Main menu

Background

Tuesday, 1 Feb 2011

ဘုရင့်နောင်ကုန်စည်ဒိုင်စဉ် အမျိုးအမည်                 ရေတွက်ပုံ              (ပြည်ပရောင်း)            (ပြည်တွင်းရောင်း)             ပြောင်းလဲမှု                                                                       ယခင်      ယခု             ယခင်         ယခု၁ မတ်ပဲ(RC)                    ၁ တန်                    ၇ဝ၈ဝဝဝ-၇၃၂ဝဝဝ            -              -၂ မတ်ပဲ(ှSQRC)                ၁ တန်                    ၈၃၅ဝဝဝ-၈၃ဝဝဝဝ - -၃ မတ်ပဲ(ကုန်ကြမ်း)           ၁ ပိဿာ                             -                         ၁၁၉ဝ-၁၁၉၅၄ ကုလားပဲဖြူလုံးကြီး         ၁ပိဿာ                              -                         ၁၂ဝဝ-၁၂ဝဝ၅ ပဲစင်းငုံနီ(သစ်)(RC)        ၁တန်                                 -                     ၇၂ဝဝဝဝ-၇၂၈ဝဝဝဘုရင့်နောင်မှာမတ်ပဲ (RC) နဲ့ ပဲစင်းငုံနီ(RC) ဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်                   ဒီတစ်ပတ် ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC)နှင့် ပဲစင်းငုံနီ (RC) က အစပိုင်းရက်တွေမှာ ဈေးကအမြင့်မှာရှိနေပြီး နောက်ပိုင်းမှာ ရန်ကုန်ဈေးကွက်တွင် ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုးဈေး ဆက်တိုက်ကျဆင်းနေတဲ့အပေါ် အိတ်စပို့ဝယ်လက်တွေက ဈေးချ အဝယ်ရှိတာကြောင့် ဈေးကျသွားပေမယ့် ယခင်အပတ်နဲ့စာရင်မတ်ပဲ (RC)က တစ်တန်ကို ၂၄ဝဝဝ ကျပ်ခန့်ဈေးမြင့်နေသေးသလို ပဲစင်းငုံနီ(RC)ကလည်း တစ်တန်ကို ၈ဝဝဝ ကျပ်ခန့်ဈေးမြင့်နေသေးတယ် လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက မတ်ပဲ (RC)တစ်တန်ကို အနိမ့်ဆုံး ၇၃ဝဝဝဝ ကျပ်မှ အမြင့်ဆုံး ၇၅၈ဝဝဝ ကျပ်အတွင်း တန် ၂၈၆ဝ ခန့်ဖြစ်ခဲ့သလို ပဲစင်းငုံနီ(RC)ကလည်း တစ်တန်ကို အနိမ့်ဆုံး ၇၂၈ဝဝဝ ကျပ်မှအမြင့်ဆုံး ၇၇၅ဝဝဝ ကျပ် အတွင်း တန် ၁၅၆၄ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဈေးကွက်ထဲမှာ နေ့စဉ်ရက်ဆက်အရောင်းအဝယ်သွက်နေတဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာအစပိုင်းရက်တွေမှာ ဈေးကောင်းရနေပေမယ့် နောက်ပိုင်းမှာ အိတ်စပို့ဝယ်လက်တွေက အိန္ဒိယဈေးကွက်အခြေအနေနှင့် ရန်ကုန်မှာ နေ့စဉ်ဖြစ်ပေါ်နေတဲ့ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူ နစ်တန်ဖိုးဈေးဆက်တိုက်ကျနေတဲ့အပေါ် တွက်ချက်ဝယ်ယူမှုရှိလို့ ယခုလိုဈေးတွေလှုပ်လာတာလို့ ပဲကုန်သည်ကြီးများက ဆိုပါတယ်။

Friday, 28 Jan 2011

ဘုရင့်နောင်ကုန်စည်ဒိုင်စဉ် အမျိုးအမည်         ရေတွက်ပုံ          (ပြည်ပရောင်း)          (ပြည်တွင်းရောင်း)                    ပြောင်းလဲမှု                                                 ယခင်      ယခု          ယခင်          ယခု ၁ မတ်ပဲ(RC)             ၁ တန်           ၇ဝ၃ဝဝဝ-၇ဝ၈ဝဝဝ          -            -၂ မတ်ပဲ(SQRC)         ၁ တန်           ၈၁ဝဝဝဝ-၈၃၅ဝဝဝ          -            -၃ မတ်ပဲ(ကုန်ကြမ်း)     ၁ ပိဿာ                 -                       ၁၁၈၅-၁၁၉ဝ၄ ကုလားပဲဖြူလုံးကြီး    ၁ပိဿာ                 -                       ၁၂ဝဝ-၁၂ဝဝ၅ ပဲစင်းငုံနီ(သစ်)(RC)  ၁တန်                    -                    ၆၈၅ဝဝဝ-၇၂ဝဝဝဝဘုရင့်နောင်မှာမတ်ပဲ (RC)နဲ့ ပဲစင်းငုံနီဈေးဆက်စွာ                 ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC)နှင့် ပဲစင်းငုံနီ (RC) ကဈေးဆက်စွာနေပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ မတ်ပဲ (RC)ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ကုန်သည်ကြီးများက အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာ့မတ်ပဲဈေးကွက်အခြေအနေ ကိုကြည့်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိနေတာကြောင့် ၁၇-၁-၂ဝ၁၁ နေ့မှာ မတ်ပဲ(RC)တစ်တန်ကို ၆၉၅ဝဝဝ ကျပ်ရှိရာက ၁၈-၁-၂ဝ၁၁ နေ့မှာ ၇၁၁ဝဝဝ ကျပ်သို့ဈေးစွာခဲ့ပြီး ၁၉-၁-၂ဝ၁၁ နေ့မှာ ၆၉၈ဝဝဝ ကျပ်သို့ဈေးပြန်ဆင်းခဲ့ကာ ၂ဝ-၁-၂ဝ၁၁ နေ့မှာတော့ ၇ဝ၈ဝဝဝ ကျပ်သို့ဈေးမြင့်ခဲ့တာတွေ့ရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပတ်အတွင်း တန် ၂၈၇၅ ခန့်ရှိခဲ့ပြီး ယခင်အပတ်နဲ့စာရင် မတ်ပဲ (RC) ကတစ်တန်ကို ၅ဝဝဝ ကျပ်ခန့်ဈေးမြင့်နေသေးတယ်လို့ ပဲကုန် သည်တစ်ဦးကဆိုပါတယ်။ ပဲစင်းငုံနီ (RC)ကိုExport ဝယ်လက် တွေအပြင် မြို့တွင်းလှောင်လက်ကုန်သည်အချို့ကပါ ဈေးပေးအဝယ် ရှိသလို ဝယ်အားပါသွက်နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့့်် လာပြီး တစ်တန်ကို အနိမ့်ဆုံး ၆၈၅ဝဝဝ ကျပ် အမြင့်ဆုံး ၇၂ဝဝဝဝ ကျပ်အတွင်း တန် ၁၄၉၅ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ဈေးကွက်မှာထူးခြားတာက ပဲစင်းငုံနီပါ။ပဲစင်းငုံနီက ဈေးကွက်အသီးသီးသို့ အဝင်လှိုင်နေသလို Export ဝယ် လက်နဲ့မြို့ခံလှောင်လက်တွေကလည်း ဈေးကိုအမြင့်ဆုံးပေး ဝယ်တာကြောင့် တောင်သူမှ Export  အဆုံးအကျိုးအမြတ် အထိုက်အလျောက်စီ ရနေကြတယ်လို့ပဲ ကနု်သည်များက ဆိုပါတယ်။

Monday, 17 Jan 2011

ဘုရင့်နောင်ကုန်စည်ဒိုင် စဉ် အမျိုးအမည်       ရေတွက်ပုံ                (ပြည်ပရောင်း)                 (ပြည်တွင်းရောင်း)                   ပြောင်းလဲမှု                                                   ယခင်       ယခု                   ယခင်        ယခု၁ မတ်ပဲ(RC)              ၁ တန်               ၆၅၉ဝဝဝ-၇ဝ၃ဝဝဝ                  -            -၂ မတ်ပဲ(SQRC)          ၁ တန်               ၇၉ဝဝဝဝ-၈၁ဝဝဝဝ                   -            -၃ မတ်ပဲ(ကုန်ကြမ်း)      ၁ ပိဿာ                       -                             ၁ဝ၈ဝ-၁၁၈၅၄ ကုလားပဲဖြူလုံးကြီး     ၁ပိဿာ                       -                              ၁၁၅ဝ-၁၂ဝဝ၅ ပဲစင်းငုံနီ(သစ်)(RC)    ၁တန်                         -                          ၅၇၅ဝဝဝ-၆၈၅ဝဝဝဆက်သွယ်ရန် ဖုန်း-ဝ၁-၆၈ဝ၉၁ဝဘုရင့်နောင်မှာမတ်ပဲ (RC)နဲ့ ပဲစင်းငုံနီဈေးမာလာ                 ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC)နှင့် ပဲစင်းငုံနီ (RC) တို့ဈေးမာလာပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။ မတ်ပဲ(RC)ကို ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ ဝယ်လက်တွေက ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ် တန်ဖိုးဈေး အနည်းငယ်မြင့်လာတာရယ်၊ အိန္ဒိယမွန်ဘိုင်းဈေးကွက် မြန်မာ့ မတ်ပဲဈေးမြင့်လာတဲ့အပေါ် ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများ လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသာစွာမြင့်လာပြီး တစ်တန်ကို အနိမ့်ဆုံး ၆၅၃ဝဝဝ ကျပ်မှ အမြင့်ဆုံး ၇ဝ၃ဝဝဝ ကျပ် အတွင်း၊ တန် ၄၂၅၅ တန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ။ ပဲစင်းငုံနီကတော့ ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ ဝယ်လက် တွေက အရည်အသွေးအပေါ်မူတည်ပြီး လက်ရှိ ပေါက်ဈေးထက် ဈေးပိုပေးပြီး အဝယ်ရှိသလိုဝယ်အားပါသွက်လာတာကြောင့် ယခင် အပတန် စဲ့ ာရင ် ဈေးသိသိသာစွာာမြင့််တ့တက်လာပြီး တစ်တန်ကို အနိမ့် ဆုံး ၅၇ဝဝဝဝ ကျပ်မှ အမြင့်ဆုံး ၆၈၅ဝဝဝ ကျပ်အတွင်း တန် ၉၂ဝ ခန့်အဝယ်ရှိခဲ့တယ်လို့ပါတယ။် ဒီတစ်ပတ် ဘုရင့်နောင်ဈေးကွက်မှာ ထူးထူး ခြားခြား မတ်ပဲ (RC) နှင့် ပဲစင်းငုံနီ (RC) ကို  Export ဝယ်လက်တွေက အိန္ဒိယမှာ ရိုးရာလက်ထပ်ပွဲတော် နီးကပ် လာတဲ့အပေါ် ဈေးကွက်မှာ အပြိုင်အဆိုင် ဈေးပေးအဝယ်ရှိ သလို ဝယ်အားပါများလာတာကြောင့် မတ်ပဲ(RC)က ယခင် အပတ်နဲ့စာရင် တစ်တန်ကို ၄၄ဝဝဝ ကျပ်ခန့်ဈေးမာ လာသလို ပဲစင်းငုံနီ (RC) ကလည်း ယခင်အပတ်နဲ့စာရင် တစ်တန်ကို ၁၁ဝဝဝဝ ကျပ်ခန့် ဈေး မြောက်သွားတယ်လို့ ပဲကုန်သည်များက ဆိုပါတယ်။

Tuesday, 11 Jan 2011

မကွေးကုန်စည်ဒိုင်စဉ် အမျိုးအမည်             ရေတွက်ပုံ         ဈေးနှုန်း(ကျပ်)                  ပြောင်းလဲမှု                                              ယခင်အပတ်      ယခုအပတ်၁ ကုလားပဲ(တိုင်ပေ)         ၁ ပိဿာ        ၁၁၅၃          ၁ဝ၅၃၂ ပဲတီစိမ်းကြီး                 ၁ ပိဿာ        ၁ဝ၅ဝ         ၁ဝ၅၃၃ နှမ်းဖြူ                       ၁ ပိဿာ         ၁၆၂၂         ၁၅၇၈၄ ပဲစင်းငုံနီ(သစ်)             ၁ ပိဿာ         ၇၅ဝ            ၈၅ဝ၅ ပဲစင်းငုံကြား                 ၁ ပိဿာ        ၆၂၅            ၆၇၅  မကွေးမှာ ပဲစင်းငုံနီနဲ့ ကုလားပဲပုံမှန်အတွင်းအဝယ်ဖြစ်             ပဲစင်းငုံနီ(သစ်)ကဈေးကွက်သို့ အဝင်ရှိသလောက် ရန်ကုန် ဝယ်လက်နဲ့မြို့ခံလှောင်လက်ကုန်သည်များက ဝယ်အားပုံမှန်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီးတစ်ပိဿာကို ၈၅ဝ ကျပ် (တစ်တန်ကို ၅၂ဝ၅၃၁ ကျပ်)နဲ့နေ့စဉ်အိတ် ၁ဝဝ မှ ၂ဝဝ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ (တိုင်ပေ)ကို ပဲခွဲစက်လုပ်ငန်းရှင်များက တစ်ပိဿာကို ၁ဝ၅၃ ကျပ်(တစ်တန်ကို ၆၄၄၈၄၆ ကျပ်)နဲ့ ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ မြို့ခံပဲကုန်သည်တစ်ဦး က ဆိုပါတယ်။

Tuesday, 11 Jan 2011

ဘုရင့်နောင်ကုန်စည်ဒိုင်စဉ် အမျိုးအမည်             ရေတွက်ပုံ              (ပြည်ပရောင်း)              (ပြည်တွင်းရောင်း)                 ပြောင်းလဲမှု                                                               ယခင်       ယခု                  ယခင်       ယခု ၁ မတ်ပဲ(RC)                    ၁ တန်               ၆၃၄ဝဝဝ-၆၅၉ဝဝဝ                 -           -၂ မတ်ပဲ(ှSQRC)                ၁ တန်               ၇၈၅ဝဝဝ-၇၉ဝဝဝဝ                -           -၃ မတ်ပဲ(ကုန်ကြမ်း)           ၁ ပိဿာ                        -                             ၁ဝ၇ဝ-၁ဝ၈ဝ၄ ကုလားပဲဖြူလုံးကြီး         ၁ပိဿာ                         -                             ၁၁ဝဝ-၁၁၅ဝ၅ ပဲစင်းငုံနီ(သစ်)(RC)         ၁တန်                           -                          ၅၃ဝဝဝဝ-၅၇၅ဝဝဝဘုရင့်နောင်မှာမတ်ပဲ (RC) နဲ့ ပဲစင်းငုံနီ(RC)ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်              ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC)၊မတ်ပဲ(SQRC)နဲ့ ပဲစင်းငုံ(RC)တို့ဈေးမြင့်ပြီးအရောင်းအဝယ်ဖြစ်နေကြောင်းသိရပါတယ်။ မတ်ပဲ(ဲRC)ကို ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ ကုန်သည်ကြီးများနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက အရည်အသွေးအ ပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာ တို့ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်် လာပြီး တစ်တန်ကိုအနိမ့်ဆုံး ၆၃၂ဝဝဝကျပ်မှအမြင့်ဆုံး ၆၅၉ဝဝဝ ကျပ် အတွင်း ၁၂၆၅ တန် ခန့်အဝယ်ရှိခဲ့သလို မတ်ပဲ (SQRC)ကိုလည်း ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ ကုန်သည်ကြီးများက တစ်တန်ကို ၇၉ဝဝဝဝ ကျပ်နဲ့ တန် ၂၃ဝခန့် အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ(RC)ကတော့ ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည် များက ဝယ်အားသွက်နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိ သာစွာမြင့်လာပြီး တစ်တန်ကို ၅၇၅ဝဝဝ ကျပ်နဲ့ တန် ၃၄၅ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ နယ်ကုန်စည်ဒိုင်တွေမှာ ပဲစင်းငုံနီ(သစ်)တွေ လှိုင်လှိုင်မဝင်သေးပေ မယ့် ဈေးကွက်အဝင်ရှိသလောက် ရန်ကုန်ဝယ်လက်နဲ့ မြို့ခံလှောင် လက်တွေအဝယ်သွက်နေသလို ရောင်းသူကုန်သည်များလည်း ဈေး ကောင်းရနေတယ်လို့ ပဲကုန်သည်များက ဆိုပါတယ်။ 

Sunday, 2 Jan 2011

ဘုရင့်နောင်ကုန်စည်ဒိုင်စဉ် အမျိုးအမည်             ရေတွက်ပုံ            (ပြည်ပရောင်း)            (ပြည်တွင်းရောင်း)             ပြောင်းလဲမှု                                                                ယခင်     ယခု                  ယခင်           ယခု ၁ မတ်ပဲ(RC)                     ၁ တန်              ၆၁၈ဝဝဝ-၆၃၄ဝဝဝ                        -၂ မတ်ပဲ(SQRC)                 ၁ တန်              ၇၇ဝဝဝဝ-၇၈၅ဝဝဝ                       -၃ မတ်ပဲ(ကုန်ကြမ်း)            ၁ ပိဿာ                       -                           ၁ဝ၆ဝ-၁ဝ၇ဝ၄ ကုလားပဲဖြူလုံးကြီး          ၁ပိဿာ                        -                            ၁၁၅ဝ-၁၁ဝဝ၅ ပဲစင်းငုံနီ(သစ်)(RC)        ၁တန်                             -                       ၄၇ဝဝဝဝ-၅၃ဝဝဝဝဘုရင့်နောင်မှာ မတ်ပဲ (RC) ဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်                   ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲ(RC) နဲ့ ပဲစင်းငုံနီ(RC) (သစ်)တို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲ(RC) ကို ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ကုန်သည်များက အစောပိုင်းမှာ ဈေးပေးအဝယ်ရှိလို့ ၂၇-၁၂-၁ဝ နေ့မှာတစ်တန်ကို ၆၆၅ဝဝဝ ကျပ် ရှိရာက နောက်ပိုင်းမှာအိန္ဒိယမွန်ဘိုင်းဈေးကွက်တွင် ဒေသထွက်မတ်ပဲ (သစ်)များ ဈေးကွက်သို့ဝင်ရောက်နေမှုအပေါ် ဝယ်လက်ကုန်သည် ကြီးများက မြန်မာ့မတ်ပဲကိုတွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ၂၈- ၁၂-၁ဝ နေ့မှာတစ်တန်ကို ၆၄၂ဝဝဝ ကျပ်သို့ဈေးဆင်းခဲ့ပြီး ၂၉- ၁၂-၁ဝ နေ့မှာ တစ်တန်ကို ၆၂ဝဝဝဝ ကျပ်အထိ ထပ်မံဈေးကျခဲ့ကာ ၃ဝ-၁၂-၁ဝ နေ့မှာတော့ တစ်တန်ကို ၆၃၄ဝဝဝ ကျပ်သို့ ဈေးပြန်မြင့် လာတယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုပမာဏကတော့ တစ်ပတ်အတွင်း တန် ၂၈၅၁ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆို ပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီ၊ (RC) (သစ်) ကိုလည်း ပြည်ပတင်ပို့ ရန်ဝယ်ယူနေတဲ့ကုန်သည်များက ဈေးပေးအဝယ်ရှိသလို ဝယ်အားပါ များလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်တန် ကို ၅၃ဝဝဝဝ ကျပ်နဲ့ ၁၆၁ တန်ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်  လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။

Thursday, 30 Dec 2010

ဘုရင့်နောင်ကုန်စည်ဒိုင်စဉ် အမျိုးအမည်             ရေတွက်ပုံ     (ပြည်ပရောင်း)         (ပြည်တွင်းရောင်း)     ပြောင်းလဲမှု၁ မတ်ပဲ(RC)                  ၁ တန်         ၆၇၁ဝဝဝ-၆၁၈ဝဝဝ `         -၂ မတ်ပဲ(SQRC)              ၁ တန်         ၈၃ဝဝဝဝ-၇၇ဝဝဝဝ            -၃ မတ်ပဲ(ကုန်ကြမ်း)          ၁ ပိဿာ                 -                   ၁၁၄၅-၁ဝ၆ဝ၄ ကုလားပဲဖြူလုံးကြီး        ၁ပိဿာ                   -                   ၁၂၇၄-၁၁၅ဝ၅ ပဲစင်းငုံနီ(သစ်)(RC)       ၁တန်                     -                   - ၄၇ဝဝဝဝ                      -ဆက်သွယ်ရန် ဖုန်း-၀၁-၆၈၀၉၁၀ဘုရင့်နောင်မှာ မတ်ပဲ(RC)နဲ့ ပဲစင်းငုံနီ အရောင်းအဝယ်ဖြစ်             ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲ(RC) ၊ မတ်ပဲ(SQRC) နဲ့ ပဲစင်းငုံနီ(ွRC) (အသစ်)တို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ မတ်ပ်ပဲ(RC) ကို ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ကုန်သည်များ ကရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေ ဒေါ်လာတစ်ယူနစ်တန်ဖိုးဈေး ပြန်မြင့်လာပေမယ့် အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာ့မတ်ပဲဈေး ကျဆင်းနေတာကို အကြောင်းပြပြီး ဈေးနှိမ်ဝယ်ယူမှုတွေရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် မတ်ပဲ (RC) ဈေးကျဆင်းလာပြီး တစ်တန်ကိုအနိမ့်ဆုံး ၆၁၈ဝဝဝ ကျပ်မှအမြင့်ဆုံး ၆၅၃ဝဝဝ ကျပ် အတွင်း တန် ၂၈၇၅ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အလားတူ မတ်ပဲ (SQRC) ကိုလည်း ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ ကုန်သည်များက ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၇၆၆ဝဝဝ ကျပ်မှ အမြင့်ဆုံး ၈၁၂ဝဝဝ ကျပ်အတွင်း တန် ၁၄၄ဝ ခန့် အဝယ်ရှိခဲ့တယ်လို့ သိရပါ တယ်။ မတ်ပဲ(SQဲRC)က ဈေးကျပေမယ့် အရောင်းအဝယ်ဖြစ်မှုပမာဏက ယခင်အပတ်ထက်စာရင် တန် ၁ဝ၉၅ ခန့် ပိုများလာတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီ (RC)(အသစ်)ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များက တစ်တန်ကို ၄၇ဝဝဝဝ ကျပ်နဲ့ တန် ၁၁၅ ခန့် အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။

Thursday, 23 Dec 2010

ဘုရင့်နောင်မှာမတ်ပဲ (RC) ဈေးကျ            ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲ (RC) နဲ့ (SQRC) သာ အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့ပြီး ကျန်ပဲမျိုးစုံက အရောင်းအဝယ် အေးနေတယ်လို့သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်တွင်  မတ်ပဲ(RC)ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များက ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ပူနစ်တန်ဖိုးဈေးပြန်မြင့်လာပေမယ့် အိနိယ မွန်ဘိုင်းဈေးကွက်မှာ မြန်မာမတ်ပဲဈေးကျနေတာကိုအကြောင်းပြပြီး ေျးချဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသာစွာကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၆၇၁၀၀၀ ကျပ်မှ အမြင့်ဆုံး ၇၁၀၀၀၀ ကျပ်အတွင်း တန် ၃၀၅၉ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲ (SQRC) ကိုလည်း ပြည်ပတင်ပို့၇န် ဝယ်ယူနေတဲ့ ကုန်သည်များက ဈေးနှိမ်ပြီး အဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၈၃၀၀၀ ကျပ်အတွင်း တန် ၃၄၅ ခန့်အဝယ်ရှိခဲ့တယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ 

Tuesday, 14 Dec 2010

ဘုရင့်နောင်မှာမတ်ပဲ (RC) ဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ဖြစ်                 ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲ(RC)  ၊ မတ်ပဲ(SQRC) နဲ့ပဲစင်းငုံနီ (RC)တို့သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲ(RC) ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်ကြီးများက ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေး ဆက်တိုက်ကျဆင်းနေတာကို မူတည်ပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၇၁၈ဝဝဝ ကျပ်မှ အမြင့်ဆုံး ၇၂၅ဝဝဝကျပ်အတွင်း ၃၁ဝ၅တန် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရပါတယ်။ မတ်ပ ဲ(SQRC) ကိုလည်း ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ကုန်သည်များက တစ်တန်ကို အနိမ့်ဆုံး ၈၈၅ဝဝဝကျပ်မှ အမြင့်ဆုံး ၈၉၃ဝဝဝ ကျပ်အတွင်း တန် ၁၁ဝ၄ ခန့်အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင်ပဲစင်းငုံနီ (RC)ကိုလည်း ပြည်ပတင်ပို့ရန်ဝယ်ယူ နေတဲ့ ကုန်သည်များက တစ်တန်ကို ၄၇၅ဝဝဝ ကျပ်နဲ့ တန် ၁၁၅ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Thursday, 9 Dec 2010

ဘုရင့်နောင်မှာ မတ်ပဲ RC ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်                     ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ပဲမိုျးစုံရောင်းဝယ်တဲ့ကုန်သည်ကြီး များ ပုံမှန်လာရောက်ကြပြီး မတ်ပဲ (RC) နဲ့ မတ်ပဲ (SQRC) သာ အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲ (RC) ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ကုန်သည်ကြီးများက ရန်ကုန်ဈေးကွက် မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးအနည်းငယ်ကျဆင်း နေမှုအပေါ် ဈေးချဝယ်ယူမှုတွေရှိသလို ရောင်းသူကုန်သည်များက အရောင်းများနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၇၅၅ဝဝဝ ကျပ်မှ အမြင့်ဆုံး ၇၆၉ဝဝဝ ကျပ် အတွင်း တန် ၂၁၈၅ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ကုန်သည်ကြီးများက မတ်ပဲ (SQRC) တစ်တန်ကို အနိမ့်ဆုံး ၉၃ဝဝဝဝ ကျပ်မှ အမြင့်ဆုံး ၉၄၈ဝဝဝ ကျပ်အတွင်း ၇၅၉တန် အဝယ်ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေး အကျဘက်မှာရှိနေတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ပဲစင်းငုံနီ (RC) ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ကုန်သည်များက တစ်တန် ကို ၅၂၅ဝဝဝ ကျပ်နဲ့ ဈေးဖွင့်အဝယ်ရှိပေမယ့် ရောင်းသူကုန်သည် များက ဝယ်ယူတဲ့ဈေးကို မကြိုက်နှစ်သက်လို့ အရောင်းအဝယ်အေး နေတယ်လို့ သိရပါတယ်။

Pages