Main menu

Background

ကျပ်သန်း ၁၀၀၀ နီးပါး တင်ပို့နိုင်တဲ့ မြန်မာ့ပို့ကုန်

Thu, 07/02/2009 - 21:25 -- cjadmin

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်၊ ကုန်သွယ်ရေးဇုန်ကနေ ၂၀၀၉ ခုနှစ် ဇွန်လ ၁ ရက်က ၂၀ အတွင်း အများဆုံးတင်ပို့နိုင်ခဲ့တဲ့ မြန်မာ့ ပို့ကုန် (၅) မျိုးကတော့ သရက်ပြားခြောက်၊  ဆီးသီးခြောက်၊ ထန်းလျက်၊ ကြက်ဆူစေ့နဲ့ မိကျောင်းကွမ်းဖတ်စေ့တို့ ဖြစ်ပြီး တန်ချိန် ၃ ထောင်ကျော်၊ တန်ဖိုးကျပ်သန်း ၁၀၀၀ နီးပါး ရှိခဲ့ တယ်လို့ သိရပါတယ်။ သရက်ပြားခြောက်၊ ဆီးသီးခြောက်နဲ့ ထန်းလျက်ကိုတော့ မုန့်ပဲ သရေစာ ပြုလုပ်ရာမှာသုံးပြီး၊ ကြက်ဆူစေ့ကို တရုတ်တိုင်းရင်းဆေး ဖော်စပ်တဲ့နေရာမှာ အသုံးပြုတယ်လို့ သိရပါတယ်။ မြေလတ်ဒေသမှာ ကြက်ဆူကို တောင်သူတွေက စီးပွားရေးအသွင်ဆောင်ပြီး လယ်ယာနဲ့ နုန်းတင်မြေနုကျွန်းများမှာ လုပ်ကိုင်နေကြကြောင်း၊ ပြည်တွင်းပေါက်ဈေး ကြက်ဆူစေ့ ၁ တင်းကို၈၅၀ဝိ မှ ၁၀၀၀ဝိ အတွင်းရှိပြီး၊ မိကျောင်း ကွမ်းဖတ်စေ့ကို ခေါင်းလျှော်ရည်၊ အလှကုန်ပစ္စည်းနဲ့ အင်ဂျင်ဝိုင်လုပ်ရာ မှာ အသုံးပြုကြောင်း၊ ၁ ပိဿာကို ၁၀၀ဝိ မှ ၂၀၀ဝိ ထိဈေးရှိကြောင်းသတင်း ရရှိပါတယ်။ Source: မူဆယ်မော်မော်အောင်