Main menu

Background

Wednesday, 23 Jul 2014

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိန္ဒိယ  အဆွဲပြန်သွက်လာတာကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ် တန်ကို ၅၀၀၀၀ ကျပ် ခန့်ဈေးမြင့်လာကြောင်း ဘုရင့်နောင်အခြေစိုက် ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။

Wednesday, 23 Jul 2014

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိန္ဒိယ  အဆွဲပြန်သွက်လာတာကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ် တန်ကို ၅၀၀၀၀ ကျပ် ခန့်ဈေးမြင့်လာကြောင်း ဘုရင့်နောင်အခြေစိုက် ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။

Monday, 25 Apr 2011

ဘုရင့်နောင်ကုန်စည်ဒိုင်

စဉ် အမျိုးအမည်        ရေတွက်ပုံ          (ပြည်ပရောင်း)         (ပြည်တွင်းရောင်း)             ပြောင်းလဲမှု

                                                     ယခင်     ယခု              ယခင်    ယခု

၁ မတ်ပဲ(RC)                ၁ တန်       ၇ဝ၂ဝဝဝ- ၆၆၃ဝဝဝ           -           -
၂ မတ်ပဲ(SQRC)            ၁ တန်         ၈၁ဝဝဝဝ-၇၉ဝဝဝဝ          -          -
၃ မတ်ပဲ(ကုန်ကြမ်း)        ၁ ပိဿာ               -                        ၁၁၆ဝ-၁ဝ၈၅
၄ ကုလားပဲဖြူလုံးကြီး       ၁ပိဿာ                -                         ၉ဝဝ-၁ဝဝဝ
၅ ပဲစင်းငုံနီ(သစ်)(RC)     ၁တန်                   -                    ၆၁ဝဝဝဝ-၆ဝ၅ဝဝဝ
၆ ပဲတီစိမ်း(ခရမ်း)          ၁တန်                    -                        ၁၇၁၆-၁၆၈၃

 ဘုရင့်နောင်မှာမတ်ပဲနဲ့ ပဲစင်းငုံနီ ခပ်ပါးပါးသာ အရောင်းအဝယ်ဖြစ်

                   ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်မှာ သြင်္ကန်အပြီး မတ်ပဲနှင့် ပဲစင်းငုံနီက အရောင်းအဝယ်ခပ်ပါးပါးသာဖြစ်နေပြီး ပဲတီစိမ်း(ခရမ်း) ကတော့ အရောင်းအဝယ်အေးသွားတာတွေ့ရပါတယ်။မတ်ပဲ (RC) ကို ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ကုန်သည်ကြီးများက တစ်တန်ကို ၆၆၃ဝဝဝ ကျပ်နဲ့ နေ့စဉ် တန် ၅ဝဝ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီကီ တော့ ဈေးကွက်သို့ အဝင် ပုံမှန်ရှိပေမယ့် အိတ်စပို့ဝယ်လက်တွေက ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို ၆ဝ၅ဝဝဝ ကျပ်နဲ့ နေ့စဉ် တန် ၁ဝဝ ခန့်အဝယ်ရှိခဲ့တယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ပဲတီစိမ်း(ခရမ်း) ကို အိတ်စပို့ဝယ်လက်တွေက အဝယ် အေးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၆၈၃ ကျပ် (တစ်တန်ကို ၁ဝ၃၂၃၃၅ ကျပ်)နဲ့ နေ့စဉ် အိတ် ၄ဝဝ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်

Monday, 25 Apr 2011

ပြည်ကုန်စည်ဒိုင် စဉ် အမျိုးအမည်       ရေတွက်ပုံ        ဈေးနှုန်း(ကျပ်)             ပြောင်းလဲမှု                                        ယခင်အပတ် ယခုအပတ်၁ မတ်ပဲ                 ၁ ပိဿာ        ၁၁၃၅       ၁၁၃၅၂ ကုလားပဲ             ၁ ပိဿာ          ၈၆၅         ၈၉၅၄ ပဲစင်းငုံနီ             ၁ ပိဿာ          ၉၇၅           ၉၃ဝပြည်မှာ မတ်ပဲဈေးငြိမ်နေပြီး ပဲစင်းငုံနီဈေးဆင်းလာ                  မတ်ပဲ က ဈေးကွက်သို့ အဝင်များလာသလို ရန်ကုန်ဝယ်လက်နဲ့ လှောင်လက်သမားများကလည်း တစ်ပိဿာကို ၁၁၃၅ ကျပ် (တစ်တန်ကို ၆၉၅ဝ၆၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်ဝယ်အားပုံမှန်ရှိ ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒါ့ အပြင် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ရန်ကုန်ဈေးကွက်မှာ ဈေးကျနေတာကို အကြောင်းပြပြီး ဈေးလျော့အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၃ဝ ကျပ် (တစ်တန်ကို ၅၆၉၅၂၂ ကျပ်)နဲ့ နေ့စဉ် အိတ် ၄ဝဝ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။

Tuesday, 5 Apr 2011

ဟင်္သာတကုန်စည်ဒိုင်စဉ် အမျိုးအမည်           ရေတွက်ပုံ            ဈေးနှုန်း(ကျပ်)              ပြောင်းလဲမှု                                                       ယခင်အပတ် ယခုအပတ်၁ မတ်ပဲ                      ၁ ပိဿာ             ၁ဝ၇ဝ         ၁၁၅ဝ၂ ပဲလွန်းဖြူ                  ၁ ပိဿာ            ၁ဝ၁ဝ           ၉၄ဝ၃ ပဲပုပ်                        ၁ ပိဿာ             ၈၉ဝ             ၈၂၅ဆက်သွယ်ရန် ဖုန်း-ဝ၄၄-၂၁၇၂၁ ဟင်္သာတမှာ မတ်ပဲဈေးအနည်းငယ်မြင့်ပြီး အရောင်းအဝယ်ဖြစ်                မတ်ပဲက ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်ကလည်း အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာက ို ၁၁၅ဝ ကျပ်(တစ်တန်ကို ၇ဝ၄၂၄၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၃ဝဝ ကြားအရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ 

Tuesday, 5 Apr 2011

ဘုရင့်နောင်ကုန်စည်ဒိုင်စဉ် အမျိုးအမည်       ရေတွက်ပုံ           (ပြည်ပရောင်း)          (ပြည်တွင်းရောင်း)        ပြောင်းလဲမှု                                                          ယခင်   ယခု             ယခင်      ယခု ၁ မတ်ပဲ(RC)               ၁ တန်              ၇၃၃ဝဝဝ-၇ဝ၂ဝဝဝ        -           -၂ မတ်ပဲ(SQRC)           ၁ တန်              ၈၂ဝဝဝဝ-၈၁ဝဝဝဝ        -           -၃ မတ်ပဲ(ကုန်ကြမ်း)      ၁ ပိဿာ                        -                    ၁၁၉ဝ-၁၁၆ဝ၄ ကုလားပဲဖြူလုံးကြီး    ၁ပိဿာ                         -                      ၉၉ဝ-၉ဝဝ၅ ပဲစင်းငုံနီ (RC)          ၁ တန်                           -                   ၆၃၅ဝဝဝ-၆၁ဝဝဝဝ၆ ပဲတီစိမ်း (ခရမ်း)       ၁ ပိဿာ                        -                       ၁၉ဝဝ-၁၇၁၆ဘုရင့်နောင်မှာ မတ်ပဲဈေးလှုပ်ပြီး ပဲစင်းငုံနီနဲ့ ပဲတီစိမ်း(ခရမ်း) ဈေးကျ                         ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC)က ဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်ခဲ့သလို ပဲစင်းငုံနီ(RC) နဲ့ ပဲတီစိမ်း(ခရမ်း)က ကျဈေးန ဲ့ အရောင်း အဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ မတ်ပဲ(RC) ကို ဝယ်ယူနေတဲ့ အိတ်စပို့ဝယ်လက်တွေက အစပိုင်းရက်တွေမှာ ဈေးပေးအဝယ်ရှိတာကြောင့် မတ် ၂၈ရက်က တစ်တန်ကို ၇၄ဝဝဝဝ ကျပ်ရှိရာက ၂၉ရက်မှာ တစ်တန်ကို ၇၄၅ဝဝဝ ကျပ်သို့ဈေးမြင့်ခဲ့ပြီး နောက်ပိုင်းမှာ အိတ်စပို့ဝယ်လက်တွေက ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာ တစ်ယူနစ်တန်ဖိုး ဈေးကျလာမှုအပေါ် မူတည်ပြီး ဈေးချအဝယ်ရှိတာကြောင့် မတ် ၃ဝရက်မှာ တစ်တန်ကို ၇၂၈ဝဝဝ ကျပ်သို့ ဈေးကျခဲ့ပြီး ၃၁ရက်မှာ ၇၁၅ဝဝဝ ကျပ်သို့ ထပ်မံဈေးကျ ဆင်းခဲ့ကာ ဧပြီ ၁ရက်မှာတော့ တစ်တန်ကို ၇ဝ၂ဝဝဝ ကျပ်သာ ရှိပါတော့တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပတ်လုံး တန် ၃၁ဝ၅ ခန့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ပဲစင်းငုံနီကို ပြည်ပတင်ပို့ရန် ဝယ်ယူ နေတဲ့ ကုန်သည်ကြီးများက ပြည်ပအဝယ် အေးသွားတဲ့အပေါ် ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို ၆၁၅ဝဝဝ ကျပ်နဲ့ တစ်ပတ်အတွင်း တန် ၆၄၄ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲတီစိမ်း (ခရမ်းရွှေဝါ)ကို အိတ်စပို့ဝယ်လက်တွေက တစ်ပိဿာကို ၁၇၁၆ ကျပ်(တစ်တန်ကို ၁ဝ၅ဝ၈၆ဝ ကျပ်) နဲ့ နေ့စဉ် တန် ၁၅ဝခန့် အဝယ်ပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် တစ်ပိဿာကို ၁၈ဝ ကျပ်ခန့် ဈေးကျသွားခဲ့တယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။

Pages