ်ဖက်နိုင်ငံအနေနဲ့ ကွမ်းသီးလိုအပ်ချက်ရှိ သော် လည်း နယ်မြေအခြေအနေ နဲ့လုံခြုံရေးပေါ်မူတည်ပြီး တင်ပို့နေရတာဖြစ်ပါတယ်။MIRT(DOBT)

မူဆယ်မှ ပရဆေးကုန်ကြမ်း အပို့လျော့ပေမဲ့ တမူးမှအသွင်းရှိ

Mon, 11/14/2011 - 09:26 -- Anonymous (not verified)

                      မြန်မာ- တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၈၉၈ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်းတန် ၂၇၀ ကျော် နိုဝင်ဘာလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပြီး ယခင်အပတ်ကထက် တန် ၁၀၀ ကျော် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခုအပတ် မူဆယ်နယ်စပ်မှ တင်ပို့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ ဇီးဆံ၊ ကြောင်လျှာစေ့၊ သီဟိုဠ်စေ့ (အခွံမပါ)၊ ကြောင်ပန်းစေ့၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ ချဉ်ပေါင်ဖာလာ (အခွံမပါ)၊ တောချင်း၊ မိကျောင်းကွမ်းဖတ်စေ့၊ စကားပန်းပွင့်ခြောက်၊ တောဂျူးမြစ်၊ ရွေးရွက်၊ အုံတုံခေါက်၊ ရှားစေး၊ ဒရင်ကောက် မြစ်၊ ခပေါင်းစေ့နဲ့ ဆေးမြင်းခွါတို့ ဖြစ်ပါတယ်။ ခပေါင်းစေ့နဲ့ ကြောင်လျှာစေ့များကို ယခင်အပတ်က တင်ပို့ခဲ့ခြင်း မရှိပါဘူး။ တောချင်း၊ မိကျောင်းကွမ်းဖတ်စေ့၊ ရှားစေးနဲ့ အုံတုံ ခေါက်တင်ပို့မှု ယခင်အပတ်ကထက် ပိုမိုခဲ့သော်လည်း ကျန်အမယ်များ တင်ပို့မှု သိသိသာသာလျော့နည်းခဲ့တာ တွေ့ရပါ တယ်။ တမူးနယ်စပ်မှာတော့ ယခင်အပတ်က ပရဆေးကုန် ကြမ်း အသွင်းမရှိပေမဲ့ ယခုအပတ်မှာ ကန်ဒေါ်လာ ၀ ဒသမ ၀၂၃ သန်း တန်ဖိုးရှိ ဇာတိပ္ဖိုလ်သီး ၂ တန်ကျော်နဲ့ ရှိန်းခို ၁ ဒသမ ၈ တန် အသွင်းရှိခဲ့ပါတယ်။                 အောက်တိုဘာလအတွင်း မူဆယ်မှ ပရဆေးကုန်ကြမ်း တန် ၂၁၀၀ နီးပါးအပို့ရှိပြီး တမူးမှ ပရဆေးကုန်ကြမ်း ၈ တန်ကျော် အသွင်းရှိခဲ့ပါတယ်။ MIRT(DOBT)

လိုင်စင်လျှောက်ထားရာမှာ ဈေးနှုန်းသည် အဓိကကျ

Mon, 11/14/2011 - 09:24 -- Anonymous (not verified)

                        လိုင်စင်လျှောက်ထားပါက ဈေးနှုန်းဟာ အဓိကကျ ကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကိုယ်စားလှယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ကိုယ်စားလှယ်၊ ကုန်သည်အသင်းကိုယ်စားလှယ်၊ ဈေးနှုန်း လျှောက်ထားတဲ့ ကုမ္ပဏီလုပ်ငန်းရှင်များ၊ OSS အဖွဲ့ဝင်ဌာနဆိုင်ရာများပါဝင် တဲ့ ဈေးနှုန်းညှိနှိုင်းရေးအဖွဲ့နဲ့ တင်ပို့တင်သွင်းမဲ့ပစ္စည်းရဲ့ ဈေးနှုန်းကို မိမိဘက်ပေါက်ဈေး၊ တစ်ဖက်နိုင်ငံပေါက်ဈေးပေါ် အခြေခံညှိနှိုင်းပေးလျက် ရှိကြောင်း၊ တရားဝင်ကုန်သွယ်မှု အပိုင်းအနေနဲ့ ကုမ္ပဏီတည်ထောင်ခြင်း၊ ပစ္စည်းတစ်ခုအား လိုင်စင်လျှောက်ထား ၍အခွန်ဆောင်ပြီးတင်သွင်းတင်ပို့ခြင်း၊ ပါမစ်ဖြင့် တင်ပို့တင်သွင်းခြင်းတို့ဖြစ်ကြောင်း၊ တရားမဝင် တင်သွင်းမှုများအား လမ်းကြောင်းမှန်ပေါ်ရောက်ရှိစေရေး စည်းရုံး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း အောက်တိုဘာလ ၂၈ ရက်က ပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေး မှာ ကော့သောင်းစခန်းတာဝန်ခံ ဦးဇော်လွင်ဦးက ရှင်းလင်း ပြောကြားခဲ့ပါတယ်။ တရားဝင်တင်သွင်းမှုရှိမှသာ အစား အသောက်များအား FDA  စစ်ဆေးခြင်းဖြင့် ပြည်သူအတွက် ဘေးကင်းမှုအကျိုးခံစားခွင့်ရှိနိုင်မယ်၊ ပို့ကုန်တင်ပို့မှုအပိုင်းမှာ Value Added ပစ္စည်းများတင်ပို့နိုင်ရေး၊ ရော်ဘာတင်ပို့နိုင် ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့တယ်လို့ လည်း သတင်းရရှိပါတယ်။                  ဒေသထွက် ပုံမှန်ပို့ကုန်များ တင်ပို့မှုအဖြစ် အမယ် သစ်များ ရှာဖွေတင်ပို့ရန်နဲ့ ပို့ကုန်ပမာဏတိုးမြှင့် တင်ပို့နိုင် ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာများနဲ့ ကုန်သည် လုပ်ငန်းရှင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် ကော့သောင်း အထွေထွေအုပ်ချုပ်ရေးမှူးကလည်း ပြောကြား ခဲ့တယ်လို့သိရပါတယ်။ ဌာနဆိုင်ရာများနှင့် ကုန်သည် လုပ်ငန်းရှင်များ အခက်အခဲရှိပါက One Stop Services အဖွဲ့မှ တစ်ဆင့် တင်ပြပေးကြရန်နဲ့ ကူညီဖြေရှင်းဆောင်ရွက် ပေးသွားမယ်လို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။ စခန်းတာဝန်ခံညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးက ဗုဒ္ဓဟူး နေ့တိုင်း နေပြည်တော်ရုံးချုပ်တွင် OSS အဖွဲ့ဝင် ဌာန ၆ ခုမှ ညွှန်ကြားရေးမှူးချုပ်များနဲ့ OSS အဖွဲ့ အစည်းအဝေး ပြုလုပ်ပြီး နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်ပြသည့် အခက်အခဲများအား ညှိနှိုင်းဆုံးဖြတ်ပေးလျက်ရှိကြောင်း၊ အောက်တိုဘာ ၇ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲတွင် လယ်ယာထွက်ကုန်နဲ့ CMP ပို့ကုန်လိုင်စင်များ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လိုင်စင်သက်တမ်းတိုးခြင်းကိုလည်း စခန်းမှ ကြေးနန်းဖြင့်ရုံးချုပ်သို့တင်ပြပြီး EICC ခွင့်ပြုချက်နဲ့ စခန်းမှပင် သက်တမ်းတိုးခွင့်ရရှိရေး ဆောင်ရွက်၍ရပြီဖြစ် ကြောင်း အသိပေးပြောကြားခဲ့ပါတယ်။                     ပဲ၊ ပြောင်း၊ နှမ်း၊ ဆီအုန်းကြိတ်ဖတ်များတင်ပို့နိုင်ရေး ကုန်သည်လုပ်ငန်းရှင်များ ကြိုးပမ်းဆောင်ရွက် ကြရန်နဲ့ လုပ်ငန်းများ လုပ်ဆောင်ရာမှာ အခက်အခဲအကျပ်အတည်းများ ရှိပါက အချိန်မရွေးတင်ပြနိုင်ကြောင်း၊ OSS ဝန်ထမ်းများ သတ်မှတ်အခကြေးငွေထက် ပိုမိုတောင်းခံခြင်း၊ လုပ်ငန်း နှောင့်နှေးကြန့်ကြာအောင်ဆောင်ရွက်ပါက အချိန်မရွေး တင်ပြနိုင်ကြောင်း စခန်းတာဝန်ခံကပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source: နကသ၊(ကော့သောင်း)MIRT(DOBT)

ယခုအပတ်နယ်စပ်မှ အရိုးလွတ်အေးခဲကျွဲသားနဲ့ အမဲသားအပို့ရှိ

Mon, 11/14/2011 - 09:21 -- Anonymous (not verified)

                မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၅၆၂ သန်း တန်ဖိုးရှိ အရိုးလွတ် အေးခဲကျွဲသားနဲ့ အမဲသား တန် ၁၇၀ ကျော်ကို နိုဝင်ဘာလ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်း တရုတ်သို့ တင်ပို့နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကန်ဒေါ်လာ သုည ဒသမ ၇၇၉ သန်း တန်ဖိုးရှိ အေးခဲအမဲသားနဲ့ အမဲသားခြောက် ၁၅၆ တန်ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၆၂၃ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၁၆၇ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၆၅၂ သန်းတန်ဖိုးရှိ အရိုးလွတ် အေးခဲကျွဲသား/အမဲသား ၁၇၀ ဒသမ ၄ တန် အပို့ရှိခဲ့တာဖြစ်ပါတယ်။ ယခုအပတ်မှာ ချင်းရွှေဟော်မှ ကန်ဒေါ်လာ သုည ဒသမ ၅၈၃ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၁၇၇ တန်ခန့်လည်း အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ယခင်အပတ်က မူဆယ် နယ်စပ်မှ အပို့မရှိခဲ့တဲ့ အရိုးလွတ်(အေးခဲ/ ကျွဲသား) ကိုယခုအပတ်မှာ အပို့ရှိခဲ့ပြီး ကျန်ပို့ကုန်များမှာ လျော့နည်းလျက် ရှိပါတယ်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်း နယ်စပ်မှ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့နိုင်မှုကတော့ အေးခဲအမဲသား ၂၈၆၂ တန်ကျော်၊ ကျွဲသား ၄၂၇ တန်၊ သားရေတန် ၁၈၀ ၊ အမဲသားခြောက် တန် ၁၂၀ ခန့်၊ အမဲပြုတ်သား ၁၅ တန် ၊အစာရေချို/ဝမ်းတွင်းသား စသည့် ၃၄၅ နဲ့အမဲ အကြော ၄ တန် အသီးသီးဖြစ်ပါသည်။ MIRT(DOBT)

ဖရဲရာသီအဖွင့် တန် ၁၄၆၀ ကျော်နဲ့ စတင်နိုင်

Mon, 11/14/2011 - 09:16 -- Anonymous (not verified)

                    မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်၊ ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ နိုဝင်ဘာလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၂၄၄ သန်းတန်ဖိုးရှိ ဖရဲသီး ၁၄၆၃ တန် အပို့ရှိခဲ့ပါတယ်။ ယခုနှစ် ဖရဲရာသီအဖွင့်ကို တန်ချိန် ၁၄၆၀ နဲ့ စတင် နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖရဲသီးအဖြူနဲ့ အကြားသီးများ အဝင်ရှိပြီး လားရှိုး၊ လှည်းကူး၊ ပခုက္ကူ၊ မြင်းမူ၊ မုံရွာ၊ ချောင်းဦးတို့ဘက်က ဖရဲသီး တွေ အဝင်များနေပါတယ်။ တစ်နေ့ ပျမ်းမျှတန် ၁၅၀ ကျော်ဝန်းကျင် အဝင်ရှိနေတယ်လို့ သိရပါတယ်။ ဖရဲသီးတစ်တန်ကို ယွမ် ၃၈၀၀ ခန့် ဈေးပေါက်လျက်ရှိပြီး တစ်တန်ကို သယ်ယူပို့ဆောင်စရိတ် (ကားခ)  ၇၅၀၀၀ ကျပ် ဝန်းကျင်ကျသင့်နေတယ်လို့ မုံရွာချောင်းဦးဒေသထွက် ဖရဲသမားအချို့ထဲက သိရပါတယ်။ MIRT(DOBT)

ဝက်အရှင် ရိဒ်နယ်စပ်မှ ယခုအပတ်တင်ပို့မှု ပိုမို

Mon, 11/14/2011 - 09:07 -- Anonymous (not verified)

                    မြန်မာ-အိန္ဒိယ နယ်စပ်ရှိ ရိဒ်နယ်စပ်မှ နိုဝင်ဘာလ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်း ကျပ် ၂၃ ဒသမ ၈၃ သန်းတန်ဖိုးရှိ ဝက် အရှင် ၁၇၃၉၃ ကီလိုဂရမ် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ကီလိုဂရမ် ၃၆၀၀ လျော့နည်းတင်ပို့ခဲ့ပါတယ်။ သြဂုတ်လနှင့် စက်တင်ဘာလများမှာ ဝက်နားရွက်ပြာရောဂါ ကျရောက် မည်စိုး၍ ဝက်အသွင်း ကို တားမြစ်ထားခဲ့ရာမှ အောက်တိုဘာလဆန်းပိုင်းမှာ တစ်ဖက်နိုင်ငံ က တောင်းဆိုချက်အရ ရောဂါကင်းစင်ကြောင်း ဆေးလက်မှတ်များ ပါရှိပါက ပြန်လည်တင်ပို့ပေးရန် မီဇိုရမ်ပြည်နယ် ခိုတလန်းကျေးရွာ နေ ဝက်အရှင် တင်သွင်းသူတစ်ဦးရဲ့ တောင်းဆိုချက်အရ ဝက်များကို စက်တင်ဘာလ ၂၈ ရက်ကစပြီး ပြန်လည်တင်ပို့ခဲ့ခြင်း ဖြစ်ပါတယ်။ အောက်တိုဘာလအတွင်း ဝက်အရှင် ၁၇၅၉၅ ကီလို တင်ပို့ခဲ့ပြီး ယခု နိုဝင်ဘာလဆန်းမှာ တစ်ခါထပ်မံတင်ပို့ လာတာ ဖြစ်ပါတယ်။ MIRT(DOBT)

မြန်မာနိုင်ငံမှ ဆန်နဲ့ ဂျုံဝယ်ယူလိုကြတဲ့ ဇိုခေါဒါရ် ကုန်သည်များ

Tue, 11/08/2011 - 08:42 -- Anonymous (not verified)

             တစ်ဖက်နိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ပြည်နယ်အစိုးရမှ ထောက်ပံ့သောဆန်ကို အိန္ဒိယပြည်တွင်းမှ ဝယ်ယူရသည့် ကုန်ကျစရိတ်များသဖြင့် မြန်မာအိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်မှ ဝယ်ယူနိုင်ရေး စုံစမ်းမှုများ ရှိနေတယ်လို့ အောက်တိုဘာ ၂၇ ရက်နေ့က ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှာပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ ကုမ္ပဏီဒါရိုက်တာ တစ်ဦးက ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ၤဥြ (ရိဒ်)ဆန်တစ်အိတ်လျှင် ရူပီး ၁၂၀၀ မှ ၁၅၀၀ ကြား ဈေး နှုန်းနဲ့ တန် ၅၀၀ခန့်၊ အိုက်ဇောမှာ မုန့်လုပ်သူအချို့ ကလည်း တစ်လလျှင် ဂျုံအိတ် ၂၀၀ ခန့် ဝယ်ယူလိုတယ်လို့ စုံစမ်းမှု တွေရှိနေတဲ့အတွက် နယ်စပ်ဖြတ်ကျော်ပုံမှန် ကုန်သွယ်မှု နည်းလမ်းနဲ့တင်ပို့ခွင့်ရလျှင် တင်ပို့လိုကြောင်း ဆွေးနွေး တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ရိဒ်နယ်စပ်အနေနဲ့ ပို့ကုန်ပိုင်းမှာ ဝက်အရှင်၊ ကွမ်းသီး၊ ကုန်မျိုးစုံများ တင်ပို့မှုရှိပြီး သွင်းကုန် အနေနဲ့ ယူရီးယား၊ ပိုတက်ရှ် ဓာတ်မြေသြဇာနဲ့ ဆံပင်တို့ တင်သွင်းလျက်ရှိပါတယ်။Source: နကသ၊ MIRT(DOT)

ဘင်္ဂလားဒေ့ရှ်နယ်စပ် ဝါးအပို့ရှိ ကြိမ်အပို့မရှိ

Tue, 11/08/2011 - 08:34 -- Anonymous (not verified)

                   အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၁ ရက်ထိကာလအတွင်း မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ်မှ ကန်ဒေါ်လာ ၇၆၅၀ တန်ဖိုးရှိ ဝါးကြီး ၁၅၀၀၀ လုံးနဲ့ ဝါးသေး ၂၄၆၀၀၀ လုံး အပို့ရှိခဲ့ပြီး စစ်တွေမှ ကြိမ်တင်ပို့မှုတော့ မရှိခဲ့ပါဘူး။ ယခင်အပတ်ကထက် ဝါးကြီးတင်ပို့မှုမှာ ၁၀၇၆၀၀ လုံးလျော့နည်းခဲ့ သော်လည်း ဝါးသေး ၁၈၄၀၀၀ လုံးအပို့ပိုခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)

တမူးမှ ကွမ်းသီးအစိုအပို့ အနည်းငယ်ရှိ

Tue, 11/08/2011 - 08:32 -- Anonymous (not verified)

              မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ ကန်ဒေါ်လာ ၀ ဒသမ ၀၀၅ သန်း တန်ဖိုးရှိ ကွမ်းသီးအစို ၇ ဒသမ ၆၀ တန်ကို အောက်တိုဘာလ ၂၆ ရက်မှ နိုဝင် ဘာလ ၁ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၀ ဒသမ ၈၀ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ဝယ်ယူစုဆောင်းရရှိသမျှနဲ့ ဝယ်လက် အမှာပေါ် မူတည်ပို့နေရတယ်လို့ သိရပါတယ်။MIRT(DOBT)

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ